Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aurélia Petit
5.5
Under Paris (2024)
၂၀၂၄ ဇွန်လ ၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Paris Underရုပ်ရှင်ကတော့ Action၊ Drama၊ Horror၊ Thrillerအမျိုးအစားစုံလင်လှတဲ့ငါးမန်းရုပ်ရှင်သစ်ဖြစ်ပါတယ်။၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့်အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင်ရောက်နေတာကို သိရှိလိုက်ရပါတယ်။အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးကသားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပသွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက်ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့်လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင်ကြိုးစားကြရပါတော့တယ်.... File size…3.23GB / 1.49GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Under Paris (2024)
6.8
Hold Me Tight (2021)
Hold Me Tight (2021) ================ IMDb Rating - 6.8/10လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါ တလေ စိတ်ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိ တဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ် စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ မနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက် သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်က တော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေ ခဲ့ပါတယ်။ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ် ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်း ကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ် လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twist ကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှ ကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့် ကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.5 ...
movie
Hold Me Tight (2021)
2021
7
Saint Omer (2022)
Saint Omer (2022)~ IMDb - 7/10, Rotten Tomato - 94% ~2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Saint Omer ဟာ Film Critics ဆီတွေကနေ Rating တော်တော်ကောင်းကောင်းကိုရခဲ့တဲ့ ဥပဒေ ဒရာမာဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဆုတွေအနေနဲ့လည်း ဆန်ကာတင်ဝင်ခဲ့တဲ့ ဆု ၄၁ ဆုမှာ ဆု ၁၆ ဆုထိရရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~စာရေးဆရာမတစ်ဦးဖြစ်တဲ့ ရာမားက ပဲရစ်ကနေ စိန့်အိုမားထိ လော့ရန့်ကိုလီရဲ့ အမှုအကြောင်းရေးဖို့ လာခဲ့ပါတယ်။ ကိုလီကတော့ ၁၅ လအရွယ် ကိုယ့်သမီးလေးကို ပြန်သတ်တယ်ဆိုပြီး အမှုရင်ဆိုင်နေရတဲ့ ဆီနီးဂဲတစ်ယောက်ဖြစ်ပြီး ကိုယ့်အမေနဲ့လည်း ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိနေတာပေါ့။ အမေနဲ့အဆင်မပြေတဲ့ ရာမားကလည်း သူနဲ့ အဖြစ်ချင်းတူနေတော့ ကိုလီကို အရမ်းစိတ်ဝင်စားသွားတယ်။ ရာမား ကိုလီအကြောင်းဆက်ပြီး လေ့လာနေတုန်း ကိုလီ ပြင်သစ်မှာနေရင်း ခံစားရတာတွေကို ကြားပြီး ...
movie
Saint Omer (2022)
2022
6.7
A Tale of Love and Desire (2021)
A Tale of Love and Desire (2021) ======================= IMDb Rating 6.7/10"သူ(မ)ဟာ မာဂျ်နန်ရဲ့ အိပ်မက် မာဂျ်နန်ရေးခဲ့တဲ့ ကဗျာတိုင်းဟာ သူ့အတွက်ပေါ့။ တစ်နေ့တော့ သူ.. မာဂျ်နန့်ဆီ ပြန်လာခဲ့တယ်။ သူ့ရဲ့ အမျိုးသားဖြစ်သူ ဆုံးပါးသွားခဲ့ပြီ။ သူတို့နှစ်ယောက်ကြားက အတား အဆီးတွေ ပြိုလဲသွားခဲ့ပြီပေါ့၊ သို့ပေမဲ့ မာဂျ်နန်ဟာ သူ(မ)ကို လက်မခံခဲ့တော့ပါ၊ဘာလို့လဲ ... ?မာဂျ်နန်ဟာ သူ့ကို သူ့ကဗျာတွေရဲ့ ဈာန်ဝင်စားမှု တစ်ခု အဖြစ်သာကျန်ရှိနေစေချင်ပါတော့သည်။ နှစ်ဦးသား ဆုံ ဆည်းမှုဟာ ကဗျာတွေရဲ့ ..အနက်ကို ပျက်ပြယ်သွားစေ နိုင်သည်။ ထို့ကြောင့် ... အဆုံးသတ်မှာ ကဗျာဆရာတိုင်းရဲ့ အဟန့်အတားဟာ သူတို့ကိုယ်တိုင်သာ ဖြစ်နေခဲ့တော့ပါသည် .... "ဒီကိုးကားချက်လေးအတိုင်း... အာမက်ဆိုတဲ့ ၁၈ နှစ်အရွယ် စာပေသမားလေးဟာလည်း အရာရာမှာ သိပ်ကို အတွေးများ တတ်သူပါ။ ဆိုတော့ ... မထိတွေ့ဖူးသေးတဲ့ အချစ်နဲ့ကြုံလာ တဲ့အခါ သူ့အတွက် ပို၍ဆိုးလှပါတယ်။ ဖာရာဆိုတဲ့ မိန်းကလေး ဟာ သူ့စိတ်မှာ ကြီးစိုးနေပေမယ့် ဒီကြီးစိုးမှုကြီးကနေ ...
movie
A Tale of Love and Desire (2021)
2021
6.5
Waiting for Bojangles (2022)
Waiting for Bojangles (2022) ==================== IMDb Rating - 6.5/10လူသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကလည်း ထူးဆန်းခဲ့ပါရဲ့ ၊ စတွေ့ကတည်းက နှစ်ယောက်ဆုံဆည်းမှုဟာ ပျော်စရာတွေ ယူဆောင်လာပေးမယ်ဆိုတာကို ကိုယ်စီ သိခဲ့ကြသလိုပါပဲ။ ဘဝရဲ့ လက်တွဲဖော်အစစ်နဲ့ ဆုံလာတဲ့အခါ နှလုံးသားကလည်း အလိုလို သိသည် ထင်ပါရဲ့ ၊ ဘယ်အရာတွေက တားတား အချစ် ခရီးက ခိုင်မာခဲ့တယ်။ မိသားစုဆိုတဲ့ အရာလေးကို ဖန်တီးနိုင်ခဲ့တယ်။ဒါပေမဲ့ ဘဝဆိုတာ သာယာလှပလွန်းနေရင် ပျင်းစရာကောင်း မယ်လို့ ယူဆပုံရတဲ့ ဘုရားသခင်က ကံကြမ္မာနဲ့ ပူးပေါင်းကြံစည်ပြီး ဒီမိသားစုလေးအပေါ် မိုးသက်လေပြင်းတို့ ကျရောက်စေခဲ့တဲ့အခါ၊ ဒီဒုက္ခတွေကို ရုန်းထွက်ရမှာ ဒီမိသားစုလေးရဲ့ တာဝန်ဖြစ်လာပါ တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Yoon Sandi Aungမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Khant Sett Naing တို့ဖြစ်ပါတယ်)File Size..........(2.02 GB) / (842 MB) / (476 MB) Quality............BluRay 1080p / 720p ...
movie
Waiting for Bojangles (2022)
2022