Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bardia Salimi
Free Time (2023)
ဒရူးဆိုတဲ့လူတစ်ယောက်က အသက် ၃၀ နားကိုကပ်နေပြီဖြစ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ယောက်ပါ။ တစ်ရက်မှာ ဒရူးဟာ သူ့ဘ၀မှာ မခံစားဖူးသေးတဲ့လွတ်လပ်မှုရဲ့အရသာကို ခံစားကြည့်ဖို့ရာ နှစ်တစ်နှစ်ရဲ့အလုပ်အများဆုံးအချိန်ကြီးမှာ သူ့ရဲ့ မနက် ၉ ည ၅ ကုမ္ပဏီ၀န်ထမ်းအလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒရူးက တီးဝိုင်းတစ်ခုမှာလည်း ကီးဘုတ်တီးပါတယ်။ ကုမ္ပဏီကထွက်ပြီးတဲ့နောက်မှာ ဒရူးဟာ ကုမ္ပဏီ၀န်ထမ်းဘ၀တုန်းကမလုပ်ခဲ့ရတဲ့အရာတွေကို စလုပ်ကြည့်ပါတယ်။ ညဖက် မမူးမချင်း ဘားတစ်ခုပြီးတစ်ခုပြောင်းထိုင်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းတာ၊ မနက်ခင်းမှာ မြစ်ကမ်းနားကို စက်ဘီးစီးထွက်တာ စသဖြင့်ပေါ့။ဒါပေမဲ့ ရက်အနည်းငယ်ကြာလာတော့ တသက်နဲ့တကိုယ် အလုပ်နဲ့အကိုင်နဲ့ဖြစ်လာခဲ့တဲ့ ဒရူးတစ်ယောက်ဟာ သူအလုပ်ထွက်လိုက်ရတဲ့ရည်ရွယ်ချက်ကို နားလည်ဖို့ရာခက်လာပါတော့တယ်။ဆိုလိုချင်တာက သူဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာပါ။ သူနဲ့သက်တူရွယ်တူ သူငယ်ချင်းတွေက မနက် အလုပ်ကိုယ်စီနဲ့ အလုပ်ခွင်တွေမှာ ဆက်ကျင်လည်ပြီး ပိုက်ဆံရှာနေကြဆဲအချိန်မှာ သူကတော့ အသက် ၃၀ နားကပ်ခါနီးအရွယ်ရောက်မှ ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်လာတဲ့အလုပ်ကနေထွက်ပြီး အလုပ်လက်မဲ့ဖြစ်နေတာကို သဘောပေါက်သွားတဲ့အချိန်မှာတော့ သူ့မှာရှိနေတဲ့လွတ်လပ်မှုကို သူပျော်ပျော်ကြီးဆက်ခံစားနိုင်ပါဦးမလား၊ အများသူငှာလိုပဲ ကြွက်ပြေးလမ်းထဲပြန်၀င်ဖို့ရာကြိုးစားရတော့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(1.6 ...
movie
Free Time (2023)
7.0
Problemista (2023)
အယ်လီဟန်ဒရိုဟာ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလ်ဆာဗိုဒေါကနေ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့ပါတယ် သူ့ရဲ့အိမ်မက်ကဝောာ့ အရုပ်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီး အလုပ်လျှောက်တဲ့အခါမှာတော့ သူဟာ အငြင်းခံခဲ့ရပါတယ် ။ဒီလိုနဲ့ ရရာအလုပ်ကိုလုပ်ရင်း အယ်လီဟန်ဒရိုဟာ အလုပ်ဗီဇာရရှိနိုင်ရေးအတွက် ကြိုးစားနေရတာပါ။ သူဟာ အလုပ်ဗီဇာရရှိမှ အမေရိကမှာ ဆက်နေလို့ရမှာဖြစ်ပြီး မရခဲ့ရင်တော့ သူ့ရဲ့ မွေးရပ်မြေကို ပြန်သွားရမှာပါ အခွင့်အလမ်းတွေရချင်လို့ နိုင်ငံခြားကိုထွက်လာပြီး အဆင်မပြေမှုပေါင်းများစွာကြားထဲက အယ်လီဟန်ဒရိုတစ်ယောက် ဘယ်လိုရုန်းကန်သွားမှာလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.8 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Problemista (2023)
First Time Female Director (2023)
First Time Female Director (2023)Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက် ၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့ Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။ တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။ Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက် သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူ ဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီး နေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို ...
movie
First Time Female Director (2023)
2023