Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashton Smiley
5.6
Unfriended: Dark Web (2018)
ဒီဇာတ်ကားလေးကတော့ ၂၀၁၄ Unfriended ရဲ့ အဆက် horror ဇာတ်ကားတစ်ကားပါ သို့ပေမယ့် ပါဝင်တဲ့ ကာရိုက်တာတွေတော့ မတူကြပါဘူးဇာတ်လမ်းအကျဉ်းအကြောင်းကို မပြောခင် ဒီဇာတ်ကားတစ်ကားလုံးကို ကွန်ပျူတာ Screen ပေါ်ကနေမြင်ရတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်လို့ မျက်စိမယဉ်သူတွေအဖို့ ကြည်ရတာရှုပ်နေလောက်မယ်ဆိုတာ စကားခံထားပါရစေဇာတ်လမ်းအကျဉ်းကတော့ တစ်ယောက်တစ်နေရာစီမှာ နေကြတဲ့ သူငယ်ချင်းတစ်အုပ် ညဆိုSkype နဲ့ စကားစမြည်ပြော ဂိမ်းတွေဆော့ကြပါတယ်မိုင်တီယာဆိုတဲ့ ဂိမ်းထွင်တဲ့ အိုင်တီသမားကောင်လေးရယ် သူ့ချစ်သူ ဆွံအနားမကြားကောင်မလေး အမာယာရယ်နာရိနဲ့ဆယ်လီနာတို့ Lesbian အတွဲရယ် လန်ဒန်က အိုင်တီ geek ဒေမွန်ရယ် အူကြောင်ကြောင် အေဂျေရယ်ပေါ့ပြသနာက မိုင်တီယာတစ်ယောက်ကော်ဖီဆိုင်တစ်ဆိုင်က ပိုင်ရှင်မဲ့လက်တော့ပ်တစ်လုံးကိုဘုမသိ ဘမသိယူလာရာကစတာပါပဲအဲ့လက်တော့ပ်ထဲက တရားမဝင် အင်တာနက်dark web တွေပေါ်က ရာဇဝတ်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ဦးပိုင်တာပါလူသတ်ဖို့ဝန်မလေးတဲ့ ထိုသူက သူ့လက်တော့ပ်ကို ပြန်လိုချင်လာတဲ့အခါ...ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါနော်IMDB rating 5.6 ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ပါ) File Size : (750 ...
movie
Unfriended: Dark Web (2018)
2018
6.3
Sierra Burgess Is a Loser (2018)
ဒီကားလေးကတော့ Netflix ကရိုက်ထားတဲ့ ကျောင်းသားအချစ်ဇာတ်ကားလေးပါဝဝတုတ်တုတ်ကောင်မလေးတစ်ယောက်ရဲ့ အချစ်ပုံပြင်လေးကို ဟာသလေးတွေ ရင်ခုန်စရာလေးတွေနဲ့ ရိုက်ထားတဲ့အတွက် လူငယ်တွေသဘောကျမှာပါအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ ဆီရာဘားဂျက်စ်ဟာ လူတိုင်းကအစခံအလှောင်ခံရတဲ့ ဝဝတုတ်တုတ် ဖက်တီးမလေးပေါ့ဒါပေမဲ့သူကစာဘက်မှအရမ်းထူးချွန်တဲ့သူတစ်ယောက်လဲဖြစ်တယ်သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသူတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ဗရော်နီကာ တို့အဖွဲ့လဲပါတယ်တစ်ရက် ဗရော်နီကာ့ကို သဘောကျတဲ့ တခြားကျောင်းက ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက်က ဗရော်နီကာ့ဖုန်းနံပါတ်ကိုလာတောင်းတဲ့အချိန် ဆီရာဘားဂျက်စ်ရဲ့ နံပါတ်ကိုပေးလိုက်တယ်အဲ့ဒိကောင်လေးဟာ ဆီရာ့ကို ဗရော်နီကာ အမှတ်နဲ့ စာပို့ပြီးစကားပြောတယ်ဆီရာကလဲ ပြန်ပြောရင်း ညတိုင်းသူတို့ဖုန်းတွေပြော သံယောဇဉ်တွေလဲတိုးပေါ့ဂျေမီကတော့ ဆီရာ့ကိုမသိပါဘူးဗရော်နီကာလို့ပဲ ထင်နေခဲ့တာပါဒီလိုနဲ့ ဆီရာက ဗရော်နီကာနဲ့ အပေးအယူတစ်ခုလုပ်ပြီး သူ့နေရာမှာ ဝင်ဟန်ဆောင်ခိုင်းတယ်ဆီရာ နဲ့ ဗရော်နီကာ တို့ရဲ့ Friendship ကလဲ တိုးလာတာပေါ့အဲ့ဒိနောက်မှာတော့ သူတို့နှစ်ယောက် ဆက်ဟန်ဆောင်ပြီး ဂျေမီ့ကိုအရူးလုပ်နိုင်မှာလားကြားထဲမှာဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆီရာရဲ့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါနော်လူငယ်တွေကြိုက်နှစ်သက်မယ် လို့ မျှော်လင့်ရတဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ပါလို့ တိုက်တွန်းပါရစေ ??? (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size ...
movie
Sierra Burgess Is a Loser (2018)
2018
6.1
Invisible Sister (2015)
Invisible Sister (2015)_____IMDb - 6.1/10 disney ကနေ ထုတ်လုပ်တင်ဆက်ထားတဲ့ Invisible Sisterဆိုတဲ့ဇာတ်ကားလေးကို တင်ပေးလိုက်ပါတယ်ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းတဲ့သိပ္ပံဇာတ်ကားလေးပါပဲ IMDb Rate ကတော့ 6.1 ရရှိထားပါတယ် 2015 တုန်းကထွက်ရှိထားပြီး ရိုက်ကူးသူဒါရိုက်တာကတော့ Paul Hoen ဖြစ်ပါတယ် ကလီယို နဲ့ မော်လီတို့ဟာ ညီအစ်မဖြစ်ပါတယ်..မော်လီက အားကစားပွဲတော်တွေ ကစားနည်းတွေ အပျော်အပါးတွေမှာဝါသနာထုံတဲ့သူဖြစ်ပြီး ကလီယိုကတော့ သိပ္ပံပရောဂျက်တွေကိုလုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ..ခဏခဏ လည်းကျရှုံးပါတယ်..တစ်နေ့ဆရာက ကလီယိုကို အိမ်မှာ သကြားဖေါ်ဖို့အတွက်သိပ္ပံပရောဂျက်ကိုလုပ်ခိုင်းလိုက်ပါတယ် အဲ့နေ့မှာ မော်လီကသူ့သူငယ်ချင်းတွေနဲ့အိမ်မှာပါတီလုပ်ပါတယ်.ကလီယိုက သကြားဖော်ရင်းနဲ့မတော်တဆနဲ့ဓါတုဗေဒ ပစ္စည်းတွေ ဖျော်ရည်ထဲမှောက်ကျသွားပြီး အငွေ့တွေထွက်လာတဲ့အခါ လိပ်ပြာလေးတစ်ကောင်က အဲ့အငွေ့ကိုဖြတ်ပျံ မိတဲ့အခါမှာတော့ လိပ်ပြာကတော့ ကိုယ်ပျောက်သွားပါတယ်..ကလီယိုဟာလန့်ပြီးလိပ်ပြာကိုကြိုးစားပြီးလိုက်ဖမ်းပေမယ့် မမိပါဘူး အဲ့လိပ်ပြာကတော့ မတော်တဆပဲ မော်လီသောက်မယ့် ရေခွက်ထဲကိုကျသွားတဲ့အခါ ကိုယ်ပျောက်နေတာဖြစ်တဲ့အတွက်မော်လီကမမြင်ပဲသောက်လိုက်တဲ့အခါ ........... ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါ File size : 802 MB Quality : WEB-DL 720p Format : mp4 Run Time : 1h 20 min Subtitle : ...
movie
Invisible Sister (2015)
2015