Channel Myanmar

Atul Parchure

Alibaba Ani Chalishitale Chor (2024) 6.6
Alibaba Ani Chalishitale Chor (2024) Alibaba Ani Chalishitale Chor 2024 (သံသယ)ယောက်ျားလေးနဲ့ မိန်းကလေးက တကယ်ပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နိုင်ရဲ့လား ဒီနေ့ခေတ်မှာ တကယ်ထိလွယ်ရှလွယ်ပြီး ပွဲဖြစ်နိုင်တဲ့မေးခွန်းမျိုးပါ။ဒီဇာတ်ကားထဲမှာ​တော့ ခင်မင်မှုနဲ့ ဖောက်ပြန်မှုက အရမ်းပါးတဲ့ မျဥ်းကလေးတစ်ခုလို့ ဆိုထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စုံတွဲသုံးတွဲနဲ့ ယောက်ျားလေးတစ်ယောက် ပါတီလုပ်ရကနေ အစပြုပါတယ်။ ပါတီမှာပျော်ပါးကြရင်း မီးရုတ်တရက်ပျက်သွားတဲ့အခါ အနမ်းပေးတဲ့အသံနဲ့ ပါးရိုက်ခံရတဲအသံကို တစ်ပြိုင်နက်ကြားလိုက်ကြရတယ်။ မီးပြန်ရလာတော့လည်း လက်သည်မပေါ်ဘဲ အီလည်လည်နဲ့ပါတီပြီးသွားတော့တယ်။ပါတီရဲ့ အဖြစ်အပျက်ကိုမကျေနပ်နိုင်သူက ဝက်ဘ်ဆိုက်ထောင်ပြီး မိမိသံသယရှိသူကို အမည်မဖော်ဘဲ ရေးလို့ရတယ် ဆိုလာတဲ့အခါ........ပါဝင်သူတွေက မကျေနပ်နိုင်ဘဲ စုံစမ်းဖို့ ကြိုးစားကြတဲ့အခါ လင်နဲ့မယားကြား အချစ်ဆုံးသူငယ်ချင်းတွေကြား အထင်အမြင်လွဲမှုတွေ အရင်ကဖုံးကွယ်ထားခဲ့တဲ့ သံသယတွေ ပိုပြီးရှုပ်ထွေးလာတော့တယ်။ ဒီလိုအရာတွေကြားမှာ ကာယကံရှင်တွေကို ရှာတွေ့နိုင်ပါ့မလား အချင်းချင်း အရင်လိုပြန်ဖြစ်ကြပါ့ဦးမလားဆိုတာ ဒီကားလေးမှာ စီးမျောကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…1.67GB / 657MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Alibaba Ani Chalishitale Chor (2024)

2024
Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Phir Bhi Dil Hai Hindustani (2000) 6.3
Phir Bhi Dil Hai Hindustani (2000) မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Phir Bhi Dil Hai Hindustani (2000)

Awarapan(2007) 7.2
Awarapan(2007) Awarapan(2007)ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ ဂန်းစတားတစ်ယောက်...သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီးဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်...ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်...ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်...တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကိုသတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်းအမိန့်က အမိန့်ပဲမဟုတ်လား....ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်...သို့ပေမယ်... ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်...သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ...အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား.....အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း...... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်.....File Size : (1.13 GB) and (561 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Awarapan(2007)