Channel Myanmar

Barbara West

Breaker Morant (1980) 7.8
Breaker Morant (1980)  IMDb - 7.8/10ဒုတိယဗိုးဝါးစစ်ပွဲမှာ ဗိုလ်ကြီးမိုရန့်နဲ့ ဩစတေးလျသားဗိုလ်ကြီးနှစ်ယောက်တို့ စစ်ခုံရုံးတင်ခံရတဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အာဖရိကတောင်ပိုင်းက ဗိုးဝါးပြည်နယ်တွေဖြစ်တဲ့ ဩရိန်းဖရီးပြည်နယ်၊ ထရန်စဗားပြည်နယ်တို့နဲ့ ဗြိတိသျှအစိုးရတို့ ၁၈၉၉ခုနှစ်ကနေ ၁၉၂ဝခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲကို ဗိုးဝါးစစ်ပွဲလို့ခေါ်ပါတယ်။ ဒီစစ်ပွဲကို တောင်အာဖရိကစစ်ပွဲလို့လည်း ခေါ်ကြတယ်။ ဗိုးဝါးဆိုတာ ဒတ်ချ်ဘာသာစကားနဲ့ လယ်သမားကိုခေါ်တာပါ။၁၇၉၆ခုနှစ်မှာ အာဖရိကတိုက်ကဗိုးဝါးတွေရဲ့ ဒေသသစ်တွေကို အင်္ဂလိပ်တွေနယ်ချဲ့ကြတယ်။ ဒီမှာပဲ စစ်ပွဲဖြစ်တယ်ပေါ့။ စစ်ပွဲအတွင်း ဗိုလ်ကြီးမိုရန့်အပါအဝင် ဗိုလ်ကြီးသုံးယောက် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ခုံရုံးတင်ခံရပါတယ်။သူတို့တွေ စစ်ခုံရုံးမှာ အမှုရင်ဆိုင်ရတာတွေနဲ့ စစ်ပွဲအတွင်းတွေ့ကြုံရတာတွေအပြင် နိုင်ငံရေးလှည့်ကွက်တွေကို အချိုးညီညီရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.3 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Breaker Morant (1980)

The Babadook (2014) 6.8
The Babadook (2014) Genre – Drama, Horror, Mystery IMDB – 6.8/10ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mystery အမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။Horror ကားကောင်းတွေရှားတဲ့အနေအထားမှာ လွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာ Single Mom တစ်ဦးဖြစ်ပြီး သူ့သားလေး ဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။ သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ ၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိ ကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကို အရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်း ယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း "မစ္စတာဘာဘာဒေါ့ခ်"လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။ အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာ ကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။ သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။ ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊ သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်း အချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာက အတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ သိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့် ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။File size…    1.3 GB /  637 ...
movie

The Babadook (2014)

The Babadook (2014) 6.8
The Babadook (2014) The Babadook (2014)IMDb - 6.8/10_____Rotten - 98%အော်စကာဆုရှင် ဒါရိုက်တာ ဝီ လျံဖရိုင်ကင်က ဩစတြေးလျ ထိတ်လန့် ရင်ဖိုဇာတ်ကား Babadook သည် သူ့တစ်သက် ကြည့်ဖူးသမျှထဲ တွင် ကြောက်စရာ အကောင်းဆုံး ဇာတ်ကားဖြစ်သည်ဟု ပြောဆိုလိုက်သည်။သူ၏ တွစ်တာအကောင့်တွင် THE BABADOOK လို ကြောက်စရာကောင်း တဲ့ ကားမျိုး တစ် ခါမှကို မကြည့်ဖူးဘူး ။ သေမတတ် ကြောက်စရာကောင်းတယ် ဟု ရေးသားခဲ့သည်။ ကြောက်စရာ ဇာတ်ကား များကိုဖန်တီသူ စတီဖင်ကင်း ကလည်း ပြီး ခဲ့သည့်အပတ်က အလားတူ ပြော ကြားခဲ့သည်။ တကယ့် ကို ကြောက်စ ရာကောင်းတဲ့ကားပါ။ မကြည့်ရဲရင် မကြည့်နဲ့။ အသံကြား တာနဲ့တင် ကြောက်စရာ အတော်ကောင်းနေပြီ ဟုဆိုသည်။Babadook ဇာတ်ကားမှာ ဩစ ...
movie

The Babadook (2014)

2014