Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ayo Edebiri
7.8
Inside Out 2 (2024)
2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie
Inside Out 2 (2024)
4K HEVC
6.8
The Sweet East (2023)
IMDb 6.8 ရထားတဲ့ နည်းနည်းတော့ခပ်ကြောင်ကြောင်နိုင်မယ့် ဒရာမာရုပ်ရှင်တစ်ကားပါ။ရုပ်ရှင်တစ်ခုလုံးကို အိပ်မက်တစ်ခုဆန်ဆန် Alice in Wonderland လို အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်။လီလီယန်က တက္ကသိုလ်ကစီနီယာကျောင်းသူတစ်ယောက်ပါ။ သူမဟာ အမေရိကန်အရှေ့ဖက်ကမ်းခြေပိုင်းက မြို့တွေနဲ့ သစ်တောတွေကို သွားရောက်လည်ပတ်မယ့် တက္ကသိုလ်ကျောင်း ပျော်ပွဲစားခရီးစဉ်နဲ့အတူလိုက်ခဲ့ပါတယ်။ဒါပေမဲ့ အပေါ်မှာ Alice in wonderland ကိုထည့်ပြောခဲ့တဲ့အတိုင်းပဲ လီလီယန်ဟာလည်း လေ့လာရေးအဖွဲ့ဆီကနေ တစ်ယောက်တည်းထွက်သွားခဲ့ပြီး သူမတစ်ဦးတည်း ခြေဦးတည့်ရာကို လျှောက်သွားပါတော့တယ်။ ခြေဦးတည့်ရာသွားတယ်ဆိုတဲ့အတိုင်း သူမက တွေ့ကရာလူနဲ့ ကားကြုံလိုက်စီး၊ တွေ့ကရာနေရာကိုသွား၊ တွေ့ကရာလူအိမ်မှာ၀င်တည်း အဲဒီလိုကိုသွားတာပါ။ဒီရုပ်ရှင်မှာက ပေးချင်တဲ့မက်ဆေ့ခ်ျတော့ များများစားစားပါမယ်မထင်ပါဘူး။ အဓိကက စီနီယာတန်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ရောက်တတ်ရာရာ လျှောက်သွား လျှောက်လုပ်တဲ့ စွန့်စားခန်းရှည်ကြီးကို ရိုက်ပြထားတာပါ။Rating ကတော့ အဆိုးကြီးမဟုတ်တာကြောင့် သမားရိုးကျရုပ်ရှင်တွေထက် ကွဲထွက်နေမယ့်ကားမျိုးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / ...
movie
The Sweet East (2023)
7.2
Bottoms (2023)
လူတော်တော်များများကဂေးတွေဆိုရင် အထင်အမြင်သေးပြီးရှောင်ဖယ်ကြပါတယ်။ဂျိုစီနဲ့ ပီဂျေဆိုတဲ့အထက်တန်းကျောင်းသူ နှစ်ယောက်ကလည်း လိင်တူကြိုက်တဲ့ဂေးသူငယ်ချင်းတွေဖြစ်ကြပြီး ရုပ်လဲဆိုး အရည်အချင်းလည်းမရှိတဲ့အတွက်ကျောင်းကလူတွေက ရှောင်ဖယ်ထားတဲ့အပြင်ပြဿနာအိုးလေးတွေပဲဖြစ်ပါတယ်။ဒါပေမယ့်သူတို့မှာကိုယ်စီကြိတ် Crush နေရတဲ့ပန်းပွားမယ်တွေတော့ရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာ ကျောင်းရဲ့နာမည်ကြီးဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင်ကျောင်းအုပ်ကြီးက ဖူးဖူးမှုတ်ထားတဲ့ဂျက်ဖ်ဆိုတဲ့ကောင်လေးနဲ့ ကွိုင်သွားတက်ပါတော့တယ်။ဒီလိုနဲ့ ကျောင်းထုတ်ခံရမလိုဖြစ်နေတဲ့အချိန်မှာ ကျောင်းကိုယ်ခံပညာကလပ်ဘာညာနဲ့ လျှောက်ပြောလိုက်ပြီး အဲ့ဒါကြောင့်ပဲ ကျောင်းထုတ်ခံရမဲ့ဘေးကနေကင်းသွားပါတော့တယ်။အဓိကကတော့ တခြားကျောင်းရဲ့ ဘောလုံးသမားတွေကဒီကျောင်းနဲ့ ရန်စရှိပြီး အားနည်းတဲ့မိန်းကလေးတွေကို လာလာအနိုင်ကျင့်နှိပ်စက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ပါးစပ်ထဲရှိတာ လျှောက်ပြောထားတဲ့ ကိုယ်ခံပညာကလပ်ကို တည်ထောင်ပြီးတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ Crush လေးတွေပါ ကလပ်ထဲပါလာတဲ့အခါဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.63 GB / 694 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Bottoms (2023)
7.2
Theater Camp (2023)
ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ပြဇာတ်လေးတစ်ခုကိုစခန်းသွင်းကြည့်ရှုရသလိုခံစားရမယ့်ကားလေးပါ...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ နွေရာသီဆိုရင် ပြဇာတ်ဝါသနာ၊အဆိုအကဝါသနာပါတဲ့ ကလေးငယ်လေးတွေ သင်တန်းလာတက်တဲ့ပြဇာတ်စခန်းလေးရှိတယ်ပေါ့....။ဒီစခန်းရဲ့ တည်ထောင်သူဟာ ကိုမာဖြစ်ပြီး အိပ်ယာထဲလဲသွားတော့...သားဖြစ်သူ ထရွိုင်ဟာ မိခင်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ကျလာပါပြီ...။သို့ပေမဲ့ ဒီစခန်းလေးဆက်လက်ရပ်တည်နိုင်ဖို့ကလည်း ရံပုံငွေအသည်းအသန်လိုနေခဲ့တာပါ...။ငွေမှရှာမရရင် ဘဏ်က ချိတ်ပိတ်သိမ်းတာခံရမှာဆိုတော့ ထရွိုင်ဟာ ငွေရှာဖို့ကြံရပြန်ပါပြီ...။ထရွိုင်ဟာ ငွေရှာဖို့ စိတ်ကူးယဥ်ရုံကလွဲပြီး အနုပညာအကြောင်းဘာမှမသိ ဘာမှမတတ်သူပါ...။အခြားတစ်ဖက်မှာတော့ ဒီစခန်းလေးရဲ့ အနုပညာအရည်အသွေးကို ထိန်းပေးနေတဲ့ဆရာအေးမိုစ့်နဲ့ ဆရာမ ရေဗက်ကာဒိုင်းယန်းတို့လည်းရှိပါသေးတယ်...။သူတို့က နှစ်စဥ်နှစ်တိုင်း သင်တန်းလာတက်တဲ့ကလေးတွေနဲ့ ပြဇာတ်တစ်ခု လေ့ကျင့်ကပြနေကျပါ...။ဒီတော့ ကလေးတွေကပြမယ့် ပြဇာတ်ကို အသုံးချပြီး ထရွိုင်တစ်ယောက်ငွေဘယ်လိုရှာမလဲ...၊အနုပညာကြောင်းမသိတဲ့ ထရွိုင်နဲ့ အနုပညာသမားတွေကြားဘယ်လို ဒုက္ခသုခတွေကြုံရမလဲ...ပြဇာတ်တစ်ခုကဖို့ ဘယ်လို ကြိုးစား သင်ယူပြင်ဆင်ရတယ်ဆိုတာကို မြင်တွေ့ရမယ့်Musical Comedy movieလေးဖြစ်ပါတယ်...။ File size…3.18 GB / 1.03GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Theater Camp (2023)
7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023)
Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie
Teenage Mutant Ninja Turtles: Mutant Mayhem (2023)
2023
4K HEVC
9.1
Spider-Man: Across the Spider-Verse (2023)
IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl 4k / 1080p ...
movie
Spider-Man: Across the Spider-Verse (2023)
2023
4K HEVC
4.8
Hello, Goodbye, and Everything in Between (2022)
Hello, Goodbye and Everything in Between (2022)IDMb 4.7 ရထားတဲ့ လူငယ်အချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Aidan နဲ့ Claire က အထက်တန်းကျောင်းမှာဆုံခဲ့ကြတဲ့ လူငယ်စုံတွဲလေးပါ။ Claire ကတော့ သူ့မိဘတွေလို ဘယ်တော့မှလိုက်မလုပ်ဘူးဆိုပြီး အနာဂတ်ရည်မှန်းချက်တွေ ကြိုစီစဉ်ထားတဲ့ ကောင်မလေးပါ။Aidan နဲ့တွဲတော့လည်း အထက်တန်းကျောင်းပြီးရင် လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမယ်လို့ သဘောတူထားတာပါ။ ဒီလိုနဲ့ အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ လမ်းခွဲနှုတ်ဆက်ဖို့ Aidan က Claire အတွက် ထူးခြားတဲ့ဒိတ်လေးဖြစ်အောင် စီစဉ်ပေးတာပေါ့။ ဘဝဆိုတာ တစ်ခါတလေကျတော့ ကြိုစီစဉ်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာလေ။ လမ်းခွဲဖို့ ကြိုသဘောတူထားကြပေမယ့် တကယ်တမ်းကြုံလာတဲ့အခါမှာတော့ ထင်သလောက်မလွယ်မှန်း သိလာတဲ့အခါ ..... သူတို့နှစ်ယောက် ပြန်တွဲကြမှာလား? နှုတ်ဆက်သွားကြမှာလားဆိုတာဒီဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။မင်းသားရောမင်းသမီးရော ချစ်စရာလေးတွေဖြစ်တဲ့အပြင် လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးမို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1GB| 604MB ...
movie
Hello, Goodbye, and Everything in Between (2022)
2022