Channel Myanmar

Austin Amelio

Hit Man (2023) 7.2
Hit Man (2023)  IMDb 7.2 Tomato 97%ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့လန်းလန်းတွေ ပါတာပေါ့။ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစားလူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှသေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကိုခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီးသူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေနောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေအဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့သေချာပေါက် ကြည့်လိုက်ကြပါဦး။   File size…2.84GB / 873MB Quality…WEB-DL 1080p ...
movie

Hit Man (2023)

The Free World (2016) 6.1
The Free World (2016) The Free World (2016) ================= IMDb Rating - 6.1/10၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ‌ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီ‌ဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ ...
movie

The Free World (2016)

2016
Holler (2020) 6.5
Holler (2020) Holler (2020)============IMDb Rating - 6.5/10​အကယ်၍များ တစ်စုံတစ်ယောက်က လောကကြီးမှာအရေးအကြီးဆုံးအရာကို မေးလာခဲ့ရင် ဘယ်လိုဖြေမှာလဲ??? လူအမျိုးမျိုး အဖြေအမျိုးမျိုးကွဲပြားနိုင်ပေမယ့် ကျွန်တော်တို့ အချိုးကျတွက်လိုက်ရင် ပိုက်ဆံဆိုတဲ့ အဖြေပဲ အများဆုံးထွက်လာမှာပါ ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ဝယ်မရဘူးလို့ ပြောကြပေမယ့် ပိုက်ဆံမရှိလို့ မပျော်ရွှင်နိုင်ဖြစ်နေတဲ့သူတွေက ပိုများတာပဲမလား??Blaze နဲ့ Ruth ဆိုတဲ့ မောင်နှမနှစ်ယောက်ကိုမေးလိုက်ရင်လည်း ပိုက်ဆံလို့ပဲဖြေမှာထင်တယ် အဖေမရှိ အမေဖြစ်သူကလည်း အချုပ်ထဲရောက်နေတဲ့ သူတို့အတွက်က ပိုက်ဆံထက် ဘာကပိုအရေးကြီးဦးမှာလဲ ဒါပေမယ့် မောင်နှမနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာဗျ ​ညီမလေးဖြစ်သူဖြည့်ထားတဲ့ကောလိပ်လျှောက်လွှာကိုတွေ့လို့ တင်ပေးလိုက်တဲ့ Blaze တစ်ယောက် သူ့ညီမ ကောလိပ်ဝင်ခွင့်လည်းရရော ဇွတ်ကို ကောလိပ်ပို့ချင်နေတော့တာပါပဲ နဂိုကမှ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ရုန်းကန်နေရတဲ့ထဲ ကောလိပ်တက်ရမှာမို့ နှစ်ယောက်သား အလုပ်ရှာရင်းနဲ့ တရားမဝင်ဈေးကွက်တစ်ခုကို ရောက်သွားကြတယ် ဇာတ်လမ်းက အဲ့ကနေစပါတယ်​ပိုက်ဆံရှာဖို့အတွက် ရုန်းကန်ရတဲ့ မောင်နှမနှစ်ယောက်ကြားက နွေးထွေးမှုတွေ တရားမဝင်ဈေးကွက်မှာ ကြုံတွေ့ရတဲ့ အခက်အခဲပေါင်းများစွာနဲ့အတူ ​အဆုံးမှာတော့ Blaze နဲ့ Ruth တို့ မောင်နှမနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Amelia မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Amelia, Shwe Pyae, Jo Jo Va တို့ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration ...
movie

Holler (2020)

2020
Mercy Black (2019) 5.1
Mercy Black (2019) စိတ်ကူးယဉ်အဖော်တစ်ယောက်ကိုကလေးသဘာဝအလျောက် စိတ်ကူးခဲ့မိရာမှသူငယ်ချင်းဖြစ်သူကိုဓားနဲ့ထိုးသတ်ခဲ့မိတဲ့မာရီနာဟက်စ်...ထိုအဖြစ်အပျက်ကြောင့် မာရီနာတစ်ယောက်စိတ်ရောဂါကုဆေးရုံမှာနေခဲ့ရပြီး၁၅နှစ်အကြာမှာတော့သူ့အမနဲ့သူ့တူလေးတို့နှစ်ယောက်နဲ့အတူနေဖို့ပြန်ရောက်လာခဲ့သည်...သူမစိတ်ကူးဖြင့်ပုံဖော်ခဲ့တဲ့မာစီဘလက်ခ်ဆိုသောအရာမှာ ဒီအတောအတွင်းအင်တာနက်မှ ပျံ့နှံ့ပြီးအလွန်နာမည်ကြီးခဲ့တာကြောင့်မာရီနာ့အနေနဲ့သူလုပ်ခဲ့မိသောအရာတွေအတွက် ကြောက်လန့်နေခဲ့ရသည်...သူ့အတိတ်ကိုဒီအတိုင်းပဲမြှုပ်နှံပစ်လိုက်မယ်လို့တွေးထားခဲ့သော်လဲသူ့တူလေးဖြစ်သူမှာမာစီဘလက်ခ်ကိုအလွန်စွဲလမ်းနေပြီးအန္တရာယ်စက်ကွင်းထဲသို့တဖြည်းဖြည်းတိုးဝင်နေခဲ့သည်...သူ့တူလေးကိုပြန်ကယ်ဖို့အတွက်မာရီနာ့အနေနဲ့သူကြောက်လန့်နေခဲ့ရတဲ့အတိတ်ကိုရင်ဆိုင်ပြီးမာစီဘလက်ခ်နဲ့ပတ်သတ်တဲ့ အမှန်တရားကိုပြန်လည်ဖော်ထုတ်ဖို့ဖြစ်လာတဲ့အခါမှာတော့... File Size : (824 MB) & ( 309 MB)Quality : WEB-DL 720pRunning Time : 1 hr 28 minFormat : Mp4Genre : Horror , Mystery , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin 
movie

Mercy Black (2019)

2019