Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ava Caryofyllis
5.5
Latency (2024)
အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာအပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက်ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက်လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကိုကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲကအိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လိုဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင်ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်းထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင်မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက်ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင်ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေအစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင်မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန်အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကိုစိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်းအလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လိုဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…993MB / 370MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle ...
movie
Latency (2024)
7
Thor: Love and Thunder (2022)
ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie
Thor: Love and Thunder (2022)
4K HEVC
6.6
Kate (2021)
KATE [2021]ကဲ....စနေ တနင်္ဂနွေ အားလပ်ရက်မှာ IDMb rating 7.4/10 ရထားတဲ့ အက်ရှင်ကားအလန်းစားလေးနဲ့ အနားယူလိုက်ကြစို့လား!!ဇာတ်လမ်းအကျဥ်းလေးကို စပြီး မိတ်ဆက်ပေးပါရစေကိတ် ဟာ ဗာရစ်ခ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ လုပ်ကြံသတ်ဖြတ်သူအနေနဲ့ လေ့ကျင့်သင်ကြားခဲ့ရသူတစ်ယောက်ပါ ငယ်စဥ်ထဲက လေ့ကျင့်ခဲ့ရတဲ့ ကိတ်အတွက် ပစ်မှတ်မှန်သမျှကို ပစ်မလွဲဖြစ်တဲ့အထိ ကျွမ်းကျင်လှပါတယ်ဒါပေမဲ့လည်း ကိတ်က လူသတ်ရတဲ့ဘဝကို ပင်ပန်းလာပြီးတော့ သာမန်ဘဝလေးနဲ့ပဲ ရှင်သန်ချင်လာခဲ့ပါတယ်ကိတ်တစ်ယောက် သူ့ရဲ့နောက်ဆုံးမစ်ရှင်ကို ဆောင်ရွက်ရင်း အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။ အသက်ဆက်နိုင်ဖို့ ကိတ်အတွက် အချိန်တစ်ရက်ပဲ ကျန်ပြီးတော့ အဲ့ဒီအချိန်တစ်ရက်အတွင်းမှာ ကိတ်ဟာ သူ့ကို အဆိပ်ခတ်တဲ့သူကို လိုက်ရှာပြီး လက်စားချေနိုင်ဦးမလား...???အဆိပ်ခတ်လုပ်ကြံမှုရဲ့နောက်ကွယ်မှာ ဘာအကြောင်းအရာတွေများ ရှိနေဦးမလဲ......?? ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်Now You See Me,Hunger Game အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Woody Harrelson လည်း အားဖြည့်သရုပ်ဆောင်ထားတာမလို့ အက်ရှင်ပရိသတ်အားလုံး အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shwe Pyae နဲ့ Thet Hnin Hsu ပဲ ဖြစ်ပါတယ်။Quality….WEB-DL ...
movie
Kate (2021)
2021
6.5
Hearts and Bones(2019)
Hearts and Bones(2019)ဓာတ်ပုံရိုက်တာတွေထဲမှာမှ War Photography ဆိုတာရှိတယ်...ဘာတွေကိုမှတ်တမ်းတင်လဲဆိုတော့ စစ်ပွဲတစ်ခုအတွင်း ဖြစ်ပျက်သမျှတွေ ပစ်တာခတ်တာပေါက်ကွဲပျက်စီးတာ သေကျေကျရှုံးတာတွေကို ရိုက်ကူးတယ်... စစ်ပွဲတစ်ခုကြောင့် ဒေသတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်...အပြစ်မဲ့ပြည်သူတွေ ဘယ်လိုသေရတယ်ဆိုတာကို အရှိအရှိအတိုင်း ရိုက်ကူးကြတယ်... စစ်ပွဲတွင်း အဖြစ်အပျက်ပေါင်းစုံကို ရိုက်ကူးရတာဖြစ်တဲ့အတွက် အရမ်းအန္တရာယ်များပါတယ်...သေနတ်လည်းမှန်ရင်မှန်မယ် ဗုံးလည်းထိရင်ထိမှာပါ... ဒီဇာတ်ကားထဲမှာတော့ ဒန်ဖစ်ရှာဆိုတဲ့ဘဲကြီးက အဲ့ဒီလို ဓာတ်ပုံဆရာမျိုး... သူဟာ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြည်သူလူထုဆီ ပြပွဲတစ်ခုအနေနဲ့ ချပြတော့မယ့်အချိန်မှာ စစ်ဘေးဒဏ်ခံ ရွာကလေးတစ်ရွာရဲ့ပုံတွေလည်း ပါရှိလာပါတယ်... အဲ့ဒီအချိန်မှာ အဲ့ဒီရွာလေးက ဒေသခံတစ်ဦးဟာ သူတို့ရွာရဲ့အဖြစ်ဆိုးကို အများအားချပြမှာ မလိုလားဘဲ ကန့်ကွက်လာတဲ့အချိန်မှာတော့..ဒီဇာတ်ကားက ဆုပေါင်း (၅)ဆုတောင်ရရှိခဲ့သလို Cleveland International Film Festival 2020 မှာ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်အခြားဆုပေါင်း (၁၄)ဆုတောင်ဆန်ကာတင်စာရင်းဝင်ခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Paing ပဲဖြစ်ပါတယ်....File Size : (850 MB) and (380 MB) Quality : ...
movie
Hearts and Bones(2019)
6.3
Little Monsters (2019)
ဒေးဗစ်ဟန်ဒါဆင်က အရွယ်ရောက်လူမြယ့် စိတ်ဓာတ်မရင့်ကျက်သူတစ်ယောက်ပါဖခင်ဆိုးနဲ့ကြုံတွေ့ခဲ့ရတော့ သူ့အဖေလို အဖေမျိုး သူဖြစ်လာမှာစိုးတဲ့စိတ်နဲ့သူကလေးယူဖို့ကို အင်မတန်ကြောက်ရွံ့ပါတယ်အဲဒီစိတ်ကြောင့်ပဲကိုးနှစ်တာတွဲလာတဲ့ချစ်သူကို လက်ထပ်ခွင့်မတောင်းခဲ့ဘဲအမြဲကတောက်ကဆ ဖြစ်နေပါတော့တယ်နောက်ပိုင်းလမ်းခွဲကြတဲ့အထိဖြစ်ခဲ့ရပါတော့တယ်သူဟာအတူနေ တူလေးဖြစ်သူ ဖိလစ်ကိုတောင် ချစ်ရကောင်းမှန်းမသိကလေးတွေကိုမခင်တွယ်တတ် မချစ်တတ်သူ ဖြစ်မှန်းမသိဖြစ်နေတာပါတစ်ရက်မှာ သူ့တူလေးမူကြိုကျောင်းကို လိုက်ပို့ရင်းအမှတ်မထင် ဆရာမလေးကို သူသေဘာကျသွားပါတော့တယ်အရောဝင်ဖို့ကြိုးစားရင်းကလေးတွေနဲ့အတူ လေ့ခာရေးခရီးလိုက်ဖို့ ဖြစ်လာရပါတော့တယ်။သူတို့သွားမယ့်လယ်ကွင်းနဲ့ခြံက အမေရိကန်စစ်တပ်ရဲ့သုတေသနစမ်းသပ်ခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာရှိနေတာပါသူတို့လာတဲ့နေ့မှာပဲ စစ်တပ်မှာလုံခြုံရေးကျိုးပေါက်မှုဖြစ်ပြီးအစမ်းသပ်ခံအကောင်တွေ ပြင်ပကိုရောက်လာပါတော့တယ်သူတို့ဦးတည်သွားနေတဲ့ခြံကိုပဲဝင်တိုက်ခိုက်တဲ့အခါမှာတော့ကလေးတွေနဲ့အတူ သူတို့လွတ်မြောက်နိုင်ပါ့မလားကလေးတွေကိုကယ်တင်နိုင်ပါ့မလားဒီအဖြစ်အပျက်ကြီးမှာ ဒေ့ဗ်တစ်ယောက်ကလေးဆန်နေဥိးမလားဆိုတာကို ရင်မောဖွယ် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ File Size : ( 978 MB , 326 MB)Quality : WEB-DL 720pRunning Time : 1 hr ...
movie
Little Monsters (2019)
2019