Channel Myanmar

Art Parkinson

San Andreas (2015) 6.1
San Andreas (2015) Genre - Action,Adventure,Thriller IMDb - 6.1/10ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ...ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။File size…    7GB / 1.5 GB /  813 MB Quality… BluRay 4k ...
movie

San Andreas (2015)

4K HEVC
Dracula Untold (2014) 6.3
Dracula Untold (2014) Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie

Dracula Untold (2014)

2014
4K HEVC
Love, Rosie (2014) 7.2
Love, Rosie (2014)  ရိုစီ ဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတယ် သူမ ဟာ ပွင့်လင်းတယ် ရဲရင့်တယ် သူ့မှာ အဲလက်စ် လို့ ခေါ်တဲ့ သူငယ်ချင်း ကောင်လေး ရှိတယ် အဲလက်စ် နဲ့ ရိုစီ ဆိုတာ အသက် ၅ နှစ်လောက်ထဲက ခင်မင်လာတဲ့ ငယ်ပေါင်း သူငယ်ချင်းတွေ အိမ်ချင်းကလဲ မျက်နှာချင်းဆိုင်ပါပဲ အဲလက်စ် ရဲ့ အရာရာဘာမဆို တိုင်ပင်နိုင်တဲ့ အကောင်းဆုံးလူဟာ ရိုစီ ဖြစ်သလို ရိုစီ ရဲ့ အတွင်းရေး အရာအားလုံးကိုသိရှိနေတာကလဲ အဲလက်စ် ပါပဲ သူတို့ ၂ ယောက်ဟာ ငယ်ငယ်ထဲက တပူးပူးတတွဲတွဲ ဖြစ်သလို အထက်တန်း အောင်ပြီးနောက်မှာလဲ တစ်မြို့ထဲ နေကြပြီး အဲလက်စ်က ဆေးကျောင်း ဆက်တက်မယ် ရိုစီက ဟိုတယ်စီမံခန့်ခွဲဆိုင်ရာ ကျောင်းကို ဆက်တက်မယ်ဆိုပြီး အိပ်မက်တွေ မက်ခဲ့ကြပါတယ်... ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုမမြင်ရပါဘူး... ကျောင်းကပွဲတွေပဲ ဖြစ်ဖြစ် ဘယ်လို ပါတီမျိုးကိုပဲ ဖြစ်ဖြစ် အတူတူ ကဖို့ အဲလက်စ် နဲ့ ရိုစီ တို့ဟာ စုံတွဲ တက်လေ့ ရှိပေမယ့် နောက်ဆုံး ကျောင်းပိတ် နှုတ်ဆက်ပွဲမှာတော့ အဲလက်စ် က ရိုစီ ကို ကပွဲ အတူတူ တက်ဖို့ ဖိတ်ပေမယ့် ရိုစီ က ခပ်ချောချော ကောင်လေး ရဲ့ ...
movie

Love, Rosie (2014)

2014
Zoo (2017) 7.1
Zoo (2017) MDB - 7.1 Rotten tomatoes - 82%ဒီတစ်ခါမှာဆိုရင်တော့ CM က ပရိတ်သတ်တွေကိုဒါရိုက်တာ Colin McIvorရဲ့ true story ဇာတ်ကားတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဒီကားလေးကတော့ ၁၉၄၁တုန်းက ဒုတိယကမ႓ာစစ်ကအဖြစ်အပျက်တစ်ခုကို ရိုက်ထားတာပါ၁၂အရွယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ တွမ်ရဲ့အဖေဟာဆိုရင်Belfast တိရစ္ဆာန်ရုံက ဆရာဝန်တစ်ယောက်ပေါ့တစ်နေ့ကျတော့ အဲ့တိရစ္ဆာန်ရုံကိုဆင်အသစ်လေးတစ်ကောင်ရောက်လာခဲ့ပါတယ်စစ်ဖြစ်ပြီးဗုံးကြဲခံရတဲ့အချိန်ရောက်တော့အစိုးရက တိရစ္ဆာန်ရုံထဲက အကောင်ကြီးတစ်ချို့ကိုသတ်ဖို့ ညွှန်ကြားချက်တွေပေးပါလေရောသူ့အဖေဆိုတဲ့သူကလည်း စစ်တိုက်ဖို့ထွက်သွားရတော့ ကူကယ်ရာမဲ့နေပြီပေါ့အဲ့အခြေအနေတွေကြားမှာ တိရစ္ဆာန်တွေကိုချစ်တဲ့တွမ်ဆိုတဲ့ကောင်လေးက ဆင်လေးကိုကယ်ဖို့သူ့သူငယ်ချင်းတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်သူဆင်လေးကို အဆုံးထိကယ်နိုင်သွားမလား...စစ်ပွဲကရော ဘယ်လိုတွေဆက်ဖြစ်မလဲ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)File Size : (850 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Family, History, War Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Zoo (2017)

2017