Channel Myanmar

Barbara Niven

Tiger Cruise (2004) 5.8
Tiger Cruise (2004) Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူအချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကိုခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကိုအပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေနေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။  ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှုဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက်ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့အညွှန်းနဲ့ ...
movie

Tiger Cruise (2004)

Carrot Cake Murder: A Hannah Swensen Mystery (2023) 6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Carrot Cake Murder: A Hannah Swensen Mystery (2023)

One Bad Apple: A Hannah Swensen Mystery (2024) 6.6
One Bad Apple: A Hannah Swensen Mystery (2024)  Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့One Bad Apple: A Hannah Swensen Mysteryရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာမှထွက်ရှိထားတာဖြစ်ပြီးဟန်နာရဲ့စိတ်ဝင်စားစရာမုန့်လုပ်နည်းတွေကိုဟန်နာနဲ့အတူလူသတ်မှုကိုလိုက်ပါစုံစမ်းရင်းစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Shannon Kohli က ရိုက်ကူးပေးထားပြီးရုပ်ရှင်ကိုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Alison Sweeney ကဟန်နာအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဟန်နာဆွမ်ဆင်ဟာ မြို့ကကောလိပ်မှာ မုန့်ဖုတ်သင်တန်းတစ်ခုသင်ပြပေးဖို့ဖြစ်လာခဲ့ပြီး တစ်ရက်မှာတော့ သူ့အတန်းမှာသုံးတဲ့ပစ္စည်းကိရိယာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။မီးသတ်ဌာနက မတော်တဆမှုလို့ကောက်ချက်ချခဲ့ပေမယ့်သိပ်မကြာခင်မှာပဲ ဟန်နာရဲ့လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနဲ့ဆက်စပ်နေတယ်လို့ယူဆစရာဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတွေ၊မိသားစုဝင်တွေရဲ့အကူအညီနဲ့ ဟန်နာတစ်ယောက် မှုခင်းရဲ့သဲလွန်စလေးတွေကို လိုက်လံဆက်စပ်စုံစမ်းရပါတော့တယ်။ File size…1.65GB / 722MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

One Bad Apple: A Hannah Swensen Mystery (2024)

Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
North to Home (2022) 7.5
North to Home (2022) North to Home (2022) မြန်မာစာတန်းထိုး********************************** ဒီကားလေးက မိသားစုနဲ့ အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဟန်နာ၊ ဘက်သ်နဲ့ ပိုစီဆိုတဲ့ ညီအစ်မ ၃ ယောက် အကြောင်းရိုက်ထားတဲ့ ဇာတ်ကားလေးပါ။တကယ်တော့ သူတို့ ကလေးဘဝက အင်မတန် ဆိုးရွားခဲ့ပါတယ်။ မိဘအရင်းတွေက တောင်တက်ပြီး နှင်းမုန်တိုင်းနဲ့ သေသွားခဲ့ကြတယ်။ အဲ့လိုနဲ့ သူတို့အမေအရင်းရဲ့ အချစ်ဆုံး ဆူဇန်းတို့ လင်မယားက မတော်တဆမှုက သူတို့ မပါလို့ ဖြစ်ရတာလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း သူတို့လေး ၃ ယောက်ကို မွေးစားပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။ညီအစ်မ ၃ ယောက် အမေ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ပွဲလေးလုပ်ဖို့ မိဘအိမ်ကို ပြန်လာကြတဲ့အခါ ဘယ်လို အခက်အခဲတွေ ဘယ်လို စိတ်ခံစားမှုတွေကို ကြုံတွေ့ရမလဲ။ဆောင်းတွင်းလေး စောင်ထဲကွေးပြီး ကြည့်ရင်း မျက်ရည်ကျရမယ့် ဇာတ်ကားလေးပါပဲ။ဒီကားလေးကို ကြည့်ရင်း “မိသားစု” တန်ဖိုးကို ...
movie

North to Home (2022)

2022
A Perfect Ending (2012) 5.9
A Perfect Ending (2012) A Perfect Ending ဇာတ်ကားကတော့2012ခုနှစ်မှာ DirectorးWriter : Nicole Connရိုက်ကူးထားတဲ့ 18+ ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့မင်းသမီး Barbara Niven,Jessica Clark တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အိမ်ထောင်ရေးတစ်ခုမှာအချစ် သံယောဇဉ် သစ္စာတရားတို့က အရေးကြီးသလိုလိင်ကိစ္စကလည်း အနည်းနဲ့အများတော့အရေးပါ ပါတယ်။လိင်ဆက်ဆံသူနှစ်ဦးမှာ တစ်ဦးကသားဆန္ဒပြီးမြောက်ပြီး ကျန်တစ်ဦးက မပြီးမြောက်စေခဲ့တာဟာအချိန်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးဖောက်ပြန်မှု့ကိုအနည်းငယ် လှုံ့ဆော်မှု့ပေးစေပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့အသက်40ကျော်အရွယ် ကလေးများနှင့်အမေဟာသူ့ဘဝသက်တမ်းတစ်လျောက်မှာ တစ်ခါမှတောင်ဆန္ဒမပြီးမြောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် သူဟာ အသက်40 အရွယ်ရောက်တာတောင်ဆန္ဒပြီးမြောက်ခြင်းအရသာကို မခံစားဖူးတာကြောင့်ယောကျာင်္းအပေါ ်သစ္စာဖောက်ခြင်းလည်းမဖြစ်အောင် မိန်းမလိင်ဆက်ဆံဖော်ကို ငြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ငြားခဲ့တဲ့ လိင်ဆက်ဆံဖော်ကသူ့ထက်အသက်အများကြီးငယ်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ရှု့စားကြပါတေ့ာ.....။ဒီဇာတ်ကားကို 18+အနေနဲ့မဟုတ်ဘဲအိမ်ထောင်ရေးတစ်ခုအကြောင်းကိုနားလည်သဘောပေါက်စေရန် တင်ဆက်ထားခြင်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ IMDb rating 5.8 ရရှိထားတဲ့Drama,Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(999 MB) and (420 MB) Quality…BR-Rip 1080p Format…mp4 Duration….01:50:25 Subtitle….Myanmar Subtitle (Hardsub)Encoded by Naing Aung Latt 
movie

A Perfect Ending (2012)

2012