Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Atchara Suwan
6.4
Anatomy of Time (2021)
Anatomy of Time (2021)နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။ အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။ မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလို ခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။ နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။ နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။ သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။ တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ...
movie
Anatomy of Time (2021)
2021
6.4
By the Time It Gets Dark (2016)
By the Time It Gets Dark (2016)~ IMDb - 6.4/10, RT - 90%, Meta - 73% ~By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ...။ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့...။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။ဒီဇာတ်ကားကို ...
movie
By the Time It Gets Dark (2016)
2016