Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Balasaravanan
6.2
Hit List (2024)
Hit List (2024) "အပြစ်ဒဏ်"IMDb 6.2ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲမညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.05GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Hit List (2024)
2024
5.8
Inga Naan Thaan Kingu (2024)
Inga Naan Thaan Kingu 2024 (ငါသည်သာ တစ်ဦးတည်းသောဘုရင်)IMDb- 5.9/10 ဒီတစ်ခါမှတော့ မိန်းမရှာပုံတော်ထွက်ရင်း တလွဲတွေဖြစ်ရတဲ့ ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မွမ်ဘိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးတော့ လူရာနဲ့ချီသေဆုံးရပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်သမားတွေကြောင့်ဖြစ်တာလို့ ရဲဘက်မှ ကြေညာထားပြီး နောက်ထပ် ဗုံးပေါက်ကွဲမှုက ချန်နိုင်းမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အချိန်မှာ အိမ်တစ်လုံးပိုင်ဆိုင်ပြီးရင် အိမ်ထောင်ပြုရတယ်ဆိုတဲ့ အဆိုစကားကြောင့် ဗီထရီဟာ သူငယ်ချင်းဖြစ်သူဆီကနေ ပိုက်ဆံ၂၅သိန်းချေးပြီး အိမ်ဝယ်လိုက်ပေမယ့် လူပျိုကြီးပဲဖြစ်နေတုန်းပါပဲ။အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအနေနဲ့ အိမ်ဝယ်လို့ အကြွေးတင်နေတဲ့ ၂၅သိန်းရမှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ဘက်လိုက်ရှာပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ အောင်သွယ်နဲ့ရှာတာ အဆင်မပြေတဲ့နောက် ကိုယ်တိုင်အောင်သွယ်အေဂျင်စီတစ်ခုမှာ အလုပ်ဝင်ရင်း ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အောင်သွယ်ဆီကနေ ရာသီနာပူရီဂျာမင်က တော်ဝင်မိသားစုဆီကနေ ကမ်းလှမ်းချက်ရလာတယ်ပြောလို့ သွားတွေ့ရာကနေ ချက်ချင်းပဲ အိမ်ထောင်ပြုဖို့ ဖြစ်လာရင်းနဲ့ ....... ဗီထရာရဲ့ အိမ်ထောင်ဖက်နဲ့ရော ဘယ်လိုဆက်ဖြစ်မလဲ ....ဗုံးပေါက်ကွဲမှုတွေနဲ့ ဗီထရီက ဘယ်လိုဆက်စပ်သွားမှာလဲ ..... ရုတ်တရက်ကြီး ဆောင်လိုက်ရတဲ့ အိမ်ထောင်ရေးကရော ...
movie
Inga Naan Thaan Kingu (2024)
2024
6.8
Thookudurai (2024)
Thookudurai (2024) "ရေတွင်းသရဲ"IMDb 6.8 ရထားပြီး အမှန်အကန်ရယ်ရမယ့် တမီးလ် ဟာသ/သရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ ပိုစတာမှာ ယိုဂီဘာဘူကို မြင်လိုက်တာနဲ့ အဖောက်တလိုင်း ဇာတ်ကားဆိုတာ ပရိသတ်တို့ တန်းပြီးသိမှာပါလေဒီလိုဇာတ်ကားမျိုးကို မဆလာဖလင်လို့လည်း ခေါ်ကြပါသေးတယ် ဇာတ်လမ်း/ဇာတ်ကောင် ရှိရှိသမျှ ရောသမမွှေထားတဲ့ အဓိပ္ပာယ်ပေါ့ခင်ဗျာဇာတ်လမ်းအကျဥ်းကတော့... အလုပ်မရှိ စားစရာမရှိလို့ ခိုးစားဖို့ကြံတဲ့ သူခိုးသုံးယောက်က ဒဏ္ဏာရီလာ သရဖူကိုမှ ခိုးမိသွားတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သမီးရှင်အဖေ သဘောမတူလို့ ယိုဂီဘာဘူတို့ ချစ်သူနှစ်ယောက် ခိုးရာလိုက်ပြေးရာက လက်ပူးလက်ကြပ်မိတော့ ယိုဂီဘာဘူတစ်ယောက် ရေတွင်းထဲ ပြုတ်ကျပြီး အစိမ်းသေ သေသွားတဲ့အခါမှာ သူ့ကောင်မလေးယူလာတဲ့ သရဖူပါအဆစ်ပါသွားတယ်ဒီကနေ မျက်မှောက်ခေတ်မှာ သရဲဖြစ်နေတဲ့ ယိုဂီဘာဘူက အားလုံးကို လိုက်ခြောက်ပြီး ပေါက်ကရတွေ ဖြစ်ကုန်တာပါပဲအဆက်အစပ်မတည့်တဲ့ ဟိုတစ်စဒီတစ်စ ဇာတ်လမ်းတွေအကုန် သူ့အလိုလို ပေါင်းစပ်သွားပြီး အစုံသုပ်လိုမျိုး ဦးတည်ရာ မယ်မယ်ရရ မရှိပေမယ့်လည်း...ဇာတ်လမ်းရဲ့ လိုရင်းဖြစ်တဲ့ တောင်စဥ်ရေမရ ဗြောက်သောက် ဖျော်ဖြေရေးက အားမနည်းသွားတာမို့ ကြည့်နေရင်း အချိန်ကုန်မှန်းမသိလိုက်နိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်မှာ အသေအချာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Thookudurai (2024)
2024
6.3
Ayalaan (2024)
Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie
Ayalaan (2024)
2024
5
Iruttu Araiyil Murattu Kuthu (2018)
Iruttu Araiyil Murattu Kuthu (2018) "လာဆင်သရဲ" ========================================၂၀၁၈ က ထွက်ခဲ့တဲ့ တမီလ်စကားပြော သရဲဟာသ လူကြီးရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗီရာနဲ့ ဗာဆူဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ရည်းစားကိုယ်စီနဲ့အတူ ဘန်ကောက်မှာ အိမ်ကြီးတစ်လုံးငှားကာ အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။အခန့်မသင့်ချင်တော့ အဲဒီအိမ်ကြီးမှာ မကောင်းတဲ့ဝိညာဉ်တွေ ကိန်းအောင်းနေပြီး အဲဒီမှာရှိတဲ့ သရဲမတစ်ကောင်က ယောက်ျားလေးနှစ်ယောက်ကို ဘာညာဘာညာဖို့ကြိုးစားလာတဲ့အခါမှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Iruttu Araiyil Murattu Kuthu (2018)
2018
7.6
Don (2022)
Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးကတော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie
Don (2022)
2022
7.5
Godha (2017)
ဒီကားကတော့ 2017ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 7.5ရရှိထားတဲ့ အိန္ဒိယနပန်းအားကစားကားပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်....လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီးအားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကိုလွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့ပန်ဂျက်သူလေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရောသူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကိုဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။အိန္ဒိယနပန်းအားကစားရဲ့ ...
movie
Godha (2017)
2017