Channel Myanmar

Ayesha Khan

Gangs of Godavari (2024) 5.6
Gangs of Godavari (2024) Gangs of Godavari (2024) "ဂိုဒါဗာရီလူမိုက်ကြီးများ" IMDb - 5.7/10အိန္ဒိယအက်ရှင်ရုပ်ရှင်နှစ်သက်သူတို့ စောင့်မျှော်နေကြတဲ့ တလေဂူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Netflixကနေထုတ်လွှင့်ခဲ့ပြီမို့မနှေးအမြန်တင်ဆက်ပေးလိုက်ရပါတယ်။ တလေဂူးနာမည်ကျော်တေးရေးဆရာတဖြစ်လဲ ဒါရိုက်တာကြီး ခရစ်ရှ်နာချိုင်တန်ယာရဲ့ ရိုက်ကူးပုံဖော်ထားပြီး Hit(2020)ရုပ်ရှင်ထဲက မင်းသားကြီး Vishwak Senအဓိကပါဝင်ထားပါတယ်။၁၉၈၀နှောင်းပိုင်းကာလ ဂိုဒါဗာရီမြစ်ကမ်းအနီး ကျွန်းစုလေးတွေက နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့ ဒုစရိုက်မှုတွေကြားက အဖြစ်အပျက်တွေ။ရာသ်နာဆိုတာ ဆာလောင်တပ်မက်မှုဆိုတာကိုဗဟိုပြုပြီး ရှင်သန်နေရတာကို မုန်းတီးတဲ့သူ။ ဉာဏ်ကောင်းပြီး ဘ၀ကိုနေချင်သလိုနေတတ်သူ၊ နေရာတစ်ခုရောက်ဖို့ ဘာမဆိုလုပ်ဝံ့တဲ့သူ။ ဒီလိုလူမျိုးက ဒေသတစ်ခုလုံးကို ချုပ်ကိုင်နေတဲ့ ဂိုဏ်းတွေကြားကိုရောက်သွားတဲ့အခါ။ အတိုက်အခိုက်များစွာနဲ့မို့ အက်ရှင်ကားကြိုက်တတ်သူတို့အတွက် ရေကြည်တစ်‌ပေါက်ပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.55GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Gangs of Godavari (2024)

2024
Om Bheem Bush (2024) 6.1
Om Bheem Bush (2024) Om Bheem Bush (2024)"မစူးစမ်းသင့်တဲ့အကြောင်းအရာ" =============================================တေလဂူးစကားပြော ပေါ့ပေါ့ပါးပါး သရဲဟာသ ရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်၊ ဗီနေးနဲ့ မာဒေ့ဗ်ဆိုတဲ့ လူ့ပေါ်ကြော့ သုံးယောက်။ သူတို့သုံးယောက်ဟာ ကောလိပ်တစ်ခုက ကျောင်းအုပ်ကို ဒုက္ခပေါင်းစုံပေးလို့ ကျောင်းအုပ်ကတောင် ဒေါက်တာဘွဲ့ ပေးပြီး ကျောင်းကနှင်ထုတ်ရလောက်တဲ့ထိ ဆိုးသွမ်းကြတဲ့သူတွေပါ။သူတို့ဟာ ကောလိပ်ကနေ ထွက်လာခဲ့ပြီး လျှောက်သွားရင်း လမ်းတစ်နေရာမှာ နတ်ဆရာတစ်ယောက် ရွှေအိုးရှာ၊ အပနှင်နေတာတွေ့ပြီး သူတို့လည်း အဲဒီလိုနည်းနဲ့ ပိုက်ဆံရှာလို့ရတယ်လို့ အတွေးဝင်သွားတဲ့အတွက် ရွာတစ်ရွာမှာအခြေချပြီး ရတနာမုဆိုး ပယောဂဆရာတွေလုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ သူတို့အခြေချဖို့ ရွေးမိတဲ့ရွာမှာ တကယ့် အောက်လမ်းမှော်ပညာတွေရှိနေတဲ့အခါမှာတော့ သူတို့ရဲ့ သိုက်တူး၊ သရဲဖမ်းအစီအစဉ်ကြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.4GB / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Om Bheem Bush (2024)

2024
Mukhachitram (2022) 7.1
Mukhachitram (2022) Mukhachitram 2022 IMDb -7.1/10မတော်တဆမှုတစ်ခုကြောင့် မျက်နှာပုံပန်းပျက်သွားပြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားတဲ့အမေဖြစ်သူကို မကယ်နိုင်ခဲ့တာကြောင့် ပလပ်စတစ်ဆာဂျရီဆရာ၀န်တစ်ယောက် ဖြစ်လာသူ ရာ့ဂ်ျကူးမား... ရာ့ဂ်ျတစ်ယောက်တစ်နေ့မှာ အောင်သွယ်တော်ရဲ့ချိတ်ဆက်မှုကြောင့် မဟာသီဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်၊ တစ်ဖက်မှာလည်း ရာ့ဂ်ျကို ဟိုးငယ်ငယ်လေးကတည်းက ကြိုက်နေတဲ့ မာယာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ မာယာတစ်ယောက် မတော်တဆမှုတစ်‌ခုကြောင့် သေမင်းနဲ့လွန်ဆွဲနေရချိန်မှာ ရာ့ဂ်ျ ၊ မဟာသီ နဲမာယာတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ...ဇာတ်လမ်းအစမှာတော့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးနဲ့စထားပြီး ရာ့ဂ်ျ၊ မဟာသီ၊ မာယာ တို့သုံးယောက်သားက လောင်မြိုက်အောင် တဖြည်းဖြည်းနဲ့ ဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.59GB / 739MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by Nyein Aye ~ Sai ThuRein ~ Cherry ~ BpL
movie

Mukhachitram (2022)

2023