Channel Myanmar

Bai Narisu

Formed Police Unit ( 2024 ) 6.0
Formed Police Unit ( 2024 ) ဒီနေ့မှာတော့ ပြည်သူ့အချစ်တော် ဝမ်ရိပေါ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အကျိုးပြု ပေါ်လစီကားတစ်ကားနဲ့ ထပ်ပြီး ဖန်သားပြင်ရှေ့ရောက်လာပြန်ပါပြီ... ဒီတစ်ခေါက် ကားလေးကတော့ Formed Police Unit တဲ့..ကဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်နေတဲ့ Santa Leonneမှာ လူမျိုးတုံး သတ်ဖြတ်မှုအထိ ကြုံတွေ့နေရလို့ UN ရဲ့ အကူအညီကို တောင်းခံတာကြောင့် တရုတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးရဲအဖွဲ့ဟာ သူတို့တာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာခဲ့တာကနေ စတာပေါ့..အတိုက်အခံခေါင်းဆောင် အာမီအာကို ရုံးတော်တင်နိုင်ခဲ့ပေမယ့် သက်သေမစုံတာကြောင့် စီရင်ချက်မချနိုင်သေးတဲ့အနေအထားပေါ့... တစ်ဖက်မှာလည်း ခေါင်းဆောင်အာမီအာဟာ လွှတ်တော်အမတ်တို့ရဲ့ ခြစားမှုနဲ့ လူဖြူတွေရဲ့ အတိတ်က လုပ်ရပ်ကိုပဲ ဖိပြောနေခဲ့တာပေါ့..လိုတိုရှင်းပြောရရင်တော့ "All lives are equal and justice knows no borders." ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သက်စွန့်စံဖျား ကြိုးစားပြီး အမျိုးမတူ ဘာသာမတူ အသားအရောင်မတူတဲ့သူတွေကို တရုတ်ရဲအဖွဲ့က ကယ်တင်ခဲ့ကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပါပဲ... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie

Formed Police Unit ( 2024 )

The Legend of Yang Jian ( 2024 ) 5.7
The Legend of Yang Jian ( 2024 ) ဒီဇာတ်ကားလေးကတော့ တရုတ်ပြည်မှာနာမည်ကြီး တန်ခိုးကြီးနတ်မင်းတစ်ပါးဖြစ်တဲ့ယန်ကျန်နတ်မင်းရဲ့ လူ့ဘဝတုန်းကအကြောင်းလေးကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : လူ့ပြည်မှာကောင်းကင်နဲ့မြေကြီးကိုတောင်ခွဲနိုင်တယ်ဆိုတဲ့ ဖန့်ကူပုဆိန်တစ်လက်ရှိပါတယ် ။ အဲဒီပုဆိန်က ကောင်းတဲ့လူ လက်ထဲရောက်ရင်တော့ လောကသားတွေအတွက် အကျိုးရှိမှာဖြစ်ပြီးတော့ မကောင်းတဲ့သူရဲ့လက်ထဲမှာဆိုရင်တော့ တော်တော်လေး ဒုက္ခများစေမဲ့အရာလည်းဖြစ်ပါတယ် ။အဲဒါကြောင့် အဲဒီဖန့်ကူပုစိန်ထဲက ဖန့်ကူနှလုံးကို နတ်မင်းကြီးဖုရှီးက ထုတ်ယူပြီးတော့ မျိုးနွယ်စုနှစ်ခုကိုကာကွယ်စောင့်ရှောက်စေခဲ့ပါတယ် ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ယန်ကျန်ဟာ သူတို့ကျင်းရှားဂူမှာအတော်ဆုံးတပည့်လည်းဖြစ် ဆရာဖြစ်တဲ့သူကလည်း သူ့ကိုယုံကြည်တာမို့ ဆရာတံခါးပိတ်မကျင့်ကြံခင်မှာ သူ့ကို ဓားစံအိမ်ကဖန့်ရှင်းနှလုံးကိုကြည့်ရှု‌ကာကွယ်ထားဖို့တာဝန်တစ်ခုပေးခဲ့ပါတယ် ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ယန်ကျန်ဟာ သတိလက်လွတ်နေရင်းနဲ့ ဖန့်ကူနှလုံးဟာလည်း အခိုးခံလိုက်ရပါတော့တယ် ။အပြစ်ရှိစိတ်နဲ့ယန်ကျန်ဟာ သူ့တာဝန်သူကျေပွန်စေရမယ်ဆိုပြီး ဖန့်ကူနှလုံးကိုခိုးသွားတဲ့သူနောက်ကိုလိုက်ရင်းနဲ့ သူ့ရဲ့စွန့်စားခန်းစာတင်ခဲ့ပါတော့တယ် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : History , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

The Legend of Yang Jian ( 2024 )

Moscow Mission ( 2023 ) 6.3
Moscow Mission ( 2023 ) 1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့...... အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Moscow Mission ( 2023 )

Meg 2: The Trench (2023) 6.0
Meg 2: The Trench (2023)  မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက်rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆိုဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူတရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ... File size… 5GB/2.35 GB /  1.01 GB Quality…WEB-DL 4K HEVC./1080p 5.1 CH /  720p Format…mp4 Duration….1h 56m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Meg 2: The Trench (2023)

4K HEVC
Detective Dee And Thunder Fire ( 2023 ) 6
Detective Dee And Thunder Fire ( 2023 ) ဒီတစ်ခေါက်မှာတော့ အမှုစစ်ဒီးရန်ကျယ်ရဲ့အမှုတွဲတွေထဲက နောက်ဆုံးထွက်ထားတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်း... ဘုရင်မ အုပ်စိုးနေတဲ့ ရှန့်ယွမ်ပထမနှစ်မှာ သဘာဝဘေးအန္တရာယ်ဆိုး တွေ ကျရောက်လာတာကြောင့် တိုင်းပြည်မှာ ပြည်သူတွေရဲ့ အပြစ်တင်မှုတွေဖြစ်ပေါ်လာခဲ့တယ် ဘုရင်မဟာ ပြည်သူတွေရဲ့အပြစ်တင်သံတွေကို လျစ်လျူရှူခဲ့ပြီး နန်းတွင်း ဆရာကြီးရဲ့ အဆိုမိန့်အတိုင်းနန်းဆောင်ကို ဆောက်လုပ်ပြီး နတ်နဂါးကို ခေါ်ဆောင်ဖို့ပြုလုပ်ခဲ့ပါတယ်ဒါပေမယ့် နတ်နဂါးကြီး သက်ဝင်လှုပ်ရှားလာတဲ့အခါမှာတော့ နတ်နဂါးကြောင့် နန်းဆောင်ကြီး မီးလောင်သွားပြီး အနီးအနားကလူတွေအပြင် အမှုစစ်တွေကပါ သဘာဝလွန် ထူးဆန်းစွာ သေဆုံးလာကြတဲ့အခါ.....ဒီထူးခြားဆန်းကြယ်တဲ့ အမှုကြီးကိုဖြေရှင်းဖို ပြောင်းရွှေ့မိန့်ကျလာတဲ့ ဒီးရန်ကျယ် အတွက် ဘယ်လိုဖြေရှင်းချက်တွေပြုလုပ်လာမလဲဆိုတာကို ထုံးစံအတိုင်းဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Mon Encoded by LK
movie

Detective Dee And Thunder Fire ( 2023 )

Taichi’s Beast Mound (2022) 6.4
Taichi’s Beast Mound (2022) ဒီတစ်ခေါက်မှာ CM သိုင်းလောကသားတွေအတွက်ကို Tai Chi's Beast Mound (2022)ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...သိုင်းလောကသားတိုင်း ထိုက်ကျိသိုင်းကို သိပြီးသားမို့ အထူးအထွေ မရှင်းပြတော့ဘူး... အခု အလှည့်ကျတဲ့ ဇာတ်လမ်းလေးရဲ့ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင် ချန်မျိုးရိုးမို့ အထိုက်အလျောက် ဂိုဏ်းချုပ်နေရာကိုဆက်ခံခဲ့ပြီးနောက် ချန်ချန်ဖုန်းတစ်ယောက်ထိုက်ကျိဂိုဏ်းရဲ့ အနှစ်သာရကို သေချာနားမလည်တဲ့အပြင် ဦးလေးရဲ့ စကားအောက်မှာပဲ ဦးလေး အလိုကျ နေခဲ့တာပေါ့... ဒီလိုနဲ့ အနားက လူတချို့ နဲ့ အပြစ်မဲ့လူသားတွေ ဒုက္ခရောက်ကုန်တာမြင်လာရပြီးနောက် သူလက်စားချေဖို့ စတင်စဉ်းစားပါတော့တယ်...ဒီလက်စားချေမယ့် အစီစဉ်ကြောင့်လည်း ဘိုးဘေးလက်ထက်တည်းက တားမြစ်ထားတဲ့ နယ်မြေက ထိုက်ကျိကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ခဲ့တာပေါ့...ကဲ ဘာကြောင့် ဘိုးဘေးတွေက တားမြစ်ခဲ့တာလဲ... နောက်ပြီး ဒီတားမြစ်နယ်မြေကိုသွားတာ ချန်ချန်ဖုန်းကို ဘယ်လိုရလဒ်မျိုးသယ်ဆောင်လာမှာလဲ... နောက်ဆုံး ထိုက်ကျိဂိုဏ်းရဲ့ အဓိပ္ပာယ်ကို ချန်ချန်ဖုန်း နားလည်သွားမှာလား... ထုံးစံအတိုင်း ဇာတ်ကားလေးဒေါင်းပြီး ပုံဖော်ကြည့်လိုက်တော့နော်Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 32min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Taichi’s Beast Mound (2022)