Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Babou Ceesay
6.1
Half of a Yellow Sun (2014)
Half of a Yellow Sun (2014)၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံက ရိုက်ကူးထားတဲ့ စစ်ပွဲနောက်ခံပြု Romance/ Drama ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေး လိုက်ပါတယ်။ IMDb rating – 6.1, Rotten Tomatoes – 51% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ ဖြစ်ပွားတဲ့ နိုင်ဂျီးရီးယား ပြည်တွင်းစစ်ပွဲအတွင်းမှာ အိုလန်နာနဲ့ ကိုင်းနမ်နီ ဆိုတဲ့ သူဠေးသမီးလေး ၂ ယောက်ဟာ ဘဝလမ်းကြောင်း ကိုယ်စီနဲ့ အသက်ရှင်ဖို့ ကြိုးစားကြပုံကို ကြည့်ရမှာပါ။ ဒီဇာတ်လမ်းမှာတော့ နိုင်ဂျီးရီးယားတွေနဲ့ ခွဲထွက်တဲ့ ဘီယာဖရာနိုင်ငံကြားက ပဋိပက္ခတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း စစ်ပွဲတွေ၊ ဒုက္ခတွေကြားထဲမှာ အချစ်ကို တည်ဆောက်သွားကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အချစ်ရေးကို ကြည်နူးဖွယ်ကိုလည်း ခံစားရမှာပါ။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်နေမှာမဟုတ်ဘဲ အချိန်တစ်ခု ရောက်သွားရင် ပြီးဆုံးသွားမှာလို့ ပြသပေးခဲ့တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.....အညွှန်း ...
movie
Half of a Yellow Sun (2014)
2014
8.1
Rogue One: A Star Wars Story (2016)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Rogue One: A Star Wars Story (2016)
2016
4K HEVC
6.4
Severance(2006)
IMDb- 6.4/10Rotten tomatoes- 66%ဇာတ်လမ်းအညွှန်းပယ်လီစိဒ် လက်နက်ကုမ္ပဏီက အဖွဲ့သား၇ယောက်ပါတဲ့ မားကတ်တင်းအဖွဲ့ဟာ အဖွဲ့ဖွဲ့စည်းရေးပိတ်ရက်အနေနဲ့ ဟန်ဂေရီနိုင်ငံက တောင်တန်းတွေဆီကို ရောက်လာကြတယ်။ မိန်းလမ်းမတစ်နေရာအရောက်မှာ ကားဆက်သွားလို့မရဖြစ်နေတာနဲ့ တောလမ်း လမ်းလွှဲလေးကနေ သွားကြမယ်ဆိုတာကို ကားမောင်းသမားက “အဲ့တောလမ်းအကြောင်း ကြောက်စရာ ကောလဟာလသတင်းတွေကို သူသိထားတယ်၊ လိုက်မပို့နိုင်ဘူး” ဆိုတာကို ဇွတ်ရောအတင်းရော သွားချင်နေကြတဲ့ အဖွဲ့ကတော့ အဲ့နေရာမှာပဲ ဆင်းခဲ့ကြတယ်။ တောလမ်းတစ်လျှောက်သွားရင်းကနေ သူတို့မထင်မှတ်ထားတဲ့၊ ဘယ်သူပိုင်လို့ ဘယ်သူနေနေမှန်းလဲမသိတဲ့ အိမ်အိုကြီးကို တွေ့သွားကြတယ်။ ကုမ္ပဏီပိုင် ဇိမ်ခံအိမ်ကို မျှော်လင့်ထားကြတဲ့ အဖွဲ့သားတွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဲ့အိမ်ကြီးမှာပဲ တည်းဖို့ဖြစ်သွားတယ်။ အဲ့အိမ်မှာ လျှောက်စပ်စုကြည့်ရင်းနဲ့ တစ်ယောက်က အရင်ကမှတ်တမ်းဖိုင်တွေ တွေ့သွားတယ်။ အဲ့မှတ်တမ်းအရဆို “ပယ်လီစိဒ်ရဲ့ စနပ်ကြောင့် စိတ္တဇဆေးရုံကလူတွေ အသတ်ခံလိုက်ရပြီး တစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်တယ်။ အဲ့တစ်ယာက်က သူ့လမ်းကြောထဲဝင်လာတဲ့ ပယ်လီစိဒ်တွေကို ရေဆုံးမြေဆုံးလိုက်သတ်တယ်တဲ့”။ အဲ့လို ဟိုဟိုဒီဒီသိထားကြတဲ့ သူတို့တစ်တွေ ...
movie
Severance(2006)
7.0
Free Fire (2016)
Free Fire 2016ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ.....။Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle ...
movie
Free Fire (2016)
6.8
The Best of Enemies(2019)
The Best of Enemies(2019)IMDb...6.8 " မဖြစ်နိုင်ဘူးဆိုတဲ့အဖြေတစ်ခုကိုကျွန်မဘယ်တော့မှလက်မခံနိုင်ဘူး...ဒါကျွန်မရဲ့အဖြေမဟုတ်ဘူး... ကျွန်မတို့အားလုံးကထွက်တဲ့သွေးရောင်တွေဟာအကုန်အတူတူပဲမဟုတ်လား...ဒီတော့ကျွန်မယုံကြည့်ချက်အတိုင်းဆက်လုပ်တယ်...." ဒါကတော့လူမည်းအမျိုးသမီးဖြစ်သူမစ္စအေယုံကြည်ပြုမူပြောဆိုလှုပ်ရှားခဲ့တဲ့စကားပေါင်းများစွာထဲကအချို့ပါ.... ဒီကားက အမေရိကားမှာလူဖြူလူမည်းကြောင့်ပြည်တွင်းစစ်ဖြစ်ပွားပြီးခဲ့သော်လည်းတောင်ပိုင်းသားတွေကလူမည်းတွေကိုမတူမတန်သလိုနှိမ်ချချင်နေကြတုန်းကာလတစ်ခုကိုအခြေခံရိုက်ကူးထားခဲ့တာပါ။လူမည်းတွေကလည်းသူတို့ရဲ့လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေရချိန်လည်းဖြစ်ပြီးဒီတစ်ကြိမ်မှာတော့အစိုးရကျောင်းတွေကိုလူဖြူလူမည်းမခွဲခြားပဲနှစ်မျိုးလုံးတက်ရောက်နိုင်တဲ့ပူးတွဲကျောင်းတွေအဖြစ်ပြုလုပ်ပေးဖို့တောင်းဆိုရင်းဖြစ်ပေါ်လာတဲ့ဖြစ်ရပ်မှန်အဖြစ်တွေကိုသရုပ်ဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဒီကားကတကယ်စိတ်ခွန်အားတွေရရှိစေသလိုဇာတ်ကားကလည်းစိတ်ဝင်စားအောင်ရိုက်ကူးထားပါတယ်.... ဒိုင်ယာလော့တွေကလည်းခမ်းနားသလိုသရုပ်ဆောင်တွေကလည်းဝါရင့်သရုပ်ဆောင်တွေမို့လို့အသက်ပါလွန်းပါတယ်.... ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1.1 GB) and (440MB) Quality : Web-Dl 720p, Format…mp4 Duration…02:13:00 Genre : Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
movie
2019
7.3
Eye in the Sky (2015)
Eye in the Sky (2015) IMDb - 7.3/10_____Rotten - 95% The Guardian rating ရရှိထားတဲ့ Eye in the sky ဇာတ်ကားဟာ ခေတ်သစ်စစ်ပွဲတခုကို ပုံဖော်ထားပါတယ် ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲနောက်မှာ ပုံစံပြောင်းလာတဲ့ ဘက်ပေါင်းစုံစစ်ပွဲပုံစံတချို့ကိုပုံဖော်ထားပါတယ် ဗုံးခွဲမယ့်အကြမ်းဖက်သမားကို မောင်းသူမဲ့လေယဉ်ကနေ စောင့်ကြည့်နေတာဟာ အခုခေတ်အတွက် မဆန်းပေးမယ့် သာမန်ထက်ပိုပြီးရှုပ်ထွေးတဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ chain of command လို့ခေါ်တဲ့ဆင့်ကဲအမိန့်ပေးစနစ်တွေ commander in chief လို့ ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ချစ်ကြည်ရေးနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခါ... သံတမန်ရေးကိုသတိထားရသလို သတင်းမီဒီယာစစ်ကိုလဲ မပေါ့ဆအောင် လုပ်ကိုင်ရတာကိုလဲတွေ့ရပါမယ် ဗုံးခွဲသမားကိုမြင်နေပေမယ့် သတင်းမီဒီယာဘက်က ပြန်တွေးရတာတွေဟာ စိတ်ဝင်စားသူအဖို့ အပန်းဖြေယုံသက်သက် မကတာတော့သေချာတယ် မီဒီယာစစ်ကိုလဲဒီရုပ်ရှင်ကိုယ်တိုင်က ပြန်သရုပ်ဖော်ထားပါတယ်ကလေးတယောက်အတွက် နိုင်ငံတကာအတွက် နိုင်ငံရေးတွေ မဟာမိတ်တွေအတွက်လဲ ထည့်သွင်းစဉ်းစားထားပါတယ် လူသားချင်းစာနာပါတဲ့ဆိုတဲ့ ပြကွက်တွေကလဲ ဒီကားကိုယ်တိုင်က သတင်းစစ်ထဲပါနေတဲ့ အချက်တခုပါပဲ သာမန်တိုက်တာခိုက်တာလောက်ကြည့်တဲ့သူအတွက်ကတော့ အားရချင်မှအားရပေမယ့် ကြည့်သင့်တဲ့ကား တကားဖြစ်ကြောင်းညွှန်းလိုက်ရပါတယ်........ File Size - 1.15 GB and 736 MB Quality - BluRay 720p, 5.1CH and HD 720p File Type - mkv ...
movie
Eye in the Sky (2015)
2015
7.2
’71(2014)
'71(2014)IMDb....7.2,,,Rotten....95(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့....)))ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး...သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်......တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်...သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်...ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ....သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်...မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာအမော....အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်...ထားတော့....'71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်...တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်....တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ...ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်...File Size : (931 MB) ...
movie
’71(2014)
2014