Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
B. J. Novak
Reign Over Me (2007)
အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ...
movie
Reign Over Me (2007)
8.3
Inglourious Basterds (2009)
Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ..... နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von ...
movie
Inglourious Basterds (2009)
2009
4K HEVCHDR
5.4
The Smurfs (2011)
IMDb - 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။File size…(2.4 GB)/(1.4 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Animation, Family, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie
The Smurfs (2011)
7.0
Vengeance (2022)
Vengeance (2022) ============== IMDb Rating - 7.0/10ဟာသ ဆန်းကြယ် သည်းထိတ်ရင်ဖို အမျိုးအစားရုပ်ရှင်ပါ။ ဘီဂျေ နိုဗက်က ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ် မင်းသားလုပ်ပြီး ရိုက်ကူးထားတာပါ။ ဒဿနဆန်ဆန်ကားမျိုးပေါ့။ အစပိုင်းတော့ အတော်ကိုရယ်ရပါတယ်။နာမည်ကြီး ပေါ့ကတ်စ် ဂျာနယ်လစ် စာရေးဆရာ ဘန် ဟာ အချစ်ကို အယုံအကြည်မရှိဘဲ မိန်းကလေးတွေအများကြီးကို အပျော်တွဲတတ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့တော့ ညဘက်ကြီးသူ့ဆီကို ဖုန်းဝင်လာတယ်။ မင်းရဲ့ ရည်းစား အက်ဘ်လင်းသေပြီ ဈာပနကို လာပေးပါဆိုပြီး အက်ဘ် လင်းဆိုတဲ့မိန်းကလေးရဲ့အစ်ကိုက ဖုန်းဆက်လာတာပါ။ ဘန်က အက်ဘ် လင်းနဲ့ ၃ခါလောက်ပဲချိန်းဖူးတာဖြစ်ပြီး စိတ်ထဲတောင် သိပ်အမှတ်တရ မရှိလှပါဘူး။ဒါပေမဲ့ အက်ဘ်လင်းရဲ့မိသားစုက သူ့ကို အရေးကြီးပုဂ္ဂိုလ်လို အရေးတကြီး ဖိတ်နေတဲ့အတွက် လိုက်သွားလိုက်ပါတယ်။ နေရာကတော့ တက္ကဆက် ပြည်နယ်ထဲကိုမှ အတော်ခေါ်တဲ့ နေရာပါပဲ။ အဲဒီဈာပနအပြီးမှာတော့ အက်ဘ်လင်းအစ်ကိုက သူ့ညီမသေတာဟာ လူသတ်ခံရတာဖြစ်နိုင်တယ်၊ လူသတ်တရားခံကို အတူရှာပြီးလက်စားချေဖို့ ဘန့်ကိုပြောပါတယ်။ ဘန်ကတော့ ဒီမိသားစုရဲ့ အူကြောင်ကြောင် ရိုးရှင်းပုံကိုသာ ဇာတ်လမ်းအသံ ဖမ်းပြီး ပေါ့ကတ်စ်လွှင့်လိုက်ရရင် အရမ်းပေါက်မှာပဲဆိုပြီး လူသတ်မှုဆိုတာ မယုံပေမဲ့ အလိုက်သင့်လိုက်စုံစမ်းလိုက်ပါတယ်။အဲဒီမှာ သူသိလိုက်ရတာက ...
movie
Vengeance (2022)
2022
6.9
Knocked Up (2007)
Knocked Up (2007) IMDb 6.9 Rotten Tomatoes 89%Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ...မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာအောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ.....အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ...
movie
Knocked Up (2007)
6.7
The Amazing Spider-Man 2 (2014)
ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie
The Amazing Spider-Man 2 (2014)
2014
4K HEVC
7.5
Saving Mr. Banks (2013)
(Unicode)Saving Mr. Banks ဇာတ်လမ်းကို ၁၉၆၄ ခုနှစ်က Walt Disney Pictures က ထုတ်လုပ်ခဲ့တဲ့ Merry Poppins ဆိုတဲ့ အရမ်းအောင်မြင်တဲ့ ရုပ်ရှင်ကား ရိုက်ကူးတဲ့အပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။Walt Disney ရဲ့ သမီးနှစ်ယောက်က စာရေးဆရာမ P.L Travers ရေးတဲ့ Merry Poppins ဆိုတဲ့ ဇာတ်လမ်းလေးကို အရမ်းကြိုက်တဲ့အတွက် ကြောင့် ရုပ်ရှင်ရိုက်ပေးဖို့ Walt Disney က ကတိပေးခဲ့ပါတယ်။ဒါပေမယ့်လည်း Merry Poppins ကို ရုပ်ရှင်ရိုက်ခွင့်ကို P.L Travers က ငြင်းဆန် နေခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာတဲ့အခါမှ ငွေကြေးအခက်ခဲတွေ ကြောင့် ဇီဇာကြောင်တတ်တဲ့ အင်္ဂလိပ် အဖွားကြီး Travers တစ်ယောက် Walt Disney ရဲ့ ကမ်းလမ်းမှုကိုလက်ခံပြီး Walt Disney ...
movie
Saving Mr. Banks (2013)
2013