Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ayesha Raza
6.7
Tu Jhoothi Main Makkaar (2023)
Tu Jhoothi Main Makkar (2023) IMDb - 6.7 / 10ဒီတစ်ခေါက်မှာကတော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်းလေးကို သဘောကျကြသူတွေအတွက် နာမည်ကြီးမင်းသားချော Ranbi Kapoor နဲ့ မင်းသမီးချောလေး Shraddha Kapoor တို့ ပါဝင်သရုပ်ဆောင်ထားပြီး Box Office ၂၁၉.၇၂ကုဋေအထိရရှိထားတဲ့ Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့ ဟာသအချစ်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်မစ်ကီဆိုတဲ့သူဌေးသားလေးဟာ ချစ်သူတွေကိုလမ်းခွဲရာမှာ ကူညီပေးတဲ့ လမ်းခွဲရေးသမားလေးဖြစ်ပါတယ် ကိုယ့်ချစ်သူကိုလမ်းခွဲစကားပြောဖို့ အခက်တွေ့နေသူတိုင်းက မစ်ကီကိုအကူညီတောင်းလေ့ရှိပါတယ် ဒီလိုသူများအကျိုးဆောင်ရာမှာ အောင်မြင်ခဲ့တဲ့မစ်ကီတစ်ယောက်က သူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့ကောင်မလေးနဲ့ လမ်းခွဲပေးဖို့ကူညီရာမှာတော့ ဒုက္ခလှလှတွေ့ပါတော့တယ်အကြောင်းကတော့ မန်နူရဲ့သတို့သမီးလောင်းဖြစ်သူကင်ချီရဲ့ သူငယ်ချင်းတင်နီဆိုတဲ့ မိန်းမလှလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့အတွက်ကြောင့်ပါပဲ မစ်ကီတစ်ယောက်သူ့သူငယ်ချင်းကို လမ်းခွဲပေးဖို့အတွက် ဆက်ကူညီပေးလေမလား ဘယ်လိုအလွဲလွဲအချော်ချော်တွေကြုံပြီး ဖြေရှင်းမလဲ ဒါ့အပြင်မိန်းမလှလေးတင်နီနဲ့လမ်းခွဲရေးသမားလေးမစ်ကီကြားက ကွာခြားချက်တွေကြောင့်ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာ ဟာသနှောပြီးရိုဆန်ဆန်လေးဖြစ်တဲ့အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စွာကြည့်ရှူ့ရအောင် File size…10GB /2.71GB / 1.4GB Quality…4k NF WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (HardSub) Encoder….YK Translated by KhinKhin~Yunni~BpL~Sai~ThaikSan
movie
Tu Jhoothi Main Makkaar (2023)
2023
4K HEVC
8.5
Sharmaji Namkeen (2022)
Sharmaji Namkee (2022) ========================IMDb (8.3/10)အခုတစ်ခါမှာတော့ Channel Myanmar ကနေSharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူးရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီးမင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက်အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင်B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီးသူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး ...
movie
Sharmaji Namkeen (2022)
2022
6.5
Happy Bhag Jayegi (2016)
Happy Bhag Jayegi(2016) ************************* IMDb Rating (6.5)ဒီဇာတ်လမ်းလေးကတော့ မချစ်မနှစ်သက်သူနဲ့အတင်းပေးစားကြလို့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးတဲ့ အိန္ဒိယကောင်မလေးတစ်ယောက်အကြောင်းပေါ့...ခိုးရာလိုက်တာကတော့ မထူးဆန်းပေမယ့် ခိုးရာလိုက်လွဲပြီး အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့.........။ဒီဇာတ်ကားက အဲ့လိုအလွဲတွေ တဝါးဝါးပွဲကျရမယ့်ဇာတ်ကားပါပဲ....ဟက်ပီးဆိုတဲ့ ကောင်မလေးဟာ အမြဲဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တာကြောင့် ရောက်တဲ့နေရာတိုင်းကလူတွေကိုပါ အပျော်ကူးစက်သူလေးပါ...ဘဝကိုအပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူလေးပါ။အဲဒီလိုကောင်မလေးက သူမကြိုက်တဲ့သူနဲ့အတင်းပေးစားခံရတဲ့အခါမှာတော့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးဖို့ နှစ်ခါတောင်မစဉ်းစားခဲ့ပါဘူး။ မင်္ဂလာပွဲနေ့မှာ လိုက်ပြေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့ကိုလာခိုးတဲ့ကားထင်ပြီး ပြတင်းပေါက်ခုန်ချလို့ လိုက်သွားခဲ့ပေမဲ့ ကားလွဲသွားတဲ့အခါ ... အကုန်တလွဲတွေဖြစ်ကုန်ပါတော့တယ်။ဒီဇာတ်လမ်းမှာ ပါကစ္စတန်နဲ့ အိန္ဒိယဆက်ဆံရေးကို ခပ်ပါးပါးလေးမြင်နိုင်မှာဖြစ်ပြီးတော့ အလွဲတွေနဲ့ရယ်နေရမှာပါ။ ဘဝကိုပျော်ရွှင်စွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့နဲ့ ထွေထွေထူးထူးအတွေးလွန်မနေဖို့ ကျွန်တော်တို့ကို သင်ပြပေးသွားမယ့် ဟပ်ပီးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဘယ်လိုအလွဲတွေနဲ့ ဖြတ်ကျော်သွားမလဲဆိုတာ ခံစားကြည့်ကြပါဦး။Happy Phirr Bhag Jayegi (2018) ဇာတ်ကားဆက်ထွက်ထားပြီး ဒီလင့်မှာ https://channelmyanmar.to/?s=Happy+Bhag+Jayegi ကြည့်ပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Htoo Aung ...
movie
Happy Bhag Jayegi (2016)
Veere Di Wedding (2018)
Veere Di Wedding (2018) --------------------------------- မိန်းကလေးတိုင်းမှာ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူနဲ့ ပတ်သက်ပြီး ငယ်ရွယ်စဉ်အခါကထဲက အိမ်မက်ကိုယ်စီရှိတတ်ကြပါတယ်.... တစ်ချို့က ငယ်ငယ်ကထဲက စကြိုက်မိတဲ့သူနဲ့ပဲ အိမ်ထောင်ပြုမယ်...တစ်ချို့ကျ ချမ်းသာတဲ့သူ...တစ်ချို့ကျတော့လည်း တွဲသမျှရည်းစားတိုင်းနဲ့ အဆင်မပြေတာကြောင့် အိမ်က ပေးစားမယ့်သူပဲ စောင့်နေတော့မယ်ဆိုပြီးတော့ပေါ့၂၀၁၈ က ထွက်ရှိထားတဲ့ Veere Di Wedding မှာ ငယ်ပေါင်း မိန်းကလေး သူငယ်ချင်း ၄ ယောက်ရဲ့ ကိုယ်စီ အိမ်ထောင်ပြုရေး၊ အိမ်ထောင်ရေး သုခ ဒုက္ခတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ မြင်ရတယ်။ တစ်ယောက်က နိုင်ငံခြားသားနဲ့ လင်ယူသားမွေးထား၊ တစ်ယောက်က ငယ်ချစ်နဲ့ ရပေမယ့် အိမ်ထောင်ရေး ဒုက္ခရောက်နေရပြီး ရည်စားတွေနဲ့ ပြတ်ထားတဲ့ တစ်ယောက်ရှိသလို... ၃ နှစ်ကြာတွဲလာပြီးမှ လက်ထပ်ဖို့ အရေးတွန့်ဆုတ်နေရ...ခေါင်းရှုပ်နေရတဲ့ မင်းသမီးချော Kareena Kapoor လည်းရှိနေပြန်ပါတယ်...ရုပ်ရှင်ထဲမှာ သူငယ်ချင်းတွေရဲ့ ချင်ခင်ရင်းနှီးမှု၊ မင်္ဂလာဆောင်ခါနီး မိဘတွေရဲ့ ...
movie
Veere Di Wedding (2018)
2.2
Laxmii(2020)
Laxmii(2020)၂၀၂၀ ကိုဗစ်ကာလမှာ ဇာတ်ကားတွေ ရှားပါးတဲ့အထဲ မင်းသားကြီး အရှေးကတော့ Remakeတစ်ခုဖြစ်တဲ့ Laxmiiက ထွက်လာခဲ့ပါတယ်။အားလုံးလည်း မင်းသားကြီးကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ အရင် တာတေကြီးလို့ အများသိတဲ့ Kanchanaနဲ့ မကွာတော့ ထွေထွေထူးထူး ပြောပြနေစရာ မလိုဘူး ထင်ပါတယ်။အရင်ကားဟောင်းကို မကြည့်ဖူးသူတွေအတွက် ပြောပေးရမယ်ဆိုရင် တစ္ဆေမကြောက်တတ်တဲ့ လူတစ်ယောက်ကို အဖြစ်ဆိုးနဲ့သေဆုံးခဲ့ရတဲ့ လူတစ်ယောက်က ဝင်းပူးတာပါ။အဖြစ်ဆိုးအတွက် သူ့ရဲ့ တုန်ပြန်မှု၊ သူ့ဘဝနောက်ကြောင်းတွေ၊ သူရဲ့ ကြင်နာသနားတတ်မှုတွေက ကြည့်ရှုသူတိုင်းကို သနားကရုဏာသက်စေမှာပါ။ဒီတော့ တခြားခန္ဓာကိုယ်တစ်ခုမှာ ဝင်ပူးပြီး သူ ဘာလုပ်မယ် ဆုံးဖြတ်ခဲ့သလဲ ဘယ်လိုတွေ ကြံစည်လာဦးမလဲ ဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူက Myint Thu နဲ့ Nyi Koeတို့ပဲြဖစ်ပါတယ်....File Size :(1.28GB) and (494MB) Quality : WEB-DL 720p Format…mp4 Duration…02:21:00 Genre : Action,Comedy,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae
movie
Laxmii(2020)
6.5
Ginny Weds Sunny(2020)
Ginny Weds Sunny(2020)ဆန်နီတို့မိသားစုက မိသားစုကုန်မာဆိုင်လေးပိုင်ဆိုင်ထားတယ်..... ဆန်နီကတော့ အချက်အပြုတ်အရမ်းတော်တယ်.....အဲ့ဒါကြောင့်သူ့အဖေဆီမှာ စားသောက်ဆိုင်ဖွင့်ဖို့ အတွက် အရင်းအနှီးတောင်းတယ် .....ဒါပေမယ့်သူ့အဖေကဆန်နီကိုမိန်းမယူမှဆိုင်ဖွင့်ပေးမယ်လို့ပြောလိုက်တယ်..... အဲ့တော့ ဆန်နီတစ်ယောက်မိန်းမယူဖို့အသည်းအသန်လိုက်ရှာပေမဲ့ အဆင်မပြေခဲ့ပါဘူး..... ဒီလိုနဲ့ ဆိုင်ဖွင့်ရပြီးရော မိန်းမတစ်ယောက်ရမှဖြစ်မယ်ဆိုပြီး ကြံမိကြံရာ နာမည်ကြီးအောင်သွယ်တော်ကိုအကူအညီတောင်းရပါတော့တယ် .....ဒီအောင်သွယ်တော်နဲ့တွေ့မှပဲ ဆန်နီတစ်ယောက် ပုံစံမျိုးစုံကြုံရပါတယ်...ဒီကား အချစ်ဟာသကားလေးဖြစ်သလို တော်တော်လည်း ကောင်းပါတယ်....မင်းသားမင်းသမီးတွေ အကုန်ချောမောကြသလို ဇာတ်လမ်းလေးလည်းကောင်းမွန်တဲ့အတွက်India ကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်.....File Size :(998MB) and (357 MB) Quality : WEB-DL 720p Format…mp4 Duration…02:05:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Ginny Weds Sunny(2020)
6.2
Gunjan Saxena: The Kargil Girl (2020)
ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant
movie
Gunjan Saxena: The Kargil Girl (2020)
2020