Channel Myanmar

Bayoumi Fouad

Face to Face (2023) 7.6
Face to Face (2023) ကိုးရီးယားဒရာမာတွေထက် ပိုရှုပ်ထွေးတဲ့ဟာသ ဒရာမာဇာတ်လမ်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Face To Face ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်းအထက်တန်းလွှာမိသားစုနှစ်ခုရဲ့မျက်နှာချင်းဆိုင်ဒရာမာအားပြိုင်မှုတွေကိုတ၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်နေတဲ့လင်မယားနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီးသူတို့ရန်ဖြစ်ရတဲ့အကြောင်းအရင်းကတော့ လက်ရှိနေနေတဲ့အိမ်ကနေတခြားအိမ်ကိုပြောင်းမှာကို မိန်းမဖြစ်သူက သဘောမတူရာကစတာပဲ ဖြစ်ပါတယ်။မိန်းမဖြစ်သူက လစာကအိမ်ငှားခ တစ်လစာတောင်မရှိတဲ့ ရတောင်မရသေးတဲ့အလုပ်ကို ဒီအိမ်ကပြောင်းသွားရင် သွားရလာရမှာဝေးလို့မပြောင်းချင်တာရယ် ယောက်ျားဖြစ်သူကလည်း အိမ်ငှားခတွေစျေးကြီးလို့ ရှေ့လျှောက်မတတ်နိုင်တဲ့အတွက် ပြောင်းချင်နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ရန်ဖြစ်ကြရင်းနဲ့ ကနေအခြေအနေပိုဆိုးလာတဲ့အခါမှာတော့ အမေချစ်သမီးတို့ထုံးစံအတိုင်း မိဘတွေကိုလှမ်းခေါ်တိုင်ပါတော့တယ်။ဒီလိုပဲယောက်ျားဖြစ်သူဖက်က မိဘတွေကလည်းသတင်းကြားတာနဲ့အိမ်ကိုတန်းရောက်ချလာကြတော့တာပါပဲ။ဒီလိုနဲ့ လင်မယားနှစ်ယောက်တည်း ရန်ဖြစ်သောင်းကျန်းနေတဲ့အိမ်ကို နှစ်ဖက်မိဘစုံစုံလင်လင် ရောက်လာကြပါတော့တယ်။မိဘတွေရောက်လာလို့ ပြေလည်သွားမယ်တော့မထင်လိုက်ပါနဲ့။လူကြီးတွေရဲ့ထုံးစံအတိုင်း ဟိုပြိုင်ဒီပြိုင်နဲ့ ရန်ပွဲသေးသေးလေးကနေ ပိုပိုကြီးလာပြီး အဲ့ဒီ အိမ်ကနေပါ ပြန်ချင်တိုင်းပြန်လို့မရတဲ့ အခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီတစ်ညတာအတွင်း မိသားစုနှစ်ခုဘယ်လိုမျက်နှာချင်းဆိုင်ဘယ်လိုဒရာမာတွေခင်းပြီး ဖြတ်သန်းဖြေရှင်းကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.31GB / 659MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….2h Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw lay
movie

Face to Face (2023)

Mom Is Pregnant (2021) 5.7
Mom Is Pregnant (2021) ဒီတစ်ခါတော့ ဇာတ်ကားတွေထဲမှာ မြင်ရခဲဖြစ်တဲ့ အီဂျစ်မိသားစု ဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ် မိသားစုတစ်စုမှာ အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်တဲ့ ကလေးလေးတွေက အရေးပါလှပါတယ်ကာမယ် မိသားစုရဲ့ အိမ်ဆည်းလည်းလေးတွေဖြစ်တဲ့ သားနှစ်ယောက်ဟာအရွယ်ရောက်လာပြီး ပင်ကိုယ်စရိုက်တစ်မျိုးစီနဲ့ အိမ်ထောင်ပြုဖို့ကို စိတ်မဝင်စားကြပါဘူး မိဘတွေက သူတို့ရဲ့သားနှစ်ယောက်ကို အိမ်ထောင်ပြုပြီး တည်ငြိမ်တဲ့ဘဝလေးတွေကိုတည်ဆောက်ဖို့အတွက် အလိုရှိနေကြတာဖြစ်ပါတယ်သားနှစ်ယောက်ဟာ အိမ်ထောင်မကျတဲ့အဆုံးမှာ အဖေဖြစ်သူအစွမ်းပြလိုက်တဲ့အတွက် အမေဖြစ်သူဟာ အသက်ကြီးမှ ကိုယ်ဝန်ရသွားပါတယ်အမျိုးသားကျန်းမာရေး ဆရာဝန်ဖြစ်တဲ့ သားကြီး အာဆင်နဲ့ သားဆက်ခြားကမ့်ပိန်းကိုတာဝန်ယူဆောင်ရွက်နေတဲ့ သားငယ် ဘေဆင်တို့ဟာ သူတို့အမေရဲ့ကိုယ်ဝန်ကြောင့် အရမ်းကို အကြပ်ရိုက်သွားကြပါတော့တယ် အရွယ်လွန်မှရတဲ့ ကိုယ်ဝန်နဲ့ အမျိုးသားကျန်းမာရေးဆရာဝန်သားကြီး သားဆက်ခြားကမ့်ပိန်းကို ဆောင်ရွက်နေတဲ့ သားငယ်တို့ရဲ့ အလွဲတွေနဲ့ ကြည့်ရသူတိုင်း ပြုံးရွှင်စေမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် နောက်ဆုံးမှာ သူတို့ရဲ့အမေဟာ ဘာလေးမွေးမလဲဆိုတာကိုတော့ အားလုံးပဲ လိုက်ပါစီးမြောခံစားကြည့်လိုက်ပါဦး File size…1.8GB / 950MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & BpL
movie

Mom Is Pregnant (2021)

2022