Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Augie Duke
5.0
Trinket Box (2023)
သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင်ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန်ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းကအမေရိကန်မှာ ဘိုးဘေးဘီဘင် ခေတ်အဆက်ဆက်ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကိုအခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက်ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါတော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလိုသူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းသူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ်အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာလူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယားနှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်ကအတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကိုလက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရောဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thrillerဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. ...
movie
Trinket Box (2023)
6.2
Moon Garden (2022)
Moon Garden (2022)~ IMDb - 6.2/10, Rotten Tomatoes - 86% ~ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆုတွေအများကြီးရထားပြီး ၅နှစ်အရွယ်ကလေးမလေးရဲ့ အံ့ဩစရာ သရုပ်ဆောင်ကောင်းပုံကို ချီးကျူးရမယ့် Fantasy ကားကောင်းဖြစ်ပါတယ်။အမ်မာဆိုတဲ့ ကလေးမလေး ကိုမာဖြစ်နေတုန်း အိပ်မက်ဆိုးလိုနေရာထဲမှာ အပြန်လမ်းရှာဖွေတဲ့ခရီးစဉ်အနေနဲ့ ပုံဖော်ထားတာပါ။အမ်မာရဲ့ဖခင်က အမြဲအလုပ်များနေပြီး မိခင်နဲ့ဖခင် တစ်ချိန်လုံးအချေအတင်ဖြစ်တာကို ကြုံတွေ့နေရသူလေး အမ်မာဟာ တစ်ညတော့ သူ့အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်စကားများတာကို တွေ့သွားပြီး လှေကားပေါ်က ပြေးဆင်းရာကနေ ချော်ကျပြီး ကိုမာ၀င်သွားပါတယ်။ ကိုမာ၀င်နေတုန်း Wonderland လို ထူးထူးဆန်းဆန်းနေရာမှာ ကြောက်စရာသတ္တဝါတွေလိုမျိုးတွေ့ရပြီး ရေဒီယိုကလာတဲ့သူ့အမေရဲ့ အသံကနေတစ်ဆင့် အိမ်အပြန်လမ်းကို ရှာဖွေရပါတော့တယ်။မိဘတွေမသင့်မြတ်တဲ့ကြား နေရတဲ့ကလေးရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကို အမ်မာရဲ့စိတ်ကူးပုံဖော်မှုအတိုင်း စီးမျောခံစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 790MB Quality ...
movie
Moon Garden (2022)
2022
6.7
Spring(2014)
ဒီဇာတ်ကားလေးကတော့ အချစ်ကားတွေ အဖြစ်မှန်လို ထိတ်လန့်စရာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အီဗန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အီတလီကို ခရီးနှင်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လူးဝစ်နဲ့ တွေ့ဆုံကြတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်နယ်မြို့လေးရဲ့ အလှအပလေးတွေ ခံစားရင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဘယ်ပုံဖြစ်လာလည်းဆိုတာကြည့်ရင်းနဲ့ အီဗန်က လူးဝစ်ရဲ့ လျှို့ဝှက်ချက်ကြီးကို သိသွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာပဲ ဖြစ်ပါတယ်ရိုက်ချက်အလှတွေနဲ့ တမူထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ဒီဇာတ်ကားလေးက ကြည့်ပြီးရင် ခေါင်းထဲမှာ စွဲကျန်နိုင်စေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File size…1.52GB / 560.2MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Horror , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Spring(2014)
5.1
Antidote (2021)
Antidote (2021)==============ဒီတစ်ခါတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။နာမည်ကတော့ ဖြေဆေး ......ကြည့်ရှုသူအတွက်တော့ ဖြေဆေး မဟုတ်နိုင်တာ အသေအချာပါပဲ။ဇာတ်ကောင်တွေအတွက်ကရော ဖြေဆေး ဟုတ်နိုင်ပါ့မလား?ရှာရန်ဆိုတဲ့ အမျိုးသမီးက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုနဲ့ အတည်တကျ ရှိနေသူပါ။တစ်နေ့မှာတော့ အူအတက်ရောင်တဲ့အတွက် အရေးပေါ် ဆေးရုံတက်ပြီး ခွဲစိတ်ဖို့ ဖြစ်လာပါတော့တယ်။ခွဲခန်းကနေအထွက် မေ့ဆေးပြယ်ပြီး သတိရလာချိန်မှာတော့ သူ တက်ခဲ့တဲ့ ဆေးရုံ မဟုတ်ဘဲ တခြားဆေးရုံလိုနေရာတစ်ခုကို ရောက်နေတာကို သိလိုက်ရပါတော့တယ်။ အဲဒီမှာ ဆေးရုံကနေ လွတ်မြောက်ဖို့ လွတ်လမ်းရှာရင်းဆေးရုံလိုနေရာရဲ့အကြောင်းကို တစ်စထက်တစ်စ သိလာချိန်မှာတော့ ......ရှာရန်နဲ့အတူ ဖြေဆေးကို အတူတူ ကြည့်လိုက်ရအောင်ပါ။ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ဇာတ်ကားအဆုံးထိကြည့်မိမယ့် ရုပ်ရှင်မျိုးမို့ Horror, Thriller ကြိုက်နှစ်သက်သူတွေ သဘောတွေ့ကြဦးမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Pyg ဖြစ်ပါတယ်။) File Size - (1.4GB)/(850MB)/(460 MB) Quality – BLURAY1080p/720p/480p Duration - ...
movie
Antidote (2021)
2021
5.0
Exit 0(2019)
Exit 0(2019)(Unicode)ဒီဇာတ်ကားလေးက ချစ်သူစုံတွဲနှစ်ယောက်အကြား ဆက်ဆံရေးတွေ အေးစက်ဆုတ်ယုတ်လာတဲ့အတွက် ပြန်လည်တည်ဆောက်ဖို့ စိတ်ပြေလက်ပျောက်အပန်းဖြေခရီးထွက်လာတဲ့ စုံတွဲနှစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်ပေါင်း၁၅၀ကျော်နေပြီဖြစ်တဲ့ ဟိုတယ်တစ်ခုမှာတည်းကြရင်း ထူးထူးဆန်းဆန်းကိစ္စတွေနဲ့ကြုံတွေ့ရပါတော့တယ် ဟိုတယ်ကသူတို့အခန်းရဲ့အိပ်ယာအောက်မှာ သူတို့အခန်းထဲမှာပဲ တစ်ခြားစုံတွဲတစ်တွဲကို ရက်ရက်စက်စက်သတ်ထားတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတိပ်ခွေကိုလဲတွေ့သွားပါတယ် စိတ်ပြေလက်ပျောက် အပျော်ခရီးထွက်လာတဲ့ ချစ်သူနှစ်ယောက် ပျော်နိုင်ပါ့မလား ဘယ်လိုများခြောက်ခြားစရာတွေကစောင့်ကြိုနေမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်(zawgyi)ဒီဇာတ်ကားလေးက ချစ်သူစုံတွဲနှစ်ယောက်အကြား ဆက်ဆံရေးတွေ အေးစက်ဆုတ်ယုတ်လာတဲ့အတွက် ပြန်လည်တည်ဆောက်ဖို့ စိတ်ပြေလက်ပျောက်အပန်းဖြေခရီးထွက်လာတဲ့ စုံတွဲနှစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်ပေါင်း၁၅၀ကျော်နေပြီဖြစ်တဲ့ ဟိုတယ်တစ်ခုမှာတည်းကြရင်း ထူးထူးဆန်းဆန်းကိစ္စတွေနဲ့ကြုံတွေ့ရပါတော့တယ် ဟိုတယ်ကသူတို့အခန်းရဲ့အိပ်ယာအောက်မှာ သူတို့အခန်းထဲမှာပဲ တစ်ခြားစုံတွဲတစ်တွဲကို ရက်ရက်စက်စက်သတ်ထားတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတိပ်ခွေကိုလဲတွေ့သွားပါတယ် စိတ်ပြေလက်ပျောက် အပျော်ခရီးထွက်လာတဲ့ ချစ်သူနှစ်ယောက် ပျော်နိုင်ပါ့မလား ဘယ်လိုများခြောက်ခြားစရာတွေကစောင့်ကြိုနေမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်File Size : (850 MB) and (313 MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Exit 0(2019)