Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aurore Clément
7.8
El Sur (1983)
'ဒက္ခိဏတမ်းချင်း'ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က ...
movie
El Sur (1983)
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
5.7
Summer Frost (2022)
Summer Frost (2022) ================၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ...
movie
Summer Frost (2022)
2022
5.7
Summer Frost (2022)
Summer Frost (2022)လူသားတို့ရဲ့ လုပ်ရပ်တွေကြောင့် လူသားတို့ရဲ့ ကမ္ဘာကြီး အဆုံးသတ်လုနီးပါး ရောက်နေတဲ့ အချိန်ကာလတစ်ခုရဲ့ နွေခေါင်ခေါင်မှာ...အပူချိန်တွေ အနုတ်လက္ခဏာထိ ကျဆင်း...ရေခဲအလား အေးတဲ့ လေထုကြီးစိုးနေချိန်...ပါရီမြို့ရဲ့ နောက်ခံဝန်းကျင်တစ်ခုနဲ့အတူ...လားရာမတူတဲ့ အထီးကျန်လူသား ၁၀ ယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလမှာ လောကဓံကို ကြံ့ကြံ့ခံရင်း မရေရာတဲ့ အနာဂတ်အတွက် ရှေ့ဆက်ကြပုံတွေကို ကိုယ်စီဇာတ်လမ်းတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်ကားလေး တစ်ကားပါ။ ပြင်သစ်ကားဆိုတဲ့အတိုင်းပဲ ဒိုင်ယာလော့ဂ်တွေဟာ ကြည့်နေရင်းတန်းလန်းနဲ့တင်ကို အတွေးစတွေ အဆုံးမသတ်နိုင်ဖြစ်စေမှာကတော့ အသေအချာပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 52Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated ...
movie
Summer Frost (2022)
2022
5.9
Maigret (2022)
Maigret (2022)~ IMDb - 5.9/10, Rotten Tomatoes - 93% ~Georges Simenon လက်စွမ်းပြခဲ့တဲ့ Maigret ဝတ္တုတွေဟာ တော်တော်အောင်မြင်ခဲ့သလို ဇာတ်ကားပြန်ရိုက်ကြတာလည်း မနည်းပါဘူး။ ဂျော့ဂျ်ဟာ အဲလ်ဘတ်ကမြူးနဲ့ ခေတ်ပြိုင်လို့ပြောလို့ရတဲ့ စာရေးဆရာဖြစ်ပြီး စည်းအပြင်ကလူလိုမျိုး ခပ်ဆင်ဆင်ဝတ္တုကို ကမြူးနဲ့ တစ်ပြိုင်တည်းထုတ်ခဲ့ဖူးတဲ့သူပါပဲ။ ကံဆိုးစွာနဲ့ ကမြူးလ်ဝတ္တုပဲ လူသိများသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့ဂျ်ဟာလည်း ဆရာတစ်ပါးဆိုတာတော့ ငြင်းမရပါဘူး။ ဂျော့ဂျ်ရဲ့ ပထမဆုံး Maigret ဝတ္တုဟာ ၁၉၃၁မှာ စထုတ်ခဲ့တာမို့ ခုဆို နှစ်တစ်ရာတောင်ပြည့်လုနီးနီးပါပဲ။ ဂန္ထဝင်စုံထောက်ဝတ္တုတွေထဲက တစ်ခုဆိုလည်းမမှားပါဘူး။ ဂျော့ဂျ်ရဲ့ပထမဆုံး Maigret ကားကိုတော့ ၁၉၃၂မှာ နာမည်ကျော် ပြင်သစ်ဒါရိုက်တာ Jean Renoir က ရိုက်ခဲ့ပြီး တော်တော်လည်း အောင်မြင်ခဲ့ပါတယ်။ စစဖွင့်ကတည်းက သမိုင်းကြီးခဲ့တဲ့ Maigret ကို အရင်နှစ်တွေတုန်းက မစ္စတာဘင်းန်တစ်ဖြစ်လဲ ...
movie
Maigret (2022)
2022
8.1
Paris, Texas (1984)
Paris, Texas (1984)~ IMDb - 8.1/10, Rotten Tomatoes - 94% ~ပဲရစ်လို့ကြားလိုက်ရင် ဥရောပတိုက်က အီဖယ်တာဝါကြီးနဲ့ တခမ်းတနားရှိလှတဲ့ ပဲရစ်မြို့ကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ လူမသိသူမသိ မြို့သေးသေးလေးရဲ့ နာမည်ဟာလည်း ပဲရစ်ပါပဲ...သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်းမသိ၊ ကန္တာရထဲမှာ ဦးတည်ရာမဲ့လျှောက်သွားနေတဲ့ လူတစ်ယောက်ကို တစ်ရက်မှာ သူစိမ်းတစ်ယောက်က တွေ့လို့ ကယ်တင်ခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူနဲ့ ပြန်လည် ဆုံစည်းစေခဲ့ပါတယ်။ ၄နှစ်တာလုံးလုံး သတင်းမကြားဘာမကြားနဲ့ လုံးလုံးပျောက်သွားခဲ့ပြီး လတ်တလောဘဝနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေလည်း ပျောက်သွားတဲ့ ထရာ့ဗစ်ကို သူ့ညီဖြစ်သူက လူ့အသိုက်အဝန်းထဲကို ပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ ပြန်ရောက်လာမှုက သူ့ညီရဲ့ မိသားစုဘဝကို မငြိမ်မသက်ဖြစ်လာစေပါတယ်။ သူ့ညီရဲ့ မိသားစုလို့ ဆိုရာမှာ သူတစ်ချိန်က ထားခဲ့တဲ့ သူ့ရဲ့သားငယ်လေးလည်းပါတယ်။ သူထွက်သွားတဲ့ ၄နှစ်ဆိုတဲ့အချိန်ဟာ သူ့သားငယ်အတွက်တော့ ...
movie
Paris, Texas (1984)
1984
7.0
Marie Antoinette(2006)
Marie Antoinette(2006) အညွှန်း****************************IMDb...7.0၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်မက မာရီအန်တွီနက်ပါပဲသူကတော့ တခြားသူမဟုတ်ပါဘူး ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း Christen Dunst ပါဝင်ထားပါတယ်မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစားပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ...File Size :(2.1GB)(1.1GB) and (239MB) Quality : Blu-Ray 1080p5.1Ch, 720P Format…mp4 Duration…02:03:00 Genre : , Drama ,Biography , History Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Marie Antoinette(2006)
8.7
One Flew Over the Cuckoo’s Nest (1975)
One Flew Over The Cuckoo's Nest (1975) ==================== IMDB Rating- 8.7/10 Rotten Tomatoes- 94% 1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။ McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတာေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီး တရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။ သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြု Ratchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။ ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။ တစ်ရက် ...
movie
One Flew Over the Cuckoo’s Nest (1975)
1975
HEVC 1080p 5.1