Channel Myanmar

Artemis Pebdani

Big City Greens the Movie: Spacecation (2024) 6.4
Big City Greens the Movie: Spacecation (2024) Big Ciy Greens The Movie (2024)နာမည်အတော်အတန်ရှိရဲ့ စီးရီးအတွက် သီးသန့်ထုတ်ထားတဲ့ မူဗီပါ။ ပုံစံကတော့ The Simpsonsလိုပုံစံမျိုးကို လိုက်တုထားတယ်ပြောရမလားပဲ။ ဒါပေမဲ့ ဒီမှာကတော့ မိသားစုထဲက ပြဿနာလေးတွေနဲ့ အာကာသခရီးနဲ့ကိုပဲ အဓိကပုံဖော်ထားတာပါ။ ဘစ်စီးတီးဆိုတဲ့ မြို့ကြီးတစ်မြို့ရှိတယ်။ ကမ္ဘာ့လူဦးရေးအများဆုံးမြို့ကြီးတဲ့။ အဲဒီမြို့ကြီးရဲ့ အစွန်မှာ ဂရင်းမိသားစုဆိုတဲ့ မိသားစုတစ်ခုရှိတယ်။ သူတို့က ခြံလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တောင်သူတွေပေါ့။ နှစ်တိုင်း သူတို့က မြို့ပေါ်ကို ကုန်စိမ်းတွေပို့ရင်း အပန်းဖြေခရီးထွက်ကြတယ်။ အာကာသစခန်းတစ်ခုရဲ့စီအီးအိုဆီ ကုန်သွားပို့ရင်း အာကာသထဲ သွားရဖို့အကြောင်းဖန်လာတဲ့အကြောင်းပေါ့။ အကြောင်းဖန်လာပုံကတော့ အာကာသစခန်းက အာကာသထဲ လူတွေအတွက်ဟိုတယ်ဖွင့်ထားသလို စားဖို့သောက်ဖို့အတွက်လည်း အာကာသထဲ လယ်တွေယာတွေစိုက်ထားတယ်။ စက်ရုပ်တွေနဲ့ပဲ လုပ်ဖို့စီစဉ်ထားပေမဲ့ စက်ရုပ်တွေက ချို့ယွင်းချက်ဖြစ်ပြီး မရိတ်နိုင်နေလို့ လူတွေလွှတ်ဖို့ အကြောင်းဖန်လာတာပါပဲ။ အာကာသယာဉ်မှူးကို လယ်စိုက်တတ်အောင်သင်ပေးရတာထက် လယ်သမားကို အာကာသယာဉ်မှူးလုပ်ပေးရတာ ပိုလွယ်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ စီးအိုစီကြီးက သူတို့မိသားစုကို အာကာသထဲလွှတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ ရယ်တစ်ဝက်ရင်ဖိုတစ်ဝက်နဲ့ ကြည့်ရမယ့် ကြည့်ကောင်းတဲ့ကာတွန်းကားလေးပါပဲ။အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်Genre..... Animatino, Comedy, Family Quality…. 1080p | 720p File size… ...
movie

Big City Greens the Movie: Spacecation (2024)

2024
Fool’s Paradise(2023) 6.0
Fool’s Paradise(2023) Fool's Paradise(2023)*********************ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။ အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။ အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။ တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။ Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။ သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။File Size : (2.2GB)and (703MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Fool’s Paradise(2023)

Monster High: The Movie (2022) 4.7
Monster High: The Movie (2022)  Monster တွေရဲ့ခံယူချက်နဲ့ သူတို့ကမ္ဘာလေးအကြောင်းကိုသေချာရိုက်ကူးထားတဲ့ Monster High ဇာတ်ကားမှာဆိုရင်…..Main character က​လောဒင်းက လူသားတစ်ပိုင်းမွန်းစတားတစ်ပိုင်းဖြစ်နေတော့ လူသားတွေကြားမနေချင်တော့ပဲ သူနဲ့သက်ဆိုင်တဲ့ monster တွေကိုပဲလက်ခံတဲ့ အထက်တန်းကျောင်းကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ် တခါတလေ သူစိတ်လှုပ်ရှားတဲ့အချိန် ဝမ်းနည်းတဲ့အချိန်တွေမှာ လူသားပုံစံကိုခဏတာပြန်ရောက်သွားတာကို တခြားသူတွေသိသွားမှာစိုးရိမ်နေရင်း သူ့လိုပဲ half-monster တစ်ယောက်ဖြစ်ပီး သေဆုံးသွားတဲ့ Hyde ဖော်စပ်ထားတဲ့ဆေးက monster လုံးလုံးပြောင်းပေးနိုင်မယ်လို့ယူဆမိပီးလိုက်ရှာရင်း သူငယ်ချင်း Frenky နဲ့ Draculaura တို့ကပါကူညီပေးခဲ့ပါတယ် Frenky ကို နာမည်ကြီးပညာရှင်တွေရဲ့အစိတ်အပိုင်းတွေနဲ့ဖန်တီးထားတာဖြစ်ပီး Draculauraကတော့ မှော်ပညာကိုလေ့လာနေတဲ့သွေးစုပ်ဖုတ်ကောင်ပါ သူတို့ရဲ့အကူအညီတွေနဲ့ Clawdeen ဆေးရည်ကိုရှာတွေ့မလား ဆေးရည် ရှာရင်း ကျောင်းကိုဖျက်ဆီးမဲ့အကြံကိုဘယ်လိုဖော်ထုတ်နိုင်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် File size…(2.48GB) / (1.22GB) / (789MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre...Action / Adventure / Fantasy Subtitle….Myanmar Subtitle ...
movie

Monster High: The Movie (2022)

Godmothered 2020 6.2
Godmothered 2020 မှော်ဆန်ဆန်လေးနဲ့ လူတွေရဲ့ပျော်ရွှင်မှုအနှစ်သာရကိုဖော်ပြသွားတဲ့ GODMOTHEREDဇာတ်လမ်းခေါင်းစဥ္အတိုင်းပဲ လူတွေကိုကူညီပေးတဲ့နတ်သမီးမေမေတိုင်းပြည်ကအသက်ငယ်သေးတဲ့ အယ်လီနာအမည်ရတဲ့နတ်သမီးမေမေသင်တန်းသားလေးကစစ်မှန်တဲ့နတ်သမီးမေမေဖြစ်ဖို့အတွက်လူတွေကိုထာ၀ရပျော်ရွှင်အောင်ကူညီပေးတဲ့တာ၀န်ကိုရအောင်ရှာပီးတာ၀န်ဖြစ်တဲ့ မက ်ကန်ဆီအမည်ရတဲ့ကလေးမလေးဆီသွားခဲ့ပါတယ်မက ်ဆာချူးဆက်ကိုရောက်တဲ့အချိန်မှာတော့မက္ ကန်ဆီက သူထင်ထားသလို၁၀နှစ်သမီးလေးမဟုတ်တော့ပဲSingle momအဖြစ်နဲ့ သမီး၂ယောက်ကိုထိန်းကျောင်းရင်းသတင်းကြေ ငြာသူလုပ်နေတာဖြစ်ပါတယ်အစပိုင်းမှာ အယ်လီနာရဲ့မှော်အစွမ်းကမပြည့်စုံသေးတဲ့အတွက်လွဲချော်မှုတွေရှိပေမဲ့ နောက်ပိုင်းမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့Single momနဲ့ သူ့ကလေးတွေကိုဘ၀ရဲ့အဓိ္ပ္ပါယ်ကိုသိရှိအောင်ဘယ်လိုကြိုးစားဖန်တီးပေးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File Size - 1.4 GB , 700 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Zora Yang Encoder - Littleneo  
movie

Godmothered 2020