Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashley Peldon
7.3
Ghost World (2001)
Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie
Ghost World (2001)
2001
5.7
Ice Age: Collision Course (2016)
ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း တွေ့ကာ အာကာသထဲရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်တွေကြောင့်ပဲ ကမ္ဘာပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲကနေတဆင့် နောက်ထပ်ဥက္ကာခဲတွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အရေးအထိ ကြုံလာရပါတော့တယ်။ဒါကြောင့် မန်နီ ဆစ် ဒီယေဂိုတို့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီးလေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ထူထောင်ဖို့ ကြိုးစားလာတာကြောင့် သမီးကို တုန်နေအောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှမြောလည်းနှမြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်လောင်းကို ဘုကလန့်တိုက်ပုံတွေက အတော်လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequelတွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်ပေမဲ့ franchiseကြီးတစ်ခုလုံးကို အကောင်းဆုံး ပိတ်သိမ်း ပေးနိုင်ခဲ့တဲ့၊ ကျွန်တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်ကောင်တွေကို ...
movie
Ice Age: Collision Course (2016)
2016
4K HEVCHDR
6.9
Cats Don’t Dance (1997)
Cats Don't Dance (1997) ================== IMDb Rating - 6.9/10တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (549 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 15Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie
Cats Don’t Dance (1997)
1997
The Crucible (1996)
ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie
The Crucible (1996)
7.0
Chronicle (2012)
Chronicle (2012) IMDb - 7.0/10_____Rotten - 85% 'with great power comes great responsibility' ဒီစကားစုနဲ့အားလုံးမစိမ်းပါဘူး ဒါပေမယ့်အဲ့လိုအစွမ်းတွေရလာတဲ့အခါလက်တွေ့ဆန်ဆန်စဉ်းစားလိုက်ရင် သင်ဟာဂေဟစနစ်ရဲ့အပေါ်ဆုံးနီးပါးကိုရောက်နေပါလိမ့်မယ် အဲ့လိုဆိုရင်တော့ဇာတ်လမ်းကမတူတော့ပါဘူး ဒီကားဟာပုံမှန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့မတူတဲ့ဇာတ်လမ်းတစ်ခုပါပဲ အန်ဒရူးဟာကျောင်းမှာလုံးဝအရှုံးသမားဖြစ်သလို အိမ်မှာလည်းအဖေဖြစ်သူအရက်သမားအနိုင်ကျင့်ရသမျှခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေးပါ သူ့မှာအသက်ရှင်နေရတဲ့အကြောင်းရင်းဆိုလို့အိပ်ယာထဲ ဗုန်းဗုန်းလဲနေတဲ့သူ့အမေသာရှိပါတယ် ဆေးဖိုးလည်းမတတ်နိုင်အတွက်ရောဂါကဆိုးသထက်သာဆိုးလာပါတော့တယ် အန်ဒရူးနဲ့သူ့ဝမ်းကွဲမတ်တ်နဲ့သူငယ်ချင်းစတိဗ်တို့ဟာ ရုတ်တရတ်မြေအောက်ကရေဒီယိုသတ္တိကြွအရာတစ်ခုကို ပါတီပွဲသွားရင်းတွေ့သွားတဲ့အခါမှာတော့... ကိုယ်ပိုင်အရှုံးသမားဘဝနဲ့စွမ်းအားတွေရောယှက်လာမိရင်း ဘယ်လောက်ထိပြသနာတွေတက်ကြမလဲဆိုတာ...Translated by Linn Kyaw Swar AungEncoded by sithu
movie
Chronicle (2012)
2012