Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashton Sanders
6.7
The Equalizer 2 (2018)
The Equalizer 2 (2018)IMDb Rating (6.7) / Rotten Tomatoes (52%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2 (2018) မှာလဲ ပထမဇာတ်ကားထဲကလိုပဲ မတရားမှုတွေကို ဆက်လက်ချိန်ညှိနေတဲ့ Robert McCall အဖြစ် ဒန်ဇဲကိုဆက်လက်ရှုစားရမှာပါ။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=the+equalizer ...
movie
The Equalizer 2 (2018)
2018
4K HEVC
6.7
Whitney Houston: I Wanna Dance with Somebody (2022)
Whitney Houston: I Wanna Dance With Somebody (2022)Whitney Houston ရဲ့ I Wanna Dance With Somebody ဆိုရင်တော့ စာသားဖတ်လိုက်တာနဲ့ခေါင်းထဲမှာသံစဥ်နဲ့အလိုက် ဆိုမိပြီးသားနေမှာပါ။ Whitney က သူ့ခေတ်သူခါမှာအဆိုတင်မဟုတ်ပဲ သူသရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကောင်းတွေလဲရှိခဲ့ပါသေးတယ်။ ဥပမာ ပြောရရင် The Bodyguard ပါ။ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးရော တစ်ကမ္ဘာလုံးမှာပါ သတင်းတစ်ခုရိုက်ခတ်ခဲ့တယ်။ အသက် ၄၈ နှစ်အရွယ်မှာတော့ Whitney တစ်ယောက်ဟာ အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးရခြင်းအကြောင်းကတော့ ဂရမ်မီဆုပေးပွဲမတိုင်ခင်တစ်ရက်မှာ ကိုကင်းသုံးစွဲမှုကြောင့် နှလုံးရောဂါဖောက်ခဲ့ပြီး ရေချိုးကန်ထဲမှာရေနစ်သေဆုံးခဲ့ရတာပါ။ Whitney က ဆိုးသွမ်းတဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေမယ့် အောင်မြင်မှုရဲ့ရိုက်ခတ်မှုဒဏ်တွေ ဝေဖန်မှုဒဏ်တွေ ကိုယ်ရေးကိုယ်တာပြသနာတွေကြောင့် လမ်းတွေအများကြီးထဲက မကောင်းတဲ့လမ်းတွေကို Whitney ရွေးချယ်ခဲ့မိတယ် လို့ စိတ်မကောင်းစွာ ဆိုလိုက်ပါရစေ။ ဒီ အတ္ထုပ္ပတ္တိဇာတ်လမ်းမှာတော့ Whitney ကို ဘုရားပေးတဲ့အသံကိုပိုင်ဆိုင်ထားပေမယ့် ဘာမှမသိသေးတဲ့ မျက်စိသူငယ်နားသူငယ် ဆယ်ကျော်သက်အရွယ်လေးကနေ သူ့ဘဝအနိမ့်အမြင့်အတက်အကျ အောင်မြင်မှုကျရှုံးမှုတွေကို လိုက်ပါကြည့်ရှုရမှာပါ။အဲ့ဒါအပြင် သီချင်းတွေအားလုံးနီးပါးကိုလဲ Whitney နေရာမှာ သရုပ်ဆောင်တဲ့မင်းသမီးလေးက ...
movie
Whitney Houston: I Wanna Dance with Somebody (2022)
2022
7.8
Straight Outta Compton(2015)
Straight Outta Compton Imdb- 7.2 Rotten Tomatoes-85%၁၉၈၆ ဝန်းကျင်ကာလကပေါ့ လူဖြူ လူမဲခွဲခြားမှုအသောမတတ်နိုင်သေးတဲ့ကာလ လူမဲတွေဟာ typical black people ထုံးစံအတိုင်း ဆေးရောင်းတာ ဂိုဏ်းဂဏ ဖွဲ့တာတွေ အလုပ်မပြတ်သလို လူဖြူတွေဖက်ကလဲ အထူးသဖြင့် အာဏာပိုင်တွေဖက်က လမ်းမှာလူမဲတွေအုပ်လိုက် လမ်းလျှောက်သွားတာတွေ့ရင်တောင် ဆွဲစိပီးပညာပေးတဲ့ ကာလပေါ့ဆူပွက်နေတဲ့ရေနွေးအိုးခရားကြီးလိုပဲ လူဖြူတွေနဲ့ လူမဲတွေကြား တကြပ်ကြပ် ထိုစဥ်ကာလက Rap ဂီတဆိုတာ တွင်တွင်ကြယ်ကြယ်တောင် မဖြစ်သေးပါဘူး စကားကုန်ပြောရရင် လူမဲတွေနဲ့ပတ်သတ်တဲ့ယဥ်ကျေးမှု ထုံးတမ်းစဥ်လာ culture တွေဟာ လူဖြူတွေကြားမှာ လက်ခံနိုင်စရာတရပ်အဖြစ် မဖြစ်နိုင်သေးတဲ့အချိန်တွေ ပေါ့အဲ့ထဲမှာ လူမဲတွေရဲ့ Rap ဂီတကလဲ တခုအပါဝင်ဖြစ်ခဲ့တယ် အဲ့လို အကြပ်တည်းကပ်ဆိုက်နေတဲ့ ကာလမှာ Gangsta Rap တွေကို လူသိများအောင် လုပ်ပေးနိုင်ခဲ့တဲ့ role model ၃ယောက်ထွက်ခဲ့ပါတယ်Rap သီချင်းတေကြိုက်တတ်တဲ့သူတိုင်း မသိသူမရှိ Rap God ကြီး Eminem ရဲ့ဆရာ Dr.Dre Gangsta Rap နဲ့အရမ်းအောင်မြင်လာခဲ့တဲ့ Eazy-E Friday တို့ 21 Jump ...
movie
Straight Outta Compton(2015)
2015
7.8
Judas and the Black Messiah(2021)
Judas and the Black Messiah(2021)အညွှန်း*************************************IMDb...7.8"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကိုလူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ"ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့မျက်စိစပါးမွှေးစူးစရာပဲ...ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလိုသူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကိုသူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီကားက Biography ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်...ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size : (2.5 GB) and (1 GB) Quality : HEVC ...
movie
Judas and the Black Messiah(2021)
HEVC 1080p 5.1
7.0
Captive State (2019)
Rating 7 ရရှိထားတဲ့ ကားဖြစ်ပါတယ်.....ခေတ်လွန်အမေရိကန် တော်လှန်ရေးကားဆိုလည်းမမှားပါဘူး....အညွှန်းကတော့ အနာဂတ်မှာ အမေရိကန်နိုင်ငံအပါအဝင်ကမ္ဘာပေါ်ကမြို့ကြီးတော်တော်များများကို ဂြိုလ်သားများနှင့်ဥပဒေပြုသူများဆိုတဲ့ အဖွဲ့အစည်းတစ်ခုက သိမ်းပိုက်ထားတာကိုပြည်သူတွေက ပြန်လည်တွန်းလှန်ကြတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စနစ်အသစ်တွေကိုလည်းစိတ်ဝင်စားဖွယ် ထည့်သွင်းရိုက်ကူးထားတဲ့ ကားတစ်ကားလည်းဖြစ်တာမို့ အားပေးကြပါဦး..File Size : (1 GB) & ( 285 MB)Quality : BluRay 720pRunning Time : 1 hr 49 minFormat : Mp4Genre : Sci-Fi , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie
Captive State (2019)
2019