Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arun Bali
8.4
3 Idiots (2009)
IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie
3 Idiots (2009)
2009
4K HEVC
7.2
Dunki (2023)
Dunki (2023) "ပြည်တော်ပြန်" IMDb - 7.2/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့ ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့ ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။ ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။ ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။ ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေး အစွမ်းကုန်ကြိုးစားပေးပါတော့တယ်။ သူတို့ငါးယောက်လုံး လန်ဒန်ရောက်သွားမှာလား...။ ဘယ်လို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကြရမှာလဲ...။တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ...
movie
Dunki (2023)
2024
4K HEVC
8.1
OMG: Oh My God! (2012)
OMG (Oh My God) 2012==================(1080p BLURAY Update)ပရက်ရှ်ရာဝါလ်နဲ့ အက်ရှေးကူးမားရ်တို့ ဦးဆောင်ပါဝင်ထားပြီး သောက်ရမ်းပေါက်ခဲ့တဲ့ OMG 1 (2012) လေးကို ပြန်လည်တင်ဆက်ပေးပါရစေခင်ဗျာဘာသာတရားဆိုတာဘာလဲ လူတွေကဘာကိုကိုးကွယ်ယုံကြည်ကြတာလဲ ဘာသာတရားရဲ့ အခြေခံဆိုတာ ယုံကြည်မှုသဒ္ဒါသက်ဝင်ခြင်းလား ကောင်းမှုလုပ်ရင် ဘုရားကိုကိုးကွယ်ရင် ဥစ္စာစီးပွါးပေါများမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဖြားယောင်းနေတာလား ဒါမှမဟုတ် မကောင်းတာလုပ်ရင် ဘုရားကိုစော်ကားရင် ငရဲရောက်မယ်ဆိုပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလား စသဖြင့် မေးခွန်းပေါင်းများစွာကို ဒီဇာတ်ကားက နက်နက်ရှိုင်းရှိုင်းနဲ့ မေးခွန်းထုတ်ပြထားပါတယ်ဒီကားကိုကြည့်ရှုပြီးရင် ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သတ်တဲ့ ရှုထောင့်တွေဟာ တစ်စုံတစ်ခုတော့ အကျိုးသက်ရောက်မှာပါပဲဇာတ်လမ်းလေးကတော့ ဘုရားဆိုတာမယုံ ဘုရားကျောင်း ဘုန်းကြီး ဘာမှမယုံတဲ့ ဘာသာမဲ့ကြီး ခန်းဂျီဘိုင်ဟာ သူမယုံတဲ့ အရှင်ခရစ်သျှန ဟာနုမာန် စသည်ဖြင့် နတ်ဘုရားပေါင်းများစွာရဲ့ ဆင်းတုတော်တွေကို ဆိုင်ဖွင့် တန်ခိုးကြီး ဓာတ်တော်ရှင် ဘိုးတော်စွန့် စသဖြင့် ဂျင်းပေါင်းစုံကျွေး ရောင်းချပြီး စီးပွါးဖြစ်နေသူပါတစ်ရက်မှာတော့ ဘုရားမယုံတဲ့သူဆိုင်က ငလျင်လှုပ်တဲ့အချိန် တည့်တည့်ကြီး ကွက်ပြိုသွားတဲ့အခါ ဘုရားကိုမကျေမနပ်ဖြစ်ပြီး တရားရုံးမှာ ဘုရားကို တရားခံအနေနဲ့ တရားထစွဲပါတော့တယ် ဘုရားကိုယ်စားလှယ်အနေနဲ့ ...
movie
OMG: Oh My God! (2012)
2012
1080p Untouched
8.1
Barfi! (2012)
Barfi (2012)IMDb Rating (8.1) / Rotten Tomatoes (80%)မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်...ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့် ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီး ကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာ လူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိ တစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာ အခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ထူးခြားမှုကတော့ Barfi ...
movie
Barfi! (2012)
7.9
Goodbye (2022)
Goodbye (2022) Comedy, Drama, Family IMDb 7.9/10 (5.3K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးမှာတော့ အမီတာဘဂျမ်းကြီးရယ် အားလုံးအချစ်တော် မင်းသမီးလေး ရက်ရှမီကားရယ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဒီဇာတ်ကားလေးက ရက်ရှမီကားအတွက် ဘောလီဝုဒ်လောကကို ပထမဦးဆုံး စတင်ခြေလှမ်းလာတဲ့ ကားလေးပဲဖြစ်ပါတယ်...ဒီကားလေးကို ကြည့်ရင်းနဲ့လည်း သံဝေဂတွေ အများကြီးရပါတယ်...ဇာတ်ကားနာမည်ကိုက ဂွတ်ဘိုင်တဲ့လေ..ဟုတ်ပါတယ် ကျွန်တော်တို့ တစ်နေ့ကျရင် ဒီလောကကြီးကနေ နှုတ်ဆက်ခွဲခွာကြရမှာပါ ဘဝသံသရာကြီးကိုလည်း ကြုံဆုံတွေ့ရဦးမှာပါတစ်ချိန်မှာ ကိုယ်က သားသမီးနေရာမှာ ဆိုးချင်တိုင်း ဆိုးခဲ့ပေမယ့် တစ်နေ့ကျရင် မိဘနေရာကို ဝင်ကြရမှာပါပဲ...လောကဓံတရားက ကိုယ်နဲ့အတူအမြဲရှိနေမှာပါ..ဒီတော့ မိဘေတွေကို ရှိနေတုန်း တန်ဖိုးထားကြပါ မိဘနဲ့အတူအချိန်ဖြတ်သန်းကြပါ မိဘကို အချိန်ပေးကြပါလောကမှာရှိနေစဉ် ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့လည်း သင့်သင့်မြတ်မြတ်နေထိုင်ဖြတ်သန်းကြပါ အချင်းချင်းဂရုစိုက်ပေးကြပါတစ်ချိန်မှာ ကိုယ့်သွေးသားရင်းခြာ..ကိုယ့်မိဘတွေနဲ့ နှုတ်ဆက်ခွဲခွာရတဲ့အခါမှာလည်း ကောင်းသောနှုတ်ဆက်ခြင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးဟာ မိသားစုဒရာမာကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…2GB / 1GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor ~ Shwe Pyae ~ ...
movie
Goodbye (2022)
2022
5.0
Laal Singh Chaddha (2022)
Comedy, Drama, Romanceကဲ ကဲ လူရှင်းမယ် လူရှင်းမယ် အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉.. Forrest Gump Remake ကားလည်းဖြစ် မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူးနာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့ အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့ သူဟာ ဘာမဆိုတတ်စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက် ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ် သူကတော့ "ရူပါ" တဲ့အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ် ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ် သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင် အစုံသူလုပ်ခဲ့တယ်"လိုင်" ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် ...
movie
Laal Singh Chaddha (2022)
2022
5.7
Panipat(2019)
Panipat(2019)(unicode)မာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ် အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ....ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်...အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်....ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ.... လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား....ဆိုတာကိုတော့..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်... (zawgyi)မာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ် အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ....ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်...အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်....ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ.... လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား....ဆိုတာကိုတော့..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe ...
movie
Panipat(2019)
7.0
Manmarziyaan ( 2018 )
ဘောလီဝုဒ် ဒါရိုက်တာတွေထဲမှာ ဘယ်သူနဲ့မှမတူဘဲတမူထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ချပြလေ့ရှိတဲ့Anurag Kashyap ရဲ့နောက်ဆုံးထွက် တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Gangs of Wasseypur,Ugly, Sacred Gmaes တို့လိုနာမည်ကျော်ဇာတ်ကား၊ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးရှင်ကြီးလည်း ဖြစ်ပါတယ်ဒီဇာတ်ကားမှာလည်း အချစ်ဇာတ်ကို ဘောလီဝုဒ်ရဲ့ဖန်တရာဇာတ်တွေနဲ့ မတူဘဲ အသစ်တစ်မျိုး ချပြထားပါတယ်Love, Sex & Marriage စတာတွေကို ခပ်ဆန်းဆန်းလေးတင်ဆက်ထားပါတယ်ဇာတ်လမ်းလေးကတော့ မိသားစုတွေမသိအောင်ရည်းစားခိုးထားနေတဲ့ ရူမီ့တစ်ယောက် အိမ်ကလူတွေအခန်းထဲမှာ ဘဲနဲ့ ပက်ပင်းမိသွားပါတယ် ဒီအချိန်မှာရည်စားထားတာကနေ လက်ထပ်ထိမ်းမြားရတော့မယ့်အခြေအနေကို ဖြစ်လာပါပြီ အိမ်ကပေးစားတဲ့သူမယူချင်ရင်သူ့ကောင်လေးကို လာတောင်းရမ်းခိုင်းပေမယ့် ရူမိ့ရည်းစားဗစ်ကီကတော့ တလွဲတချော်လုပ်လို့ ပေးစားတဲ့သူနဲ့ပဲယူလိုက်ရပါတော့တယ် အခုမှ ဇာတ်လမ်းစပါတော့တယ်ရူမီ၊ ဗစ်ကီနဲ့ ရော်ဘီတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုဆက်လက်ခံစားလိုက်ကြပါတော့ ခင်ဗျာ ဘာသာပြန်နဲ့အညွန်းကတော့ ကို ဇော်ထူးပဲဖြစ်ပါတယ် Translated By Zaw HtooEncoded By LK
movie
Manmarziyaan ( 2018 )
2018
8.0
Airlift (2016)
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker အစမ်းကြည့်ရန်
movie
Airlift (2016)