Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bae Doo-na
6.0
The Drug King(2018)
The Drug King (2018)IMDb Rating (6.2) / Rotten Tomatoes (75%)လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်.....ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်...သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ...ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ...ကိုင်း ခံစားကြည့်လိုက်ပါဦး....မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...) File size…(2.9 GB )/(1.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:18:50 Subtitle….Myanmar Subtitle ...
movie
The Drug King(2018)
2018
7.5
Broker(2022)
Broker(2022) အညွှန်း ****************** IMDb...7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်... မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ... ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ...သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် ... So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့🤩 ဒီကားလေးကတော့ ...
movie
Broker(2022)
6.9
A Girl at My Door (2014)
[Unicode]IMDb Rating - 6.9/10သင်က Psychological Drama တွေကိုနှစ်သက်တဲ့သူဆိုရင်တော့ ဒီကားကိုအကြိုက်တွေ့နိုင်ပါတယ်။ Lesbianတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်မလေးရဲ့ကြားကချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အပြင် ဒွိဟဖြစ်စေတဲ့ဆက်ဆံရေးကိုရိုက်ကူးထားတာကြောင့် Low Budgetရိုက်ကူးရေးဖြစ်ခဲ့တဲ့အပြင် ပါဝင်ခဲ့နဲ့ Bae Doonaနဲ့ Kim Sae Ronတို့ ၂ယောက်လုံးက အနုပညာကြေးမယူဘဲရိုက်ကူးပေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဖြစ်တဲ့"လီယောင်းနမ်"ဟာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် အထင်လွဲခံရပြီး ဆိုးလ်ကနေကမ်းခြေမြို့လေးဆီ ရာထူးရွှေ့ပြောင်းခံခဲ့ရပါတယ်။ မြို့ကိုရောက်တဲ့အခါ ၁၄နှစ်အရွယ် "ဒိုဟီး"ကို ပထွေးနဲ့အဘွားကအမြဲနှိပ်စက်နေတာကို စပြီးတွေ့မြင်ခဲ့ရပါတယ်။"ဒိုဟီး"ကို ပထွေးကထပ်ပြီးနှိပ်စက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် "ယောင်းနမ်"က နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူ့အိမ်မှာလာနေဖို့ "ဒိုဟီး"ကိုခေါ်ထားခဲ့ပါတယ်။ဘဝတစ်လျှောက်လုံး သူ့ကိုဂရုစိုက်တဲ့သူမရှိခဲ့တဲ့"ဒိုဟီး"ကို "ယောင်းနမ်"ကမိသားစုဝင်တစ်ယောက်လိုဆက်ဆံတဲ့အခါ သူ့ကိုခင်တွယ်လာပါတယ်။ ဒီလိုနဲ့ကလေးမလေးရဲ့အကြောင်းတွေကိုပိုပြီးသိလာရတဲ့အခါမှာတော့ ရိုးအတဲ့ သာမန်ကလေးမလေးမဟုတ်တာကိုသိလာရပါတယ်။တစ်ဖက်မှာလည်း ပထွေးရဲ့လုပ်ငန်းမှာ တရားမဝင်လုပ်သားတွေကိုခိုင်းတာကြောင့်ပထွေးကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိဖြစ်သူယောင်းနမ်နဲ့ အချေအတင်ဖြစ်လာပါတယ်။သူ့အလုပ်ကိုထိခိုက်လာတဲ့အတွက် ပထွေးက"ယောင်းနမ်က ဒိုဟီးနဲ့လိင်ပိုင်းဆိုင်ရာပတ်သက်မှုရှိပါတယ်"ဆိုပြီး တိုင်ချက်ပြန်ဖွင့်တဲ့အခါမှာတော့Lesbianတစ်ယောက်ဖြစ်တဲ့ယောင်းနမ်ကဒိုဟီးကို စိတ်သန့်သန့်နဲ့စောင့်ရှောက်ခဲ့တယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ ဒီလိုပြစ်မှုကြောင့်ပဲနယ်ပြောင်းခံရတဲ့ယောင်းနမ်နဲ့ စိတ်ဒဏ်ရာရှိတဲ့ဒိုဟီးတို့ကြားမှာဘာတွေဆက်ဖြစ်သွားမလဲ မထင်ထားတဲ့ထွက်ဆိုချက်တွေကြားမှာ ယောင်းနမ်တစ်ယောက် ပြစ်မှုကနေလွတ်မြောက်နိုင်မလားဆိုတာကို ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ) [Zawgyi]IMDb Rating - ...
movie
A Girl at My Door (2014)
6.9
Air Doll (2009)
[Unicode]Air Doll 2009ဂျပန် Mangaကို ပြန်လည်ရိုက်ကူးထားပြီး ကိုရီးယားမင်းသမီး ဘယ်ဒိုနာပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ လေထိုးအရုပ်မလေးတစ်ခုရဲ့ လူသားတွေရဲ့ နေထိုင်မှုပုံစံကို စူးစမ်းလေ့လာရာမှ လူ့ဘဝ လူ့ခံစားချက်တွေအကြောင်းကို သိစေနိုင်မယ့် ဇာတ်ကားလေးပါ။လူ့ဘဝဆိုတာ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေအချစ်အမုန်းတွေနဲ့ ပြည့်နှက်နေတယ်ဆိုတဲ့ အကြောင်းကို ဒီကားလေးမှာပုံဖော်ထားပုံကတော့ဟီဒီအိုဆိုတဲ့ လူတစ်ယောက်ဟာ လေထိုးအရုပ်မလေး တစ်ရုပ်ကို သူရဲ့ရည်းစားဟောင်း နာမည်အတိုင်း နိုဇိုမီလို့ပေးထားပြီး sex ကိစ္စအတွက်သာမက ကိုယ်တိုင်အစစအရာရာ ဆင်ယင်ပြုလုပ်ပေးကာ အဖော်တစ်ယောက်လို ဆက်ဆံနေထိုင်ခဲ့ရာကနိုဇိုမီ(လေထိုးအရုပ်မလေး)ဟာ တနေ့မှာ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ခဲ့ပြီး လူတစ်ယောက်လို အသိစိတ်နဲ့အသက်ဝင်လာခဲ့ပါတော့တယ်။နိုဇိုမီဟာ လူတွေအကြောင်းကို သိချင်ပြီး လူတွေရဲ့ခံစားချက်မျိုးစုံကို စူးစမ်းချင်တာကြောင့် လူလိုဝတ်ဆင်ကာ အပြင်လောကကို ခိုးထွက်ရင်း ပတ်ဝန်းကျင်ကလူတွေဆီကနေ သင်ယူနေထိုင်ခဲ့ပါတယ်။အဲ့လိုနဲ့တနေ့ အခွေဆိုင်တစ်ခုမှာ သူမအလုပ်ရသွားပြီး ဆိုင်ပိုင်ရှင် ဂျူနီချီကို ချစ်မိခဲ့ပါတယ်။ဂျူနီချီက သူမကို လူ့လောကအကြောင်း သင်ကြားပေးခဲ့ပြီး ရုပ်ရှင်တွေအကြောင်း သင်ယူလေ့လာရင်း လူတွေခံစားချက်ကိုပါ တဖြည်းဖြည်း သဘောပေါက်လာအောင် ...
movie
Air Doll (2009)
7.0
Barking Dogs Never Bite (2000)
[Unicode]Barking Dogs Never Bites (2000)IMDb rating - 7/10ဒီကားကတော့၂၀၀၀ပြည့်နှစ်မှာထွက်ရှိခဲ့တဲ့ Dark comedy filmအမျိုးအစားဖြစ်ပါတယ်။ "ယွန်းဂျူ "က အလုပ်မရှိတဲ့ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး တိုက်ခန်းတွဲတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်သူ့မိန်းမနဲ့ အတူနေထိုင်ပါတယ်။ ယွန်းဂျူက တက္ကသိုလ်ပါမောက္ခရာထူးကိုရဖို့အတွက် အသည်းအသန်ကြိုးစားနေရသူပါ။အလုပ်ရဖို့စိတ်ရှုပ်နေရတဲ့အချိန်မှာ ခွေးဟောင်သံကိုခဏခဏကြားရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပါတယ်။ ဟောင်သံပိုင်ရှင်ကိုလိုက်ရှာရင်း ရှီဇူးခွေးတစ်ကောင်ကိုတွေ့တော့ အဲဒီခွေးပဲလို့ထင်ကာ ဖမ်းပြီးခေါင်မိုးပေါ်ကနေလွှတ်ချဖို့ကြံပါတယ်။ ဒါပေမဲ့ မအောင်မြင်တာကြောင့် မြေအောက်ခန်းထဲက ဘီရိုထဲမှာသော့ခတ်ထားခဲ့ပါတယ်။ အဲဒီခွေးကို အစောင့်တစ်ယောက်က သတ်ပြီး ချက်ပြုတ်စားလိုက်တာကိုလည်း မထင်မှ တ်ဘဲတွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူတို့တိုက်မှာ ခွေးတွေတစ်ကောင်ပြီးတစ်ကောင်ပျောက်လာပါတယ်။"ဟွန်းနမ်"ကတော့ တိုက်ခန်းကြီးကြပ်ရေးရုံးက အတွင်းရေးမှုးတစ်ယောက်ပါ။ ခွေးပျောက်ကြော်ငြာတွေကပ်ဖို့ သူတို့ရုံးမှာ ခွင့်ပြုချက်လာတောင်းတာများလာတာကို သူလည်းသတိထားမိလာပါတယ်။တစ်နေ့ကျတော့ ဟွန်းနမ်က အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်နေတုန်း လူတစ်ယောက်ကခွေးကိုခေါင်မိုးထပ်ကနေပစ်ချလိုက်တာကိုမြင်ပြီး လိုက်ဖမ်းဖို့ကြိုးစားပေမဲ့ မမိခဲ့ပါဘူး။ ခွေးပျောက်ကြော်ငြာတွေကပ်ပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ခွေးတွေကဆက်ပျောက်နေဆဲပါပဲ။ခွေးတွေကဘာကြောင့်ပျောက်နေရတာလဲ။ အလုပ်မရှိလို့ စိတ်ညစ်နေတဲ့ယွန်းဂျူက ခွေးသတ်ရတာကိုသဘောကျပြီး ဆက်တိုက်သတ်နေတာလား။ အစောင့်က ခွေးသားစားဖို့အတွက်သတ်တာလား။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို ဇာတ်ကားထဲမှာဆက်လက်ရှုစားနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie
Barking Dogs Never Bite (2000)
HEVC 1080p 5.1
5.9
Doomsday Book (2012)
[Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie
Doomsday Book (2012)
7.4
Cloud Atlas (2012)
Cloud Atlas (2012) IMDb.....7.4,,,,Rotten...66% Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie
Cloud Atlas (2012)
2012
7.7
Sympathy for Mr. Vengeance(2002)
Sympathy for Mr. Vengeance(2002)IMDb...7.7(1080P 5.1CH နဲ့ 720p တို့ဖြင့် စုံလင်စွာတင်ဆက်ထားပါသည်....)ဒီကားရဲ့ ဒါရိုက်တာ Chan-wook Park ကိုမသိရင်တောင်မှ Oldboy ဆိုတဲ့ ကွီးယားကားကို တော့သိကြမှာပါ..အဲ့ဒီကားဟာ လက်ရာမြောက်လွန်းတဲ့ Hollywood ကတောင် ပြန်လည်ရိုက်ကူးဖြစ်ခဲ့ပါတယ်..Chan-wook Park ဆိုတာ Oldboy ဖန်တီးရှင်ဒါရိုက်တာပေါ့..ယခုSympathy for Mr. Vengeanceဆိုတဲ့ကားကိုလည်း သူရိုက်ကူးခဲ့ပါတယ်...ဒီကားနဲ့ အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံး ဒါရိုက်တာဆုတွေအပြင် အခြားဆု(၅)ဆုတောင်ရရှိခဲ့ပါတယ်...မင်းသားကလည်း Kang-ho Song နဲ့ Ha-kyun Shinတို့ပါပဲ....Oldboy ကြည့်ဖူးတဲ့သူတွေဆိုရင် ဒီဒါရိုက်တာကြီးရဲ့လက်ရာကိုခန့်မှန်းမိမယ်ထင်ပါတယ်..ဒီကားထဲမှာလည်း သတ်ဖြတ်ခန်းတွေက တကယ့်ကိုသွေးပျက်လောက်စရာကြီးတွေ...ဇာတ်ဝင်ခန်းတိုင်းကို အပီပြင်ဆုံးရိုက်ကူးထားတယ်...မောင်နှမ(၂)ယောက်ရှိတယ်..အစ်မဖြစ်သူက ကျောက်ကပ်မလဲရင်သေရတော့မယ့်ရောဂါအခြေအနေဖြစ်နေတယ်..မောင်ဖြစ်တဲ့သူအနေနဲ့လည်း လှူလို့မရတဲ့အခြေအနေ..ဒါကြောင့် သူ့ကျောက်ကပ်ကိုကလီဇာတွေဝယ်တဲ့ဂိုဏ်းကိုသွားရောင်းလိုက်တယ်...ဒီနောက်ပိုင်းတော့ အခြေအနေတွေဟာ အကုန်ရှုတ်ထွေးကုန်တယ်...Spoiler မလုပ်သင့်တဲ့ကားဖို့ ကျန်တာတွေမပြောတော့ဘူး....Action, Drama,နဲ့ Thriller ကားမျိုးတွေကိုကြိုက်နှစ်သက်ရင်တော့ တကယ့်ကိုလက်မလွှတ်သင့်ဘူး...ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...မှတ်ချက်...သတ်ဖြတ်ခန်းများနှင့် အခြားအခန်းများမှာ ရက်စက်ပီပြင်လွန်းသဖြင့် မိသားစုများ၊ကလေးများနှင့်အတူမကြည့်သင့်ပါကြောင်းအကြံပြုပါရစေ.....File Size : (2.28GB) ...
movie
Sympathy for Mr. Vengeance(2002)
2002
6.9
Tunnel (2016)
Tunnel (2016) IMDb - 6.9/10_____Rotten 100% IMDb 6.9 Rotten Tomatoes 100 percent 2016ခုနှစ်ထွက် korea movieတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် train to busan ဇတ်ကားပြီးရင်အကောင်းဆုံးကဒီ Tunnel ဇတ်ကားပါပဲ ကျွန်တော်ဆိုလုံးဝထိုင်ရာကတောင်မထပါဘူး (၃ခါတောင်ကြည့်တာ ပြီးမှဘာသာပြန်တာ ) ဇတ်လမိးအကျဉ်းကိုပြောပြရရင် KIA ကားcompanyအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့လီဂျံ ု ဆူတစ်ယောက်သူ့ သမီးလေးမွေးနေ့အတွက်အိမ်အပြန်လမ်းမှာဥမင်လိူဏ်ခေါင်းပြိုကျပြီးပိတ်မိသွားပါတယ် ပိတ်မိနေတဲ့အချိန်အတောအတွင်းမှာတောင်သူ့ ရဲ့တစ်ဖက်သားကိုကူညီတတ်တဲ့စိတ်ဓာတ် နောက်ဆုံးအချိန်ထိအရူံးမပေးတဲ့စိတ်ဓာတ်တွေဟာတကယ်ကိုလေးစားဖို့ကောင်းပါတယ် (တခြားကောင်းတဲ့အချက်တွေရေးပေးချင်ပေမယ့်spoilerဖြစ်မှာဆိုးလို့မရေးတော့ပါဘူး) လီဂျုံဆူ အနေနဲ့နောက်ဆုံးအချိန်ထိအသက်ရှင်နိုင်မလားဆိုတာ CMပရိတ်သတ်ကြီးအမြန်ဆုံးပဲဒေါင်းကြည့်လိုကိကြပါခင်ဗျာ ဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် File Size - 996 MB Quality - BR-Rip 720p Duration - 2hrs 6mins Translator - Kaung Myat Thu Encoder - Tariq L Walker
movie
Tunnel (2016)
2016