Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bambang Paningron
6.0
Trinil (2024)
ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie
Trinil (2024)
8.8
Layar (2023)
Layar ( 2023 ) ===========အန်နီဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အမေ သူ့ကိုမွေးတဲ့ အချိန်မှာ ရုပ်ရှင်ကြမ်းပိုး သူ့အဖေက သူ့အမေနားမရှိနေဘဲ ရုပ်ရှင်ရုံကိုသွားနေခဲ့တာကြောင့် သူဟာ မွေးကတည်းက ရုပ်ရှင်တွေကို မုန်းတဲ့လူအဖြစ် မွေးလာတယ်။ ရုပ်ရှင်တွေကိုချစ်တဲ့ သူ့အဖေက သူ့ကို ရုပ်ရှင်ရုံကို လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ သူက တစ်ခါမှ မလိုက်ခဲ့ဘူး။ တီဗီမြင်ရင် တီဗီကို တုတ်နဲ့ရိုက်ချင်တဲ့အထိ ရုပ်ရှင်ကို မုန်းတဲ့ပိုးက သူ့မှာပါလာခဲ့တယ်။ဒါက သူ့အဖေမဆုံးခင်အထိပေါ့။ သူ့အဖေဆုံးသွားတဲ့နောက် သူ့အဖေချစ်တဲ့ ရုပ်ရှင်တွေကို သူ့အဖေ ဘာလို့ ဒီလောက်ချစ်နေလဲသိရအောင် အဖြေရှာဖို့လုပ်ရင်း ရုပ်ရှင်တွေသွားသွားကြည့်ရာက ရုပ်ရှင်တွေချည်းဆက်တိုက်ကြည့်နေမိပြီး သူလည်း ရုပ်ရှင်ကြမ်းပိုဖြစ်လာခဲ့တယ်။ နောက်ဆုံး ရုပ်ရှင်အမြဲကြည့်နေရအောင် ရုပ်ရှင်ရုံမှာ အလုပ်လုပ်ခဲ့တဲ့အထိ သူက ရုပ်ရှင်တွေကိုချစ်ခဲ့တယ်။ဒီလိုနဲ့ ကိုဗစ်ကာလရောက်လာတဲ့အချိန် ရုပ်ရှင်ရုံတွေ အားလုံးပိတ်လိုက်ရတယ်။ ရုပ်ရှင်ရုံမှာ အလုပ်လုပ်နေတဲ့သူတွေ ရုပ်ရှင်ရုံကို အမီပြုပြီးနေနေရသူတွေလည်း အခက်တွေ့ကုန်ကြတယ်။ အန်နီတို့ရဲ့ နယ်ဘက်ကျေးဘက်က ...
movie
Layar (2023)
6
Maghrib Time (2023)
Waktu Maghrib (2023)အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။ သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။ မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ် နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။ အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။ အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။ အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။ အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။ နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 637MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Maghrib Time (2023)
2023
6.7
Garis Waktu (2022)
Garis Waktu (2022) ------------------------------- IMDb 6.7/10အချစ်တွေသာစစ်ရင် ဘယ်လိုပဲ အခက်အခဲအတားအဆီးတွေနဲ့ အထင်လွဲမှုတွေ ကြုံလာကြုံလာ မဝေးကြစမြဲဆိုတာ ချစ်ဖူးသူတိုင်း သိကြမှာပါ..... ဒီတခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုပါပဲ...ငယ်စဉ်ကတည်းက မိဘရဲ့အစီအမံတွေကြား ချုပ်ချယ်မှုတွေကြီးပြင်းခဲ့ရတဲ့ ဧပရယ်............မိဘမဲ့ဘဝနဲ့ ပရဟိတစာသင်ကျောင်းမှာ ကြီးပြင်းလာပြီး ဘဝကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ် ပျော်ပျော်နေတတ်တဲ့ အပျော်တမ်းအဆိုတော်လေး ဆီနမ်ဒီကာ....ဘောင်တွေ အဆင့်အတန်းတွေ မတူညီတဲ့သူတိုနှစ်ဦးသားဟာ တနေ့မှာတော့ လမ်းဘေးတနေရာမှာ အမှတ်မထင်ဆုံခဲ့ပြီး စွတ်ပျံ့ကြည်နူးဖွယ် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်တွေနဲ့ ဇာတ်လမ်းလေးတပုဒ် ဖြစ်တည်လာခဲ့ပါတယ်.....အစပိုင်း ကြည်နူးမှုတွေ အလယ်ပိုင်းရင်ခုန်စရာတွေ အဆုံးပိုင်း ဝမ်းနည်းကြေကွဲမှု ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ပိတ်ရက်မှာ အနားယူအေးဆေးကြည့်လိုကောင်းမယ့် ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 900MB Quality…1080p DSNP WEB DL /720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Moment
movie
Garis Waktu (2022)
2022
6.2
Satria Dewa: Gatotkaca (2022)
Satria Dewa: Gatotkaca (2022) ====================== IMDb Rating - 6.2/10အင်ဒိုနီးရှားဟာလည်း ကိုယ်ပိုင် စူပါဟီးရိုးတစ်ကောင်ကို အတွဲလိုက် ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မိုဘိုင်းလဲဂျန်းဂိမ်းကစားသူတွေကတော့ ဒီစူပါဟီးရိုးနာမည်ကို ကြားဖူးမှာပါ။ ဂါတို့ကာ့ကြာပါပဲ။ ဒီဇာတ်လမ်းဟာ ရာမာယနလိုပဲ နာမည်ကြီး ပြဇာတ်ကြီးတစ်ခုဖြစ်တဲ့ မဟာဘာရာတာ ဇာတ်ကိုအခြေခံထားတာပါပဲ။ပန်ဒါဝါ တွေနဲ့ ကူရာဝါမျိုးနွယ်တွေဟာ ခရစ်တော်မပေါ်ခင်နှစ် ၃၀၀၀ လောက်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပါတယ်။ ကူရာဝါတွေဟာ ဖျက်ဆီးချင်း လုယူချင်းဗီဇရှိသူတွေဖြစ်ပြီး၊ ပန်ဒါဝါတွေကတော့ ဗီဇကောင်းရှိသူတွေဖြစ်ခဲ့ တာကြောင့် နတ်ဘုရားတွေဟာ စစ်ပွဲမှာ ပန်ဒါဝါတွေကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားတွေကိုဆန့်ကျင်ပြီး ကူရာဝါတပ်မှူး အဆွာတာမဟာ ပြန်တိုက် ခဲ့တာကြောင့် ထာဝရအကျဉ်းချခြင်းကိုခံလိုက်ရပါတော့တယ်။အဲဒီသမိုင်းကနေ ဒီနေ့ခေတ်ကိုအရောက်မှာတော့ ကူရာဝါမျိုးဆက်တွေဟာ ပန်ဒါဝါမျိုးဆက်တွေကို လိုက်သတ်ပြီး သူတို့ရဲ့ သခင် အဆွာတာမကို ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ ပန်ဒါဝါတွေအကုန်သေဆုံးပြီး အဆွာတာမလွတ်မြောက် လာမှာကို တားဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ပန်ဒါဝါတွေရဲ့ ကယ်တင်ရှင် ဂါတို့ကာ့ကြာအဖြစ် စွမ်းအားရှင်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒီဂါတို့ကာ့ကြာ အသစ်ဟာ အစွမ်းတွေဘယ်လိုရပြီးဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 ...
movie
Satria Dewa: Gatotkaca (2022)
2022