Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ben Chaplin
7.6
The Thin Red Line (1998)
The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie
The Thin Red Line (1998)
1998
4K HEVC
7.8
The Remains of the Day (1993)
The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie
The Remains of the Day (1993)
1993
6.2
Dorian Gray (2009)
ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကိုလိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကိုနက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာကဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ဇာတ်လမ်းသဘောကတော့သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲအပေးအယူလုပ်မိသွားတဲ့ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာအဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေလန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာသူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာမအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီးမြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ....သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး....Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကိုအပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီးတကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့...( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။) File size… 1.74 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ..... Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai ...
movie
Dorian Gray (2009)
2009
6.1
Murder by Numbers (2002)
Murder by Numbers (2002)မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။)File Size : 3.4GB, 917MB, ...
movie
Murder by Numbers (2002)
6.3
The Legend of Tarzan (2016)
ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး ...
movie
The Legend of Tarzan (2016)
2016
4K HEVC
7.1
The Dig (2021)
The Dig (2021) ===========IMDb Rating - 7.1/10"ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxonsတွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ...
movie
The Dig (2021)
2021
6.9
Cinderella (2015)
ဒီဇာတ်ကားလေးကတော့ အားလုံးနဲ့ မစိမ်းတဲ့ Disney ရဲ့ စင်ဒရဲလားကားလေးပါ...Animation အဖြစ်အရင်ဆုံးထွက်ရှိခဲ့ပြီး၂၀၁၅ မှာ Live Action အနေနဲ့ထွက်ရှိခဲ့တဲ့ နာမည်ကြီးကားလေးလည်းဖြစ်ပါတယ်....ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Kenneth Branagh ကရိုက်ကူးထားပြီးတော့စင်ဒရဲလားမင်းသမီးလေးနေရာမှာတော့မင်းသမီး Lily James ကသရုပ်ဆောင်ထားပါတယ်...မင်းသားလေးနေရာမှာတော့ Richard Madden သရုပ်ဆောင်ထားပါတယ်...Rating အနေနဲ 6.9 အထိရရှိထားတဲ့ ဒီကားလေးကို ခရစ်စမတ်မရောက်ခင် ပြန်လည်ကြည့်ရှု့နိုင်ဖို့BluRay Quality တွေနဲ့တင်ဆက်ပေးလိုက်ပါတယ်... File Size : ( 2 GB , 988 MB , 372 MB )Quality : BluRay 1080p , 720p , 480pRunning Time : 1 hr 45 minFormat : Mp4Genre : Drama , Family , ...
movie
Cinderella (2015)
2015
6.4
The Water Horse (2007)
The Water Horse (2007) IMDb - 6.4/10_____Rotten - 74% The Water Horse: Legend of the Deepဒုတိယကမ္ဘာစစ်မီးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်နေခဲ့တဲ့အချိန် အင်္ဂလန်ရဲ့အစွန်အဖျား တောကျတဲ့ ပင်လယ်ဝက ရွာလေးတစ်ရွာမှာ လူငယ်လေးတစ်ယောက်ဟာ စစ်အတွင်း တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတဲ့ သူ့ရဲ့အဖေပြန်အလာကို နေ့တိုင်းစောင့်မျှော်ရှာနေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ဖခင်ကိုသူသတိရနေခဲ့သလို သူ့ရဲ့ ကျေးလက်ရွာငယ်လေးဟာလည်း စစ်ရဲ့ ကြမ်းတမ်းတဲ့အငွေ့အသက်ကို မသိမသာရော သိသိသာသာကြီးပါ ခံစားနေခဲ့ရပါပြီ။ဒီလူငယ်လေးဟာ ရေကြောက်တတ်တဲ့သူဖြစ်ခဲ့ပေမယ့် ရေပြင်ကျယ်ကြီးနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ခဲ့ဖို့လည်း ကုသိုလ်ကံပါလာခဲ့သူပါ။ ဒီဇာတ်လမ်းမှာထဲမှာ လှပတဲ့ ကျေးလက်ရှုခင်းများအပြင် စစ်အတွင်းကာလရဲ့ ဆိုးဝါးကြမ်းကြုတ်လှတဲ့ ကံတရားတွေ လူနဲ့တိရိစ္ဆာန်တွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို အလှပဆုံး ဖေါ်ကြူးထားခဲ့ပါတယ်။ ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းလှသလို ဇာတ်ကွက်ဇာတ်အိမ်ကလည်း သိပ်ကို ရိုးရှင်းလှပါတယ်...ဒါပေမယ့် သူ့ခေတ်သူ့အခါတုန်းက Box office: 103.1 million USD ဝင်ငွေပြန်လည်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး သိပ်ကိုလှပတဲ့ဇာတ်လမ်းလေးတစ်ခုလို့သတ်မှတ် ခံထားရတာပါ ။ Rating အနေနဲ့ကတော့ IMDb 6.4 ရရှိခဲ့ပြီး Rotten Tomatoes မှာ 74% ရရှိထားပါတယ်။ ဘာကြောင့် ခုလို ဝင်ငွေကောင်းပြီး ...
movie
The Water Horse (2007)
2007
6.2
London Boulevard (2010)
London Boulevard (2010)_____IMDb - 6.2/10 IMDb (6.2/10) မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။ ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာ ရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်။ Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီး အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား... ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား.. ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား...ဆိုတာကို ပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London ...
movie
London Boulevard (2010)
2010