Channel Myanmar

Aunjanue Ellis-Taylor

The Supremes at Earl’s All-You-Can-Eat (2024)
The Supremes at Earl’s All-You-Can-Eat (2024)  အားလ်ရဲ့ အဝစားဆိုင်ကနေ The Supremes ဆိုပြီး နာမည်တွင်လာခဲ့တဲ့ အိုဒက်၊ ကလာရိစ်နဲ့ ဘာဘရာ ဂျင်းဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်အဖွဲ့ရဲ့ ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေစပြီး နောက်လာမဲ့ ဆယ်စုနှစ်သုံးခုအကြာမှာ ကြုံတွေ့ကြရမဲ့ အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လူမှုရေးနဲ့ ကိုယ်ပိုင်ဘဝတွေကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု၊ ပူဆွေးမှုစတဲ့ ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာပါ။လက်တွေ့ဘဝမှာ ကြုံကြိုက်တတ်တာလေးတွေကို ဖော်ပြတင်ဆက်ထားတာမို့ တိုက်ဆိုင်မှုလေးတွေပါလို့ ကြည့်ရှုရကျေနပ်စေမှာပါ..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre... Comedy, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

The Supremes at Earl’s All-You-Can-Eat (2024)

The Deliverance (2024) 5.8
The Deliverance (2024)  လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ ‌သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။အက်ဘနီကိုယ်တိုင်က မူးယစ်‌ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိစောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်းကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ်ပြတ်သွားပါတယ်။အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီးပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီးတစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်...ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာမဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှမယုံကြည်ခဲ့ကြပါဘူး...အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလိုအခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကိုဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ‌ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့...အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ်မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း ...
movie

The Deliverance (2024)

Origin (2023) 7.2
Origin (2023)  Origin  ( 2023 ) ==============A24ဟာ ကားကောင်းတွေ ဆန်းဆန်းပြားပြားအငွေ့အသက်ရတဲ့ ရုပ်ရှင်တွေအများကြီးထုတ်ပြီး အောင်မြင်မှုကြီးလာခဲ့သလို မနှစ်ကလည်း သူ့ဆီကထုတ်တဲ့ EEAAOနဲ့ အော်စကာတွေ တော်တော်သိမ်းခဲ့ပြီးပါပြီ။ နီယွန်ကတော့ နည်းနည်းပိုထင်ရှားလာတာတော့  A24နောက်မှပေမဲ့ ၂၀၁၉ကတည်းက သူ့ဆီကဖြန့်တဲ့ ပါရာဆိုက်နဲ့  ဒီလိုအောင်မြင်မှုမျိုးရပါပြီ။  ဒီနှစ်လည်း   A24က သူဖြန့်တဲ့  The Zone of Interest နဲ့  အော်စကာရခဲ့သလို နီယွန်ကလည်း  Anatomy of a Fall နဲ့ အော်စကာရခဲ့ပါတယ်။ နှစ်ဘက်စလုံးက နှစ်တိုင်းလိုလို ကောင်းပေ့ဆိုတဲ့ကားတွေချည်း ဖြန့်နေတဲ့ ကုမ္ပဏီတွေချည်းပါပဲ။ အခု  Origin  ( 2023 )ကလည်း နီယွန်ကကားပါပဲ။  Originဟာ တကယ်တမ်းလည်း ဇစ်မြစ်တစ်ခုကို အဖြေရှာသွားတဲ့ ရုပ်ရှင်တစ်ကားပဲ။  ဘာဇစ်မြစ်လဲဆိုရင်တော့ လူမဲတွေ လူမျိုးရေးခွဲခြားခံရခြင်းရဲ့ ဇစ်မြစ်ပေါ့။ ဘယ်လိုစသလဲဆို တော်တော်တော့ရှည်တယ်။ ဒီဇာတ်မှာတော့ လူမဲကောင်လေးတစ်ယောက်ကို ...
movie

Origin (2023)

The Color Purple (2023) 6.9
The Color Purple (2023) The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie

The Color Purple (2023)

2023
4K HEVC
Undercover Brother (2002) 5.9
Undercover Brother (2002) Undercover Brother (2002) ==================== IMDb Rating - 5.9/10အမေရိကားနိုင်ငံမှာ အာဖရိကန် - အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ "The Man" ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် "The Man" မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ "ဘရားသားဟုဒ်" လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် "ဘရားသားဟုဒ်" အဖွဲ့အနေနဲ့ ဒီကိစ္စဟာ "The Man" ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် ...
movie

Undercover Brother (2002)

2002
Notorious (2009)
Notorious (2009) နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil' ...
movie

Notorious (2009)

Ray (2004) 7.7
Ray (2004)  အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ‌၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်း‌ငယ် ပြောပြချင်ပါတယ်။ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ ...
movie

Ray (2004)

Freedomland (2006) 5.2
Freedomland (2006) Freedomland (2006) ================လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်.... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.21 GB) / (977 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 53Min Subtitle...........Myanmar ...
movie

Freedomland (2006)

2006
The Resident (2011) 7.8
The Resident (2011)  ဂျူလိယက်ဟာ သူမရဲ့ရည်းစားဖြစ်သူကို တခြားကောင်မလေးနဲ့။ သူမရဲ့အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိပြီးတဲ့နောက်မှာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီး သူမရဲ့ဘဝကို အသစ်စတင်ချင်တာကြောင့် နေရာအသစ်လိုက်ရှာနေတဲ့ အရေးပေါ်ဆရာဝန်တစ်ယောက်ပါ။ အိမ်ခန်းလိုက်ရှာရင်းနဲ့ သူမဟာ နေရာကျယ်ဝန်းပြီး ရှုခင်းကောင်းတဲ့တိုက်ခန်းတစ်ခုကို တွေ့သွားပြီး ထိုတိုက်ခန်းရဲ့ပိုင်ရှင်က ဈေးသက်သက်သာသာနဲ့ ငှားပေးတဲ့အခါမှာ နှစ်ခါမတွေးဘဲ ပြောင်းနေလိုက်ပါတော့တယ်၊ သူမဟာ ရည်းစားဟောင်းကြောင့် စိတ်က ဇဝေဇဝါဖြစ်နေပြီ အိမ်ပိုင်ရှင်ကို နမ်းလိုက်မိပါတော့တယ်၊ အဲကနေစပြီး သူမဟာ မနက် မနက်ဆို အိပ်ရာထနောက်ကျပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အလုပ်တွေနောက်ကျလာပါတော့တယ်၊ အကြောင်းအရင်းကို သိရဖို့ CCTV တပ်ဆင်ထားလိုက်တဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဒီအကြောင်းအရင်းကိုရော သူဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.3 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

The Resident (2011)