Channel Myanmar

B.J. Britt

The Couch : Black Girl, Erupted (2023)
The Couch : Black Girl, Erupted (2023)  IMDb 6.5 ရထားတဲ့ဒရာမာရုပ်ရှင်ကားကောင်းလေးပါ။ ရိန်နာဆိုတဲ့ လူမည်းအမျိုးသမီးတစ်ဦးက ဥပဒေကုမ္ပဏီတစ်ခုမှာ ရှေ့နေအလုပ်ကိုလုပ်ကိုင်နေပါတယ်။ ရိန်နာဟာ လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ လူမျိုးရေးခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေကိုသည်းခံလာပြီး ရာထူးတက်ဖို့အတွက် ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ရိန်နာတို့မိသားစုကလည်း ရှေးရိုးစွဲပြီး စံနှုန်းတွေကိုမြင့်မြင့်သတ်မှတ်ကြတဲ့မိသားစုပါ။ ရိန်နာမှာ ငယ်ငယ်ကတည်းက ပြိုင်ဆိုင်လာတဲ့ညီမတစ်ယောက်လည်းရှိပါတယ်။ ဒီလိုနဲ့ ရိန်နာဟာ လုပ်ငန်းခွင်မှာရော မိသားစုအကြားမှာပါ ဖိအားတွေကိုခံစားရပါများလာတဲ့အခါမှာတော့ ဒေါသ နဲ့ စိုးရိမ်စိတ်တွေကို မထိန်းချုပ်နိုင်တော့ဘဲ အရာရာ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ ရိန်နာဟာ သူမခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် သူမ မလုပ်ချင်ဆုံးအရာတစ်ခုဖြစ်တဲ့ ကုထုံးဆရာ၀န်ဆီသွားပြဖို့ရာကို ရွေးချယ်လိုက်ရပါတော့တယ်။ရိန်နာတစ်ယောက် သူမရဲ့ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားမလဲ၊ နောက်ဆုံးမှာရော သူမအတွက်မကောင်းတဲ့အရာတွေကို သူမ ပြင်ဆင်သွားနိုင်မလား၊ သူမရဲ့ဘ၀‌မှာ ဘာတွေဘယ်လိုဆက်ကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.3 GB)/(656 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

The Couch : Black Girl, Erupted (2023)

A Christmas Serenade (2023)
A Christmas Serenade (2023)   ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Agents Of S.H.i.E.L.D ထဲကမင်းသား B.J.Britt နဲ့ Lucifer ဇာတ်လမ်းတွဲထဲက မင်းသမီး Skye Townsend တို့အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Holiday ဇာတ်ကားလေးတစ်ကားပါအလုပ်နဲ့ ကမ္ဘာပတ်နေရပြီး အိမ်ကိုပြန်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ဂျရာမိုင်း တစ်ယောက် ခရစ္စမတ်အကြိုမှာ အလုပ်ကိစ္စနဲ့ မွေးရပ်မြို့လေးဆီကိုပြန်လာဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့ အရင်ရည်းစားဟောင်းဖြစ်တဲ့ ဝယ်လို ဆိုတဲ့ သူ့အဖေရဲ့ဧဝံဂေလိဘုရားကျောင်းက ဓမ္မတေးဆရာမလေးတစ်ယောက်နဲ့ ပြန်ဆုံပြီး ပြန်ပေါင်းထုပ်တဲ့အကြောင်းလေးပါဇာတ်ကားထဲမှာ မင်းသားရော မင်းသမီးရော သီချင်းဆိုတာ အသံတွေအရမ်းကောင်းကြပါတယ် ဇာတ်ဝင်သီချင်းလေးကတော့ အမိုက်ဆုံးပါပဲ ဒီတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်.........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

A Christmas Serenade (2023)

The Plus One (2023)
The Plus One (2023)   ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖ‌လော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။"Male of honor" အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ... လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Plus One (2023)

Peaceful Warrior(2006) 7.3
Peaceful Warrior(2006) Peaceful Warrior(2006) IMdB 7.3 နေ့စဉ်ရုန်းကန်နေရတဲ့ ကျွန်တော်တို့ အဖို့ ဒီလောကကြီးထဲမှာ အကြိမ်ပေါင်းများစွာ လဲပြိုကျဖူးတယ်... အဖတ်ဆည်မရအောင်ယိုယွင်းနေတဲ့ စိတ်ဓာတွေနဲ့ အတူ အရာအားလုံးဟာ အကျဉ်းတန်ပြီး ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မဲ့သလိုတောင်ဖြစ်ဖူးတဲ့သူတွေအများကြီးပါ.... ကျွန်တော်တို့အားလုံး လဲပြိုခဲ့ဖူးကြတယ်..အကြိမ်အရေအတွက် အနည်းနဲ့အများပဲကွာတယ်... ဒီနေရာမှာ မေးစရာရှိတာက ခင်ဗျားတို့ ကျွန်တော်တို့ ရည်မှန်းချက်ကိုတည့်မတ်စွာပြန်လည်ရရှိဖို့ အကြိမ်ရေဘယ်လောက်များကြိုးစားခဲ့ဖူးကြသလဲ.....  Dan Millman ဟာဆိုရင် talent ရှိတဲ့ ကျွမ်းဘားအားကစားသမားတစ်ယောက်ဖြစ်ပြီး အုံလံပစ်ပြိုင်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ စိတ်ဓာတ်ပျင်းထန်တဲ့ လူငယ်လေးတစ်ယောက်ပေါ့... တစ်ခြားသူတွေထက်ကြိုးစားသလို  ပါရမီလည်းပါလေတော့ သူ့အတွက် အိုလံပစ်နဲ့ ဆုတံဆိပ်တွေဟာ လက်တစ်ကမ်းအလိုမှာရှိနေတယ်... သို့ပေမယ့် သူကံမကောင်းခဲ့ဘူး.....သူဟာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သူ့ခြေထောက်တစ်ဖက်စတီးချောင်းထည့်လိုက်ရတဲ့အထိဖြစ်သွားတယ်..... ဆရာဝန်တွေကော နည်းပြကပါ ဘယ်တော့မှအားကစားပြန်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လက်လျှော့ခံလိုက်ရတဲ့ Danဟာ အပေါ်က ကျွန်တော်ပြောခဲ့သလိုပဲ အသက်ရှင်သန်ရခြင်းဟာ အဓိပ္ပါယ်မဲ့တဲ့ဘ၀ရာက်သွားတယ်... သို့ပေမယ်.... သူဟာ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့.... ဒီကားက ရည်ရွယ်ချက်အရမ်းကောင်းသလို အသက်အပိုင်းအခြားမရွေး ကြည့်သင့်တဲ့စွန်ဓာတ်ခွန်အားပေး ဇာတ်ကားတစ်ကားပါ... ဒီကားထဲက စိတ်ဓာကျနေတဲ့သူတစ်ယောက်နဲ့ အားပေးဖော်တွေ ပန်ဝန်းကျင်က အသံတွေကို အားလုံးကိုကြည့်ပြီး ခင်ဗျားလည်း တစ်ခုခုရနိုင်ကောင်းပါရဲ့.... ကိုင်း ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲဖြစ်ပါတယ်... File Size : (980 MB) ...
movie

Peaceful Warrior(2006)

2006