Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bae Hae-sun
6.3
Svaha: The Sixth Finger (2016)
Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie
Svaha: The Sixth Finger (2016)
2019
5.1
Honest Candidate 2 (2022)
Honest Candidate 2 (2022)"မုသားမပါ လင်္ကာမချော" တဲ့ လောကကြီးမှာ သင်က လုံးဝလိမ်လို့မရတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲအူတက်အောင်ရယ်ရမယ့် Honest Candidate 2 မှာဆိုရင်တော့ အလိမ်အညာစကားတွေပြောရတာကို ကျင့်သားရနေတဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဂျူဆန်းဆုဟာ ရုတ်တရက်ကြီးဖြစ်သွားတဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အလိမ်စွမ်းရည်တွေ ပျောက်ဆုံးကုန်တာကို တွေ့ရမှာပါလိမ်ရင် ကြို့ထိုးတာလောက်တင် မကဘဲ အလိမ်အညာစကားဆို လုံးဝပြောမရတော့တဲ့အပြင် တည့်တိုးစကားလုံးတွေချည်းပဲ ပါးစပ်က ထွက်လာတော့တာမို့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခက်တွေ့နေတာဖြစ်ပါတယ်ဒီလိုနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ၃ ကြိမ်တိုင် အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့ ဂျူဆန်းဆုဟာ ၄ ကြိမ်မြောက်မတိုင်ခင် အခုလိုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံရေးလောကမှာ သူဘယ်လိုဆက်ပြီး ရပ်တည်သွားမလဲ၊ ၄ ကြိမ်မြောက် ရွေးကောက်ပွဲမှာရော အနိုင်ရရှိသွားဦးမှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ အလောင်တွေပျော်စေမယ့် ဇာတ်ကားလေးတစ်ကားပါပဲသရုပ်ဆောင်တွေအနေနဲ့လည်း Reply 1988 ထဲက Ra Miran, The Grid ထဲက Kim Mu Yeol တို့အပြင် ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park JinJoo နဲ့ ...
movie
Honest Candidate 2 (2022)
2022
7.0
Exit (2019)
Exit (2019)IMDb - 7.0/10_____Rotten - 83% CM Fan တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ မကြာသေးမှီ အပတ်တွေက ရုံတင်သွားခဲ့တဲ့ Exit ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇတ်လမ်း ကို CM က ရုပ်ထွက်အကြည်နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဇတ်လမ်းပုံစံကတော့... ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ... အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ :D ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ.... တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ...
movie
Exit (2019)
2019
HEVC 1080p
6.8
Samjin Company English Class (2020)
ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ် လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့ အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီး ဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ် အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့ အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့ ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့ ကြေညာစာထွက်လာခဲ့တယ် အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား အင်္ဂလိပ်စာသင်ခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့ ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင် မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ အသေအချာတွေ့နိုင်ပါလိမ့်မယ် နောက်ပြီးတော့လည်း သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ် Translated by : Phue Nge Nge Thein Encoded by : Thit San Khant Quality : 1080p and 720p File Size : 1.16 Gb and 541 Mb
movie
Samjin Company English Class (2020)
2020
7.3
Romang(2019)
Romang(2019)အရမ်းကောင်းတဲ့ မိသားစု ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် IMDB 7.3 ရရှိထားတဲ့ ဇာတ်ကားလေးပါ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ်ထင်ပါတယ် ဇတ်လမ်းအကျဥ္း ဂျိုနမ်ဘုံးကတော့ အသက် ၇၅ နှစ်အရွယ် taxi မောင်းတဲ့ အဘိုးတစ်ယောက်ပါ သူ့မိန်းမကတော့ လီမယ်ဂျာဖြစ်ပြီး အသက် ၇၁ နှစ်ပါ PhD ဘွဲ့ရသားတစ်ယောက်ရှိပေမယ့် အလုပ်အကိုင် မယ်မယ်ရရမရှိ မိန်းမရှာကျွေးတာကို ထိုင်စားနေတာပါ ဂျိုနမ်ဘုံးဟာ တစ်သက်လုံး မိန်းမအပေါ် အနိုင်ယူ ဆဲဆိုလာခဲ့တာပါ ငယ်စဥ်ကတော့ အတူတူအသက်ကြီးတဲ့အထိ ဂရုစိုက်သွားမယ်ဆိုပြီး အသက်ကြီးလာတော့ အပြောနဲ့ အလုပ်တခြားစီဖြစ်ခဲ့ပါတယ် ဒါပေမယ့် အဘိုးအဘွား ၂ယောက်ဟာ မထင်ထားတဲ့ ကံဆိုးမှုကို ရင်ဆိုင်ရတဲ့ အခါမှာတော့...File Size :(890 MB) and (393 MB) Quality : FHDRip 720p Format…mp4 Duration…01:52:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo ...
movie
Romang(2019)
6.5
Innocence ( 2020 )
ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie
Innocence ( 2020 )
6.9
On Your Wedding Day (2018)
On Your Wedding Day (2018) IMDb - 6.9/10_____Rotten - 92% "On your wedding day" ဆိုတဲ့ဇာတ်ကားလေးကိုတော့အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။Main lead တွေအနေနဲ့ မင်းသား Kim Young Kwan နဲ့ Strong Woman ရဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး ဘုံဘုံ Park Bo Young တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။Rating အနေနဲ့ IMDb 6.9/10 နဲ့ MyDramaList 8.0/10 အထိရရှိထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ Romantic ဇာတ်ကားကောင်းလေးတစ်ကောင်းပါ။"First love will never die" ဆိုသလိုပဲ လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာရှိခဲ့ပြီး အကြောင်းမတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရရင်တောင် နှလုံးသားထဲမှာ အမြဲရှင်သန်နေတတ်တာ အချစ်ဦးပါ။ငယ်ရွယ်စဉ်ကျောင်းသားဘဝရင်ခုန်တတ်စအရွယ်ကအချစ်ဦးလေးကိုပြန်လည်လွမ်းဆွတ်သတိရသွားစေမယ့်ကားလေးပါ။ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်ခြင်းတရားကိုခံစားရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပြီးဘဝရဲ့အချိုးအကွေ့ ကံတရားတွေကိုပါ ပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဟန်ဝူယောင်းဟာ စာညံ့ပြီး အမြဲရန်ဖြစ်ဆိုးသွမ်းနေတဲ့ကျောင်းသားတစ်ယောက်ပါ။သူတို့ကျောင်းကိုကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ဟွမ်ဆွန်ဟီးကိုမတွေ့ခင်အထိပေါ့။သူတို့တွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ် ကနေ ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့ပြီးမမျှော်လင့်ဘဲ ဆွန်ဟီးတစ်ယောက် ...
movie
On Your Wedding Day (2018)
2018