Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Atiqah Hasiholan
8.2
A Moon Hangs Above the Graveyard (2015)
A Moon Hangs Above the Graveyard (2015)၁၉၇၃ခုနှစ်ကအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုရုပ်ရှင်ကားလေးကို တင်ဆက်ပေးပါရစေ။နယ်မြို့လေးတစ်ခုက ဆာဘာ၊ ဆာဟတ်နဲ့ တီဂေါ်ရ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်။သူတို့ သုံးယောက်ထဲက ဂျကာတာမှာနေပြီး အောင်မြင်နေတဲ့သူငယ်ချင်း ဆာဘာကို အားကျစိတ်နဲ့ ရည်မှန်းချက်ကိုယ်စီထားပြီး ဂျကာတာမြို့ကြီးကို ဆာဟတ်နဲ့ တီဂေါ်ရ်တက်လာခဲ့ပါတယ်။ တီဂေါ်ရ်က နယ်မှာတုန်းကလိုင်းကားမောင်းတဲ့သူ။ မြို့ကျရင် ဘာပဲလုပ်ရလုပ်ရ ချမ်းသာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့။ ဆာဟတ်ကတော့ အောင်မြင်တဲ့စာရေးဆရာ ဖြစ်ချင်သူတစ်ယောက်။ သူပို့လိုက်တဲ့စာမူ အရွေးချယ်ခံရရက်နဲ့ စာအုပ်ထုတ်မပေးတဲ့ စာအုပ်တိုက်ဆီကို အကြောင်းစုံသိရအောင်သွားတဲ့အချိန် စာအုပ်တိုက်ပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့တွေ့ပြီး ချစ်မိသွားခဲ့ပါတယ်။ရည်မှန်းချက်ကိုယ်စီနဲ့တက်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် မြို့ကြီးပြကြီးကဘ၀ဟာ သူတို့ထင်သလောက် မလွယ်ကူလှဘဲ တံလျှပ်ကိုရေထင်ပြီး အလိုက်မှားမိတဲ့ ရွှေသမင်တွေလို သင်္ချိုင်းပေါ်မှာလင်းတဲ့လကို စိတ်ကူးတွေယဉ်နေရင်း သင်္ချိုင်းထဲမှာရှိနေတဲ့အဖြစ်ကိုသိလိုက်ရပြီးတဲ့နောက်မှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.5GB | 752MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
A Moon Hangs Above the Graveyard (2015)
2015
6.6
The Forbidden Door (2009)
IMDB - 6.6ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာnomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလိုကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေကnegative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက်ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ်ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်းလာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီကရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်းမြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်.... File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , ...
movie
The Forbidden Door (2009)
7.5
Stealing Raden Saleh (2022)
Stealing Raden Saleh (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ်။ လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ်။ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား? သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား? ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်လာပါတယ်။ အဲ့ဒီအပြင် IMDB မှာ rating 7.5 ရရှိထားပြီး အစကနေအဆုံးထိ ရိုးအီမသွားအောင်ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie
Stealing Raden Saleh (2022)
2022