Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Artus
The Biggest Fan/ Jadore Ce Que Vous Faites (2022)
ပြင်သစ်နိုင်ငံကျော်ရုပ်ရှင်မင်းသား"ဂျရက်လန်ဗင်း"ဟာ နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါတဲ့အမေရိကန်ရုပ်ရှင်မှာပါဝင်ဖို့ကမ်းလှမ်းခံရပြီး အဲ့ရုပ်ရှင်ကိုရိုက်ကူးဖို့လက်ခံခဲ့ပါတယ် ရုပ်ရှင်ကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရိုက်ကူးပါတယ် အဲ့မြို့မှာပဲ ဂျရက်ဟာ သူခေတ္တတည်းရတဲ့အိမ်ကရေကူးကန်ကိုလာပြုပြင်ပေးတဲ့ မိုမိုဇာပါရေတိုဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရပါတယ် သူကဂျရက်ရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါမိုမိုဟာသူအရမ်းသဘောကျလေးစားရတဲ့အိုင်ဒေါကိုအပြင်မှာမြင်တွေ့လိုက်ရတဲ့အခါ ခင်မင်ရင်းနှီးမှုရအောင်ကြိုးစားပါတယ် ဂျရက်ရဲ့ရိုက်ကွင်းကိုပါလာခွင့်တောင်းပြီး နောက်ပိုင်းမှာဂျရက်ကိုမျက်စိအောက်ကအပျောက်မခံလောက်တဲ့အထိ ကော်လိုကပ်နေခဲ့ပါတယ် မိုမိုအတွက်ကတော့ သူအရမ်းကြိုက်ရတဲ့ရုပ်ရှင်မင်းသားမလို့ အရမ်းတွယ်ကပ်နေတာပေမဲ့ တစ်ဖက်ကဂျရက်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး မိုမိုကိုတွေ့ရတာကအိပ်မက်ဆိုးတစ်ခုလိုပါဖြစ်လာပါတော့တယ် File size…(1.5 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Biggest Fan/ Jadore Ce Que Vous Faites (2022)
5.4
For Better And For Worse (aka) Un homme heureux (2023)
ရှေးရိုးစွဲမြို့တော်ဝန်ဂျန်က transgenderဆန့်ကျင်သူတစ်ယောက်ဖြစ်ပြီး မြို့တော်ဝန်သက်တမ်းတိုးဖို့အတွက် မြို့တော်ဝန်ရွေးကောက်ပွဲကို ထပ်ပြီးဝင်ပြိုင်တော့မှာပါ ။ရွေးကောက်ပွဲကျင်းပခါနီးမှာပဲ ဂျန်ရဲ့ဇနီး အီဒီက ဂျန်ကို ကြီးမားတဲ့လျို့ဝှက်ချက်တစ်ခုဝန်ခံလိုက်တယ် ။ အဲဒါကတော့ အီဒီက ယောကျ်ားတစ်ယောက်လို ပြောင်းလဲနေထိုင်ချင်တဲ့အမျိုးသမီးတစ်ယောက်ဆိုတာပါပဲ ။ ငယ်စဥ်ကတည်းက အီဒီက အဲဒီစိတ်ကိုတွန်းလှန်ဆန့်ကျင်လာခဲ့ပြီး အိမ်ထောင်ပြု၊ကလေးတွေရပြီးမှ နောက်ဆုံးမှာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်ခံဖို့ဆုံးဖြတ်ခဲ့တာပါ ။ဒီအကြောင်းကိုကြားလိုက်ရတဲ့ ဂျန်ကတော့ တစ်ခါတည်း ခေါင်းဆင်နင်းသွားတော့တယ် ။လက်ထပ်ပွဲကတိသစ္စာထဲက " FOR BETTER OR FOR WORSE "ဆိုတဲ့စကားအတိုင်း ဂျန်က အီဒီရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ပါ့မလား... ။ ဟာသကားမို့လို့ သဘာဝဆန်ဆန်လေးနဲ့ ရယ်ရပြီး ပိတ်ရက်မှာအပန်းပြေကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ ကြည့်ရှုသူတွေရော မြို့တော်ဝန်ဂျန်လိုအခြေအနေမျိုးနဲ့ကြုံရရင် ဘယ်လိုဆုံးဖြတ်ချက်မျိုးချမလဲဆိုတဲ့အတွေးလေးတစ်ခုလည်းရစေပါတယ်နော် ။ File size…(1.8 GB)/(935 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie
For Better And For Worse (aka) Un homme heureux (2023)
5.1
Cat and Dog (2024)
စိတ်တွေပင်ပန်းနေတဲ့အချိန်မှာပေါ့ပေါ့ပါးပါးပျော်စရာဇာတ်ကားလေးတွေကြည့်ချင်တယ် ကြောင်လေးခွေးလေးတွေကိုချစ်တတ်တဲ့သူလည်းဖြစ်တယ်ဆိုရင်ကြည့်သင့်တဲ့Cat And Dog ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Rating 5.1 ရရှိထားတဲ့အတွက်ထုံးစံအတိုင်းသာမန်အနေအထားလေးနဲ့ကြည့်ပျော်ရှုပျော်ရှိပါတယ်။ဇာတ်လမ်းနာမည်အတိုင်းပဲ ကြောင်နဲ့ခွေးကိုအဓိကဇာတ်ကောင်တွေအနေနဲ့ တွေ့ရမှာဖြစ်ပြီး ကြောင်ကတော့ဒီဗာဆိုတဲ့ နာမည်ကြီးInfluencer ကြောင်ပဲ ဖြစ်ပါတယ်။ခွေးကတော့ ဒီအတိုင်းလမ်းဘေး ခွေးလေးတစ်ကောင်သာဖြစ်ပေမဲ့ ဒီဇာတ်ကားမှာဘယ်လိုအရေးပါလာတာလဲ ဆိုတာကိုပြောရရင်တော့သကြားလုံးပန်းသီးလို့ ခေါ်တဲ့ တန်ဖိုးကြီးပတ္တမြားကို ခိုးလာတဲ့သူခိုးဆီကနေ စားမိသွားလို့ပါပဲ။ဒီတော့ ပတ္တမြားပြန်ထွက်လာတာစောင့်ဖို့ တစ်နည်းပဲ ရှိတော့တဲ့အတွက် သေးခံလေးဝတ်ပေးထားတာကလည်း တော်တော်ချစ်စရာကောင်းပါတယ်။အဲ့ဒီ သူခိုးရဲ့နာမည်ကတော့ ဂျက်ခ်လို့ခေါ်ပြီးအဲ့ဒီရတနာကိုခိုးလာတဲ့အတွက်နယူးယောက်ကိုသွားပြီး ခြေရာဖျောက်ဖို့ပတ္တမြားစားထားတဲ့ ခွေးလေးနဲ့လေဆိပ်ကိုထွက်လာတဲ့အချိန်မှာဒီဗာနဲ့ သူ့ပိုင်ရှင်မိုနီကာနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ကြောင်လေးနဲ့ခွေးလေးကသက်သက် ပိုင်ရှင်နှစ်ယောက်ကလည်းသက်သက်စွန့်စားခန်းတွေထွက်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ဟာသတွေနဲ့နှောပြီးကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.64GB / 832MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Cat and Dog (2024)
5.4
Apaches (2023)
Apaches (2023)"Apache" ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံးယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ...
movie
Apaches (2023)
2023
5.9
Not My Type (2022)
Not My Type (2022)ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ...အဲဒီလိုပါပဲ... ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် ...
movie
Not My Type (2022)
2022
5.1
King (2022)
King (2022)ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ လေဆိပ်တစ်ခုကနေလွတ်လာပြီး ပျောက်ဆုံးသွားပါတယ်။ ရဲတွေဟာ ဒီခြင်္သေ့လေးကိုလိုက်လံရှာဖွေရင်း အန္တရာယ်ရှိတာမို့ အနားမကပ်ကြဖို့လည်း ထုတ်ပြန်နေကြပါတယ်။ အဲဒီလိုနဲ့ ခြင်္သေ့လေးဟာ Inès နဲ့ Alex တို့ရဲ့ အိမ်ထဲကိုရောက်လာတာပေါ့။Inès ဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် မိထွေးကသူတို့အပေါ်ကောင်းပေမယ့်လည်း အထီးကျန်စွာနေနေတတ်တဲ့ကလေးတစ်ယောက်။ မောင်နှမနှစ်ယောက်အနက် အငယ်ဖြစ်ပေမယ့် တွေးတတ်ခေါ်တတ်ရှိပြီး ထက်ထက်မြက်မြက်လေးပေါ့။ ဒီလိုနဲ့ပဲ ခြင်္သေ့လေးကို Inès တွေ့ကတည်းက ချစ်ခဲ့ရပြီး King လို့ မှည့်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးပီသစွာ မစဉ်းစားမဆင်ခြင်တတ်တဲ့ အကို Alex ကတော့ King လေးနဲ့ Video ရိုက်ပြီး လိုင်းပေါ်တင်လိုက်တာ Viral ပါဖြစ်သွားပါတော့တယ်။အဲဒီကနေစလို့ Inès နဲ့ Alex နှစ်ယောက်သား ချစ်စရာ King လေးကို လွတ်လွတ်လပ်လပ် သူ့သဘာဝအတိုင်းရှင်သန်နိုင်အောင် တောထဲလွှတ်ဖို့ ပြင်သစ်ကနေ အာဖရိကထိဆိုတဲ့ Adventure ခရီးကြမ်းကို ဘယ်လိုရုန်းကန်လှုပ်ရှားစွန့်စားကြရမလဲဆိုတာကို ...
movie
King (2022)
2022
4.8
Natural Born Liar (2022)
ဒီတစ်ခါမှာတော့ Menteurဆိုတဲ့ ပြင်သစ် Comedy ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်.. အင်္ဂလိပ်လိုဆိုရင်တော့ Natural Born Liar တဲ့... ဝမ်းတွင်းပါလူလိမ်ပေါ့ဗျာ..ဇာတ်လမ်းအကျဥ်း ဂျယ်ဟွန်းမ်ဘယ်ဟာဒါ ဆိုတဲ့ မလိမ်ရမနေနိုင် လူလိမ်တစ်ယောက်ရှိပါတယ်.. သူများတွေကို လိုက်လိမ်စားတာမျိုးမဟုတ်ပဲ စကားပြောနေရင်းနဲ့ကို အလိမ်တွေညှပ်ပြောတတ်တဲ့သူပါ... တစ်နေ့မှာတော့ သူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သည်းမခံနိုင်တော့တဲ့အဆုံး သူ့ကိုမလိမ်ဖို့ ဝိုင်းပြောပါတော့တယ်... လူလိမ်တွေရဲ့ထုံးစံအတိုင်းပဲ သူမလိမ်ဘူးလို့ ဖင်ပိတ်ငြင်းတာပေါ့... ဒါပေမယ့် နောက်နေ့မနက်ရောက်တော့ သူလိမ်ခဲ့သမျှအရာတွေအကုန်လုံး လက်တွေ့ဘဝမှာ တကယ်ဖြစ်လာတဲ့အခါ..... ဘာကြောင့် ဒီလိုတွေဖြစ်လာတာလဲ..... ကျိန်စာလား..... အရင်အတိုင်းပြန်ဖြစ်အောင် လုပ်လို့ရောရပါ့မလား...တစ်နာရီခွဲစာ ကားလေးဆိုပေမယ့် အသေခွီနေရပါတယ်... ဘယ်ဟာဒါညီအစ်ကို၂ယောက်ရဲ့ အလွဲပေါင်းတစ်သိန်းနဲ့တင် အချိန်ပေးရကျိုးနပ်နေပြီမလို့ မြန်မြန်သာဒေါင်းကြည့်လိုက်ကြပါတော့ CMပရိသတ်ကြီးရေ.....File size…(2.86GB) / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal
movie
Natural Born Liar (2022)