Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aviis Zhong
7.5
Secret (2007)
Secret (2007)လူတိုင်းမှာ ပြောလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ ပြောလိုက်ရင် ယုံကြည်မှုပျက်ပြားသွားမှာတို့၊ လူတွေနားမလည်ဘဲ လှောင်ရယ်ကြမှာမျိုးတို့ပေါ့။ ဒီကားရဲ့ ဇာတ်ကောင် လုရှောင်ယွီမှာလည်း ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် ထန်းရှန်းအနုပညာကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် ယဲ့ရှန်းလွင်ဟာ ကျောင်းစစတက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့သီချင်းသံကြောင့် စန္ဒရားအခန်းဟောင်းထဲကို ဝင်သွားရာက လျှို့ဝှက်ဆန်းကြယ်တဲ့ လုရှောင်ယွီနဲ့ ဆုံခဲ့ပါတယ်။ ယဲ့ရှန်းလွင်ရော ရှောင်ယွီရော အတန်းတစ်တန်းတည်းက ဖြစ်ပြီး စန္ဒရားအထုံပါရမီလည်း ရင့်သန်ကြတာမို့ အချင်းချင်းခင်မင်ရင်းနှီးပြီး ချစ်မိသွားခဲ့ကြပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ ကျောင်းကိုတစ်ခါတလေမှလာတဲ့ ကျန်းမာရေးမကောင်းသူလေးပါ။ "ငါမရှိရင် တခြားကောင်မလေးတွေကို သွားကြိုက်မှာလား" လို့ သဝန်တိုတတ်တဲ့ ရှောင်ယွီတစ်ယောက် ယဲ့ရှန်းလွင် တခြားကောင်မလေးနဲ့နမ်းတာ မြင်သွားတဲ့အချိန်မှာ ရှန်းလွင်ဘဝကြီးထဲက ပျောက်ကွယ်သွားပါတော့တယ်။ ဘဝထဲက ပျောက်ကွယ်တာထက် ပိုဆိုးတာကတော့ ရှန်းလွင်ရဲ့ဘေးကလူတွေအကုန် ရှောင်ယွီရဲ့ တည်ရှိမှုကို မသိကြတာပါပဲ။ရှောင်ယွီက တကယ်တမ်းဘယ်သူလဲ? ဘာလို့ ဘယ်သူမှ သူ့ကိုမသိကြတာလဲ? ရှောင်ယွီရဲ့လျှို့ဝှက်ချက်က ဘာလဲ? ရှန်းလွင်တစ်ယောက် ရှောင်ယွီကို ပြန်ဆုံနိုင်ပါ့မလား?ဒီကားဟာ ထိုင်ဝမ်ရဲ့ နာမည်ကြီးအဆိုတော် Jay Chou ကိုယ်တိုင် မင်းသားယဲ့ရှန်းလွင် အနေနဲ့သရုပ်ဆောင်ထား၊ ဇာတ်ညွှန်းပါ ...
movie
Secret (2007)
2007
7.3
Old Fox (2023)
Old Fox (2023) ============ IMDb Rating - 7.3/10၁၉၈၉ ထိုင်ဝမ်ဟာ လျင်မြန်လွန်းလှတဲ့အပြောင်းအလဲတွေကို တွေ့ကြုံ နေရချိန်ဖြစ်ခဲ့ပါတယ်.။ လျောင်တယ်လိုင်းဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ မုဆိုးဖိုတစ်ယောက်နဲ့ သူ့သားငယ်လျောင်ဂျေးတို့ဟာ တိုက်ခန်းတွဲတစ်ခုမှာ ငှားရမ်းနေထိုင်ပါတယ်။အဲ့ဒီတိုက်ခန်းတွဲပိုင်ရှင်ဟာ အများက မြေခွေးအိုကြီးလို့ခေါ်ကြပြီး ရှီ လို့အမည်ရတဲ့ ဩဇာကြီးခက်ထန်တဲ့ သူဌေးကြီးတစ်ယောက်ပါပဲ။ အဲ့ဒီသူဌေးကြီးဟာ ကလေးငယ် လျောင်ဂျေးကိုမြင်တွေ့တဲ့အခါ သူ့ အတိတ်ကိုမြင်မိသလို၊ ဆုံးပါးသွားတဲ့ သူ့သားဖြစ်သူကိုလည်းမြင် ယောင်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူဌေးကြီး ရှီဟာ လျောင်ဂျေးကို အနီးကပ် ပေါင်းရင်း လေ့လာရင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို သူ့ဘ၀နဲ့ ချိန်ထိုးရင်း သင်ကြားပေးဖြစ်လာပါတော့တယ်။၃၆ ကြိမ်မြောက်တိုကျိုရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ ဒီဇာတ်ကား ဟာ Golden Horse ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုပေါင်းခုနှစ်ဆု ဆန်ကာ တင်ဝင်ခဲ့ပြီး၊ ဒါရိုက်တာဆု၊ဇာတ်ပို့မင်းသား/မင်းသမီး အစရှိတဲ့ အဓိကဆု ကြီးလေးဆုရရှိခဲ့ပါတယ်။ အမျိုးအစားက ဒရာမာဆိုပေမယ့် ဇာတ်လမ်း စကတည်းက ပျင်းစရာလုံး၀မရှိပဲ ထိုင်ရာမထကြည့်ချင်အောင်ဆွဲဆောင် နိုင်တဲ့ဇာတ်ကားကောင်းပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.76 GB) / (775 MB) Quality............BLU-RAY 1080p / ...
movie
Old Fox (2023)
2023