Channel Myanmar

Austin Pendleton

A Beautiful Mind (2001) 8.2
A Beautiful Mind (2001) A beautiful mind (2001) IMDb rating - 8.2ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့တဲ့ သင်္ချာပညာရှင်ကြီး John Nash ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ John Nash ရဲ့သီအိုရီတွေက modern economic အတွက် အရမ်းအထောက်အကူပြုခဲ့ပါတယ်။ သူဟာ Princeton University ကနေ ပါရဂူဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေကအစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လိုမဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန်ရလဲ၊ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါတယ်။ အပိုဆုအနေနဲ့ သူ့ရဲ့မဟေသီ Alicia နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။John Nash အဖြစ် မင်းသားကြီး Russell Crowe နဲ့ Alicia Nash အဖြစ် (မမသာ အလှဆုံး) မင်းသမီးချောလေး Jennifer Connelly တို့က သရုပ်ဆောင်ထားပါတယ်။ Oscer စကာတင်တွေအများကြီးဝင်ထားပြီး Best Director ၊ Best actress ...
movie

A Beautiful Mind (2001)

Christmas with the Kranks (2004)
Christmas with the Kranks (2004) ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Christmas with the Kranks (2004)

Finding Nemo (2003) 8.1
Finding Nemo (2003) Finding Nemo (2003) IMDb - 8.1/10_______Rotten - 99% Won 1 Oscar. Another 48 wins & 62 nominations  အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် ... နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ ... အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် ... ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ ... ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ်     File size…  6.5 GB / 2.7 GB / 1.3 GB Quality… BluRay 4k / ...
movie

Finding Nemo (2003)

2003
4K HEVC
Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
My Cousin Vinny (1992)
My Cousin Vinny (1992) နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။  File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

My Cousin Vinny (1992)

5-25-77 (2022) 6.4
5-25-77 (2022) 5-25-77 (2022)~ IMDb - 6.4/10, Rotten Tomatoes - 100% ~ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ... အမှန်တကယ်ဖြစ်ချင်တာလား... မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား...ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး... ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာ‌ရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့...ထားပါတော့...လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်‌သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း ‌Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ ...
movie

5-25-77 (2022)

2022
2 Days in the Valley (1996) 6.5
2 Days in the Valley (1996)    2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie

2 Days in the Valley (1996)

1996
Our Father(2022)
Our Father(2022)   ဒါကတော့ အမေရိကန်နိုင်ငံ Indiana ပြည်နယ်ကနာမည်ကျော်အမှုတစ်မှုအကြောင်းရိုက်ထားတဲ့ Documentary ပါ။Doctor Donald Cline ဆိုတဲ့Fertility (မျိုးပွား) specialist တစ်ယောက်ဟာသူရဲ့လူနာအမျိုးသမီးအများအပြားကို သူတို့ခွင့်ပြုချက်မပါဘဲ သူ့ရဲ့ သုတ်ပိုးနဲ့ကိုယ်၀န်တည်စေခဲ့ပါတယ်။လူနာအမျိုးသမီးတွေကတော့ အပြင်အလှူရှင်ရဲ့ သုတ် သို့မဟုတ် သူတို့အမျိုးသားတွေရဲ့ သုတ်လို့ပဲ ထင်နေကြတာပါ။နှစ်ပေါင်းများစွာကြာချိန်မှာတော့ DNA နည်းပညာတွေတိုးတက်ထွန်းကားလာတာကြောင့်အမျိုးသမီးတစ်ယောက်ဟာ DNA စစ်ကြည့်ရင်းနဲ့ သူ့မှာ ဖအေတူမအေကွဲ မောင်နှမ ညီအစ်မတွေအများကြီးရှိတာကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။သူတို့မောင်နှမတွေစုပေါင်းပြီး တရားခံကိုဖော်ထုတ်ပြီး တရားစွဲဖို့ကြိုးစားကြပုံကို ရိုက်ကူးထားပါတယ်။ဖြစ်ရပ်မှန်ဆိုတာ ဇာတ်လမ်းထက်ပိုဆန်းတယ် ဆိုတဲ့အတိုင်း မယုံနိုင်စရာ ဒီအမှုဟာနောက်ဆုံးဘယ်လိုပြီးသွားလဲ၊ ကျုးလွန်ခံရသူတွေကရော သူတို့ဘ၀ကိုဘယ်လို လက်ခံကြမလဲ၊ ဒီဆရာ၀န်ကလည်း ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာအဖြေရှာကြပုံကို ကြည့်ရှူရမှာပါ။ File size…(1.5GB)/(752MB)/(358MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Conedy /Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

Our Father(2022)