Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Asher Angel
5.5
Lazareth (2024)
ကမ္ဘာကြီးမှာ လူသားတွေဟာ သဘာဝတရားကပေးတဲ့အရာတွေကို သုံးချင်သလိုသုံးပြီး နေလာကြတဲ့အချိန်အတိုင်းအတာ တစ်ခုမှာ လောကကြီးမှာပြန်အဖတ်ဆယ်လို့ မရအောင် ပျက်စီးသွားတဲ့ အခြေအနေတစ်ခုကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ကုသမရနိုင်တဲ့ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့ကူးစက် သေဆုံးခဲ့ကြပြီးမြို့ပြကြီးတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့ကုန်ပါတယ်။ရောဂါပိုးနဲ့ မထိတွေ့ဘဲ ကျန်ရစ်နေခဲ့တဲ့ လီဆိုတဲ့ အမျိုးသမီးဟာတူမလေး နှစ်ယောက်နဲ့အတူ လူတွေနဲ့ ဝေးလံတဲ့ ကျေးလက်ဒေသတစ်နေရာမှာ အထီးကျန် နေထိုင်ခဲ့ပါတယ်။ လာဇရက်လို့အမည်ပေးထားတဲ့ သူတို့အိမ်လေးမှာ တူဝရီးသုံးယောက်ဘေးမသီရန်မခ နေထိုင်ရင်း တစ်နေ့ကျတော့ သူတို့နေအိမ်အနီးတောအုပ်ထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ဒီကောင်လေးရောက်လာချိန်ကစပြီး သူတို့တွေရဲ့ စည်းချက်ညီလှုပ်ရှားနေတဲ့ နေအိမ်လေးမှာ ဟန်ချက်မညီမျှတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်...။ဒီကောင်လေးက ဘယ်ကနေ ဘာအတွက်ကြောင့်ဒီကိုရောက်လာခဲ့တာလဲ။သူနဲ့အတူ ဘယ်လို ဘေးအန္တရာယ်တွေပါ လိုက်ပါလာမလဲဆိုတာ....။ File size…1.18 GB/ 443 MB Quality… NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. ...
movie
Lazareth (2024)
7.5
Shazam! (2019)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Shazam! (2019)
2019
4K HEVC
On Fire (2023)
ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား......စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(732 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Action, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
On Fire (2023)
6.5
Shazam! Fury of the Gods (2023)
Shazam! Fury of the Gods (2023)ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, ...
movie
Shazam! Fury of the Gods (2023)
2023
4K HEVC
5.5
Darby and the Dead (2022)
Darby and the Dead (2022) ======================ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်ကတည်းအမေ့ခြေရာအတိုင်း လိုက်နင်းပြီး ပန်းပွားအကမယ်ဖြစ်ချင်တဲ့ ဒါဘီဟာ ပါဟာကမ်းခြေမှာ သူ့အမေနဲ့အတူကမ်းခြေမှာ ရေဆော့နေတုန်း လှိုင်းပုတ်လိုက်မှုကြောင့် နှစ်ယောက်လုံးသေဆုံးသွားပါတယ်။ ဝိုင်းဝန်းအသက်ကယ်ကျပေမယ့် ဒါဘီတစ်ယောက်တည်းကိုသာ တမလွန်ကနေပြန်ခေါ်လိုက်နိုင်ပါတယ်။ အသက်မသေတဲ့အပြင် သေပြီးအသက်ပြန်ရှင်လာတဲ့ဒါဘီမှာ သေပြီးသား ဝိဉာဉ်တွေကိုမြင်ရတဲ့ စွမ်းအားတစ်ခုပါထပ်ဆောင်းအပိုရရှိခဲ့ပါတယ်။ဒီလိုနဲ့ လူသေဝိဉာဉ်တွေရဲ့ လူ့ဘဝမှာမပြီးပြတ်သေးတဲ့ကိစ္စတွေကို လိုက်လံကူညီပေးရင်းနဲ့ နောင်ဘဝသစ်ကိုကူးနိုင်အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးတာပေါ့။ ဒီလိုနဲ့ဒါဘီရဲ့ဘဝဟာ တစ်ဖြည်းဖြည်းနဲ့ လူ အများက ငကြောင်မလို့ပြောဆိုခံရရင်း လူမသိသူမသိအနှိမ်ခံဘဝနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူ့ကိုမုန်းပါတယ်ဆိုတဲ့ ကျောင်း မှာ နာမည်ကြီးပန်ပွားမယ်အဖွဲ့ခေါင်းဆောင်ကာပရီဟာ လျှပ်စစ်ဆံပင် ကောက်စက်ကြောင့်သေဆုံးသွားပါတယ်။ ကာပရီကို ဒါဘီတစ်ယောက် တည်းမြင်ရတာရယ်ကြောင့်ရယ် ကာပရီရဲ့မပြီးပြတ်သေးတဲ့ ၁၇နှစ်ပြည့် မွေးနေ့ပါတီကိုဆက်လုပ်ချင်တာကြောင့်နောင်ဘဝသစ်ကိုမကူးနိုင်ဘဲ ဒါဘီကို အတင်းအကြပ်အကူအညီတောင်းလို့လက်ခံလိုက်ရပါတယ်။ကျောင်းမှာရှိလို့ရှိမှန်းတောင်မသိတဲ့လူမသိသူမသိ ငကြောင်မလေး ဒါဘီဟာ သေသွားပြီးဖြစ်တဲ့နာမည်ကြီး ကာပရီမွေးနေ့ပွဲပါတီကို ကျင်းပဖို့ အတွက်ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့မလဲဆိုတာဆက်လက်ကြည့်ရှု ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.13 GB) / (854 MB) / (493 MB) Quality............WEB 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Fantasy Translator.......Tin ...
movie
Darby and the Dead (2022)
2022