Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Barun Chanda
7.1
Trial Period (2023)
Trial Period(2023) ------------------ IMDb-7.2/10အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Aditi~Zwe~Cherry
movie
Trial Period (2023)
7.5
Mrs. Chatterjee Vs Norway (2023)
Mrs Chatterjee Vs NorwayIMDb-7.4/10 Rotten Tomatoes-15%ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့ အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ် ဒေဘီကာတို့ဇနီးမောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါ အနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်း ယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ်အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ် အဲဒီအထင်နဲ့ပဲ ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ်လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့် လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲ အင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကို တစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.79GB / 812MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ThaikSan~Nyein~Sai
movie
Mrs. Chatterjee Vs Norway (2023)
7.5
Chor Nikal Ke Bhaga(2023)
Chor Nikal Ke Bhanga(2023) *****************************************IMDb-8/10Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ဇာတ်လမ်းအကျဉ်းသက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San
movie
Chor Nikal Ke Bhaga(2023)
2023
7.4
Lootera (2013)
IMDb Rating(7.4)မင်းသား ရမ်ဗီးဆင်းနဲ့ မင်းသမီး ဆိုနာရှီးတို့ရဲ့ ဒီဇာတ်ကားက အချစ်ဒရမ်မာ ဟဲဗီးကြိုက်သူတွေအတွက်ဖြစ်ပါတယ်။ရုပ်ရှင်ထဲက လေးနက်တဲ့ ဇာတ်ဝင်ခန်းတချို့မှာ သရုပ်ဆောင်ချက်ပီပြင်ဖို့အတွက် ရမ်ဗီးဆင်းဟာ သူ့ကိုယ်သူ တွယ်ချိတ်နဲ့ ထပ်တလဲလဲ ထိုးပြီး သရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ကြုံဖူးကြလား။ ဧည့်သည်တစ်ယောက်အဖြစ် ကိုယ့်ဘဝထဲကိုဝင်ရောက်လာ..။အတူတူသွား အတူတူစား တစ်ချို့နေရာတွေမှာ အတူတူနားဖြစ်ကြရင်းက နှလုံးသားချင်းနားလည် မျက်လုံးချင်းစကားတွေ အပြန်အလှန်ပြောပြီးမှ..။ သူ့ဘက်က (ကိုယ်ဘာအမှားမှ မလုပ်မိပါဘဲ) ရုတ်တရက်စိမ်းကားအေးစက်သွားတဲ့အခါ..။ဒီရုပ်ရှင်ဟာ ၁၉၅၃ ကိုအခြေခံပါတယ်။ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုသေသနသမားကောင်လေး တစ်ယောက် မဏိပူပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ မြေပိုင်ရှင် တစ်ယောက်ဆီကို သူတို့ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေရှိတယ်။ လေ့လာတူးဖော် ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တယ်။ သူ့မှာစာရွက်စာတမ်းတွေ အခိုင်အမာ စကားပြောကြည့်ရင်း သူ့အသိဉာဏ် အပြုအမူတွေကို သဘောကျလာတော့ မြေပိုင်ရှင် အဘိုးကြီးဟာ တည်းခိုခန်းကနေ သူ့အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်ရင်းနှီးလိုက်မိတယ်။ဘယ်သူစိမ်းကိုမှ မတွေ့ကြုံဖူးတဲ့ သူဌေးသမီး ...
movie
Lootera (2013)
1080p HEVC
8.1
Toolsidas Junior (2022)
Toolsidas Junior (2022) အညွှန်း ဒီတစ်ခါမှာတော့ အိန္ဒိယကားကောင်းတွေကိုပဲ စောင့်မျှော်ကြည့်ရှုတတ်တဲ့သူတွေအဖို့ အားကစားနဲ့ပတ်သက်တဲ့ ကားကောင်းလေးထပ်မံ ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားကတော့ ဘိလိယက်အားကစားကိုအခြေခံတဲ့ စနူကာကစားသမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးဇာတ်ကားဖြစ်တဲ့ "Dangal" တို့လို မိဘကတိုက်တွန်းလို့ မဖြစ်မနေ စလုပ်ရတာမျိုးမဟုတ်ဘဲ သားအဖကြားမှာရှိတဲ့ မေတ္တာကြောင့် ကိုယ်တိုင်ကိုက လိုလိုချင်ချင်နဲ့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပုံစံကို တွေ့မြင်ရမှာဖြစ်လို့ သားအဖကြားကအချစ်အပြင် ဆရာနဲ့တပည့်ကြားက ၅၂၈ မေတ္တာကိုပါ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ထိထိမိမိ ခံစားရမှာဖြစ်ပါတယ်။ "ငါ့သားအတွက်ပဲ ငါပြိုင်ပွဲဝင်နေတာ" လို့ကြွေးကြော်တတ်တဲ့ စနူကာကစားသမားတစ်ယောက်ဖြစ်သူ "တူလ်ဆီးဒက်စ်"၊ သူကြွေးကြော်သလိုပဲ သူပြိုင်သမျှပွဲတွေဆို မလွတ်တမ်းလိုက်စောင့်ကြည့်တတ်တဲ့ သူ့ရဲ့သားငယ်လေး "မီဒီ" ...၁၉၉၄ ခုနှစ် ပြိုင်ပွဲစဉ်မှာတော့ ကတိပေးထားသလို သူ့အဖေက ဆုဖလားကို မရယူနိုင်တဲ့အကြောင်းရင်းဟာ ပြိုင်ဖက်ဖြစ်သူက ၅ နှစ်ဆက်တိုက်ချန်ပီယံဖြစ်နေတဲ့ "ဂျင်မီ တန်ဒန်" ရဲ့စနက်ဆိုတာကို မီဒီလေးသိသွားတဲ့အခါ ...သူကိုယ်တိုင် အဖေဖြစ်သူအတွက် ဆုဖလားယူပေးချင်စိတ်တွေဖြစ်ပေါ်လာပြီး "တူလ်ဆီးဒက်စ် ...
movie
Toolsidas Junior (2022)
2022
7.0
Bob Biswas (2021)
Bob Biswas (2021)============================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Bob Biswas လို့အမည်ရတဲ့ crime thriller ရုပ်ရှင်အမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးကတော့ 2012 ခုနစ်မှာ ရိုက်ကူးခဲ့တဲ့ Kahaani အမည်ရတဲ့မှုခင်းရုပ်ရှင်ရဲ့ Spin-off အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတာ ဖြစ်ပါတယ်ဒါ့အပြင် ရုပ်ရှင်နာမည်က Bob Biswas ဆိုတဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘော့နေရာမှာသရုပ်ဆောင်ထားသူကတော့ အားလုံးချစ်ကြတဲ့ နာမည်ကျော်မင်းသား အမီတာဘချန်းရဲ့ သားဖြစ်သူအာဘီရှက်ခ်ဘချန်းက သရုပ်ဆောင်ထားမလို့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေးကို မတိုမရှည်နဲ့ စလိုက်ကြရအောင်ယခင် 2012 က ထွက်ရှိထားတဲ့ Kahanni ရုပ်ရှင်ထဲမှာ ကားတိုက်ခံလိုက်ရတဲ့ ဘော့တစ်ယောက်ယခုထွက်ရှိလာတဲ့ Bob Biswas ရုပ်ရှင်ထဲမှာတော့ ၈ နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာခဲ့ပါပြီကိုမာကနေ ပြန်လည်နိုးထလာခဲ့ပေမဲ့ ဘော့ဟာ ...
movie
Bob Biswas (2021)
2021
1080p HEVC