Channel Myanmar

Beatrice Zeilinger

The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

Where Your Heart Belongs (2022) 5.5
Where Your Heart Belongs (2022)  မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre... Family, Romance Subtitle….Myanmar Subtitle ...
movie

Where Your Heart Belongs (2022)