Channel Myanmar

Ashley Acarino

The Devil’s Own (1997) 6.2
The Devil’s Own (1997) အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie

The Devil’s Own (1997)

Return to Sleepaway Camp (2008)
Return to Sleepaway Camp (2008)  ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to SleepawayCamp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikကရိုက်ကူးပုံဖော်ထားပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ်Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ်မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး ErinBroderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူအမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲအာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီးတစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေးမစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့်သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလိုဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေအားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ်ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်းမင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီးအာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလားဒါမှမဟုတ် ...
movie

Return to Sleepaway Camp (2008)