Channel Myanmar

Arthur Chen

My Best Summer ( 2019 ) 6
My Best Summer ( 2019 ) ဒီကားလေးဟာ 2019ထွက် တရုတ်ကျောင်းသားအချစ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်... Imdb6 ရထားပြီး တရုတ်နိုင်ငံမှာ လူကြိုက်များလှတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ.. ကန်ကန်ဆိုတဲ့သာမန်ကျောင်းသူလေးက တရုတ်ပြည်မှာနံပါတ်၁ကျောင်းဖြစ်တဲ့ ကျိန့်ဟွာအထက်တန်းကျောင်းကို ဝင်ရောက်ခဲ့တဲ့ပထမနေ့မှာပဲ ရူပဗေဒဉာဏ်ကြီးရှင် ယွီဟိုင်တို့တွေ့ဆုံပြီး တစ်ခုံတည်းအတူထိုင်ဖို့ဖြစ်လာတဲ့အခါ.. သူတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းသံယောဇဉ်တွေခိုင်မာလာပြီး အပြန်အလှန်သဘောကျနေပေမယ့် မျိုသိပ်ပြီးရင်ထဲမှာသိမ်းဆည်းထားကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ.. သူတို့နှစ်ယောက်ဆုံဆည်းနိုင်ပါ့မလား ဒီကားလေးထဲမှာ သူတို့နှစ်ယောက်အပြင် သူငယ်ချင်းတစ်သိုက်ကြားက အဖြစ်အပျက်လေးတွေကိုပြန်မြင်ရပြီး အထက်တန်းကျောင်းသား/သူဘဝကိုပြန်ပြီး အမှတ်ရစေမှာအမှန်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

My Best Summer ( 2019 )

2019
Yesterday Once More ( 2023 ) 6.2
Yesterday Once More ( 2023 ) ဒီ စိတ်ကူးယဉ် အချစ်ရုပ်ရှင်လေးမှာတော့ မင်းသားချော Arthur Chen နဲ့ မင်းသမီးချောလေး Zhou Ye တို့ အတူသရုပ်ဆောင်ထားပါတယ်။ အတိတ်တွေ၊ နောင်တတွေ လူတိုင်းမှာ ရှိတတ်ကြတာမို့ တကယ်လို့ အချိန်နောက်ပြန်သွားခွင့်ရရင် ပြင်ဆင်ချင်တဲ့ အမှားတွေ လူတိုင်းမှာရှိမှာပါပဲ။ ဒါပေမဲ့ အနာဂတ်ကိုကြိုသိနေတဲ့တိုင်အောင် အတိတ်ကို တကယ်ပြောင်းလဲနိုင်ပါ့မလား ပြောင်းလဲတတ်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ဇာတ်လမ်းအကျဉ်းကူးယိရွှမ်းဟာ ငယ်စဉ်ကတည်းက အမေမရှိတဲ့သူ အဖေကလည်း အမြဲမူးနေတဲ့သူဖြစ်ပြီး မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းဖို့ကြိုးစားနေခဲ့ရပါတယ်။ အဲဒီအချိန် ကလေးဘဝမှာပဲ ဟန်ရှုရန်ဆိုတဲ့ ကလေးမလေးက သူနဲ့အတူ မမေ့နိုင်စရာ မွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာ သူတို့တွေ ကွဲသွားကြတယ်၊ အသက်ကြီးလာချိန်မှာ ပြန်တွေ့ကြတယ်၊ ချစ်မိသွားကြတယ်ပေါ့။ ဒီအထိကတော့ ရိုးရိုးလေးနဲ့ လှလှလေးပါပဲ။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားချိန်မှာ နောက်တစ်ယောက်ဟာ သူတို့ငယ်ငယ်က အမှတ်တရသိမ်းထားခဲ့တဲ့ ဖယောင်းတိုင်လေးနဲ့ ဆုတောင်းမိရင်း အချိန်ခရီးသွားမိပါတော့တယ်။အချိန်ကလည်း သူ့ချစ်သူ မသေခင် တစ်ရက်လေးကိုပဲ ပြန်သွားနိုင်တာဖြစ်ပြီး ချစ်သူကိုကယ်ဖို့ ကြိုးစားပေမဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သေဆုံးသွားရတာပါပဲ။ ဒီဖယောင်းတိုင်လေးတွေ မကုန်ခင်မှာ သူ့ကို ကယ်နိုင်မလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြီး ...
movie

Yesterday Once More ( 2023 )

My People, My Country(2019) 7.0
My People, My Country(2019) My People, My Country(2019)(Unicode)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ဆိုက်ခဲ့ပါတယ်... သို့ပါသော်ငြားလည်း တရုတ်ဟာခု ကမ္ဘာမှာ ဘယ်လိုအနေအထားနဲ့ ရှေ့ဆက်နေလဲဆိုတာ အားလုံးအသိပါပဲ..ဒီဇာတ်ကားကတော့ တရုတ်နိုင်ငံ လွတ်လပ်‌ရေးရပြီး နှစ် ၇၀ ပြည့်အထိန်းအမှတ်အားဖြင့် ဒါရိုက်တာကြီး ၇ ယောက်တို့က လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွင်နိုင်တဲ့ အကြောင်းအရာ ၇ ခုကို ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်များစွာကိုလည်းအသုံးပြုထားပါတယ်... ဒီလိုသမိုင်းတွင်နိုင်ခဲ့တဲ့အကြောင်းအရာရဲ့နောက်ကွယ်မှာ သာမန်လူတစ်ယောက် အနေနဲ့လည်း ထိုကြီးကျယ်လှတဲ့ အဖြစ်တွေနှင့် မဖြစ်မနေ စပ်လျဉ်းနေတဲ့အကြောင်းကို ရသ‌မြောက်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ ဒီဖြစ်ရပ်မှန် ၇ ခု ကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ တဖြည်းဖြည်းတိုးတက်လာပုံကိုလည်း‌တွေ့ရမှာပါ။ဗဟုသုတလည်းရသလို မှတ်သားစရာပေါင်းများစွာလည်းပါတဲ့အပြင် ကြည့်ရှုသူတွေကိုလည်း စိတ်ဝင်စားအောင် ခမ်းခမ်းနားနားရိုက်ပြထားပါတယ်.. ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ပဲဖြစ်ပါတယ်...(zawgyi)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ...
movie
