Channel Myanmar

Ava Weiss

Falling Like Snowflakes (2024) 6.2
Falling Like Snowflakes (2024)  ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နှင်းပွင့်တွေကြားထဲက ချိုမြမြအချစ်ဇာတ်‌လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။တီဂန်ဟာ နှင်းပွင့်လေးတွေကို အနီးကပ်ဓာတ်ပုံရိုက်လေ့ရှိတဲ့ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူ့ဓာတ်ပုံတွေကို ပြခန်းတစ်ခုမှာပြသထားပါတယ်။ နှင်းပွင့်‌အမျိုးအစားပေါင်း 35 မျိုးရှိပေမဲ့ တီဂန်ရဲ့ နှင်းပွင့်ဓာတ်ပုံကော်လက်ရှင်ထဲမှာတော့ 34 မျိုးပဲရှိနေပါသေးတယ်။ နောက်ဆုံး ကျန်နေတဲ့ နှင်းပွင့်အမျိုးအစားဟာအနား ၁၂ ဖက်ပါတဲ့ စတယ်လာဒန်ဒရိုက် နှင်းပွင့်ဖြစ်ပြီး လုံးဝကိုတိကျတဲ့ ရာသီဥတုမျိုးမှာပဲတွေ့ရနိုင်တာကြောင့် အရမ်းကိုရှားပါးတဲ့ နှင်းပွင့်မျိုးပါတဲ့။တစ်နေ့မှာ အနုပညာလက်ရာတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့သူဌေးကြီးတစ်ယောက်က ကျန်နေတဲ့ နှင်းပွင့်ဓာတ်ပုံကိုပါရရင်တီဂန်ရဲ့ ဓာတ်ပုံကော်လက်ရှင်တစ်ခုလုံးကိုလေလံဆွဲ ဝယ်ယူမယ်ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့တီဂန်လည်း မိုးလေဝသပိုင်းကျွမ်းကျင်တဲ့ သူ့ရဲ့ငယ်ချစ်ဦး နိုအာနဲ့အတူ နှင်းမုန်တိုင်းကြားထဲနှင်းပွင့်ရှာဖို့ ခရီးစတင်ပါတော့တယ်။သူတို့တွေ နှင်းပွင့်လေးကိုရှာတွေ့သွားကြမှာလား တီဂန်နဲ့ နိုအာတို့ငယ်ချစ်ဦးနှစ်ယောက်ရော ပေါင်းဖက်နိုင်သွားကြမှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအသွားအလာ ပေါ့ပေါ့ပါးပါးနဲ့ နှင်းပွင့်လေးတွေအကြောင်းပါသိရဦးမှာဆိုတော့ Christmas ကာလရောက်ရင်လည်းတစ်ခါလောက်ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.44GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar ...
movie

Falling Like Snowflakes (2024)

Moonfall (2022) 5.3
Moonfall (2022) Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie

Moonfall (2022)

2022