Channel Myanmar

Art LaFleur

The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

Hostage (2005) 6.5
Hostage (2005) ဒီကားကတော့ မင်းသားကြီး Bruce Willis ကို နာမည်ကြီး လာစေတဲ့ ကားတွေထဲက တစ်ကားပါပဲဒီကားထဲမှာလည်း သူရဲ့ သရုပ်ဆောင်နေကျ ဇာတ်ကောင်အတိုင်း အမှု့စစ်ရဲအရာရှိဟောင်း တစ်ယောက် အဖြစ်ပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ မိသားစုတစ်စု ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သူကိုယ်တိုင်က ရဲမှုးဟောင်းဆိုတော့ အရှုပ်အရှင်းကြားထဲ ၀င်ပါမိတာပေါ ့အဲ့ကနေ ဇာတ်လမ်းစတာပါပဲ... သူ့မိသားစုကိုပါ လူဆိုးတွေက ပြန်ပေးဆွဲသွားတဲ့နောက် ....သူ့အနေနဲ့ မိသားစုကို ကယ်မလား မသိတဲ့သူစိမ်းတွေကို ကယ်မလား...ခပ်မိုက်မိုက်လေးကြည့်ရှု့ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ mark ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Action, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Hostage (2005)

Field of Dreams (1989) 7.5
Field of Dreams (1989)  Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ "မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်"ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ်ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ ...
movie

Field of Dreams (1989)

Cobra (1986) 5.8
Cobra (1986)  အမေရိကန်အက်ရှင်မင်းသားကြီး စတားလုံးရဲ့ တစ်ချိန်က အက်ရှင်ဇာတ်လမ်းဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။အသံတိတ်လက်နက်လို့ခေါ်ရမဲ့ တူ၊ ဓား၊ ပုဆိန်တွေကိုသုံးပြီးသတ်သွားတဲ့ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ စတားလုံးကတော့ ရာဇဝတ်သားတွေကို မညှာမတာရှင်းပစ်တတ်တဲ့ ခပ်ကြမ်းကြမ်းရဲတစ်ယောက်ပေါ့။ နောက်ပိုင်းသိလာရတာက ကွင်းဆက်လူသတ်သမားက တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေခဲ့တာပဲ။ သူတို့က မကောင်းတဲ့လူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မယ်လို့ ကြွေးကြော်ကြတယ်။တစ်ည မိန်းကလေးတစ်ယောက်ကို သတ်ဖို့ကြိုးစားရင်း သူတို့လက်ကနေလွတ်မြောက်သွားခဲ့တယ်။ မိန်းကလေးရဲ့အိမ်ကိုစုံစမ်းပြီး အပြတ်ရှင်းဖို့ကြိုးစားတဲ့အချိန်မှာ နောက်တစ်ခါထပ်လွတ်သွားပြီး ဇာတ်လိုက်ကျော်ကြီး အစောင့်အရှောက်အောက်ကို အဲဒီမိန်းကလေးရောက်သွားပါတော့တယ်။ ဆရာကြီးစတားလုံးစောင့်ရှောက်နေတဲ့ကြားက လိုက်သတ်တဲ့ လူသတ်သမားအဖွဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပေမဲ့ ခေတ်ဟောင်းကစတားလုံး ဘယ်လောက်ကြမ်းလဲဆိုတာ ခံစားရှုမြင်ကြည့်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Cobra (1986)

The Blob (1988)
The Blob (1988)  1988 မှာထွက်ရှိခဲ့တဲ့ old but gold ဖြစ်တဲ့ body horror/sci-fi ကား တင်ဆက်ပေးလိုက်ပါတယ်သူ့ခေတ်သူ့အခါက practical effect တွေက ကြည့်လို့ကောင်းပြီး ငယ်ငယ်ကကြည့်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ဖီလင်ကိုပါ ပေးစွမ်းနိုင်မဲ့ ဇာတ်လမ်းမျိုးပါဇာတ်လမ်းအကျဥ်းကတော့ တစ်ည မြို့လေးတစ်မြို့မှာ ဥက္ကာခဲတစ်ခဲ ကျလာခဲ့ပါတယ် ဒါကိုသွားစပ်စုတဲ့ အဘိုးကြီးတစ်ယောက်ကို "Blob"ဆိုတဲ့ ဇီဝပစ္စည်းတစ်ခု ကူးစက်သွားခဲ့ပြီးတော့တစ်မြို့လုံးကို ပျံ့သွားပါတယ်ဒါကို အဓိကဇာတ်ကောင် ဇိုးကျောင်းသားဖြစ်တဲ့ Brian နဲ့ Megg တို့နဲ့အတူ သူတို့မြို့လေးက ရဲတွေ ပြည်သူတွေပါ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ အကာအကွယ်ဝတ်စုံတွေနဲ့ အစိုးရလူတစ်စုက ကယ်ဖို့ ရောက်လာခဲ့ပြီး တစ်မြို့လုံးကိုလည်း Quarantine ချထားဖို့ အမိန့်ပေးထားခဲ့ပါတယ်သူတို့ squad က ကာနယ်ဖြစ်သူ ဒေါက်တာမယ်ဒိုးစ်က Blob ရဲ့ဇစ်မြစ်ကို ရှင်းပြပေမယ့် မယုံတဲ့ ဇိုးကျောင်းသား Brian က သူတို့ ကွာရန်တင်းကနေ ...
movie

The Blob (1988)

Maverick (1994) 7.0
Maverick (1994)   မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie

Maverick (1994)

The Man with One Red Shoe (1985)
The Man with One Red Shoe (1985)  မင်းသားကြီး တွမ် ဟန့်ခ်ရဲ့ 1985 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူဖြစ်တဲ့ ကူးပါးဟာ သူ့ရဲ့အထက်အရာရှိဖြစ်တဲ့ညွှန်ကြားရေးမှူး ရို့စ်ကိုဖြုတ်ချပြီး သူ့ရဲ့နေရာကိုယူနိုင်ဖို့အတွက် ရို့စ်က လာဘ်စားပြီးမူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာပါဝင်နေသလိုမျိုးအကွက်ဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်မတီဖွဲ့ပြီးစစ်ဆေးကြတဲ့အခါမှာတော့ ရို့စ်ကသူ့ဘက်ကနေ ပြန်ချေပနိုင်ဖို့အတွက် အချိန်တောင်းခဲ့ပြီး ကော်မတီကလည်း ၄၈ နာရီပေးခဲ့လိုက်ပါတယ်။ ရို့စ်ကလည်း သူ့ရဲ့လူယုံကြီး ဘရောင်းကိုအိမ်ကိုခေါ်ပြီး ရှင်းပြဖို့လုပ်တဲ့အချိန်မှာ ကူးပါးက သူ့အိမ်တစ်အိမ်လုံးမှာ အသံဖမ်းစက်တွေတပ်ထားတာကိုသိထားတာမလို့ ကူးပါးကိုအကွက်ဆင်ပြီးပြန်ဖမ်းဖို့အတွက် ကော်မတီကြားနာမှုမှာ သူ့ဘက်ကနေထွက်ဆို ပေးမဲ့လူကို လေဆိပ်မှာသွားတွေ့ပါဆိုပြီး ဘရောင်းကို တကယ်မရှိတဲ့လူတစ်ယောက်ကို သွားတွေ့ခိုင်းလိုက်ပါတယ်။ ဘရောင်းလည်းလေဆိပ်မှာ လူရှာရင်း ဖိနပ်အနီရောင်တစ်ဖက်စီးထားတဲ့ ရစ်ချက်ကိုရွေးလိုက်ပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကူးပါးလွှတ်ထားတဲ့ လူတွေကလည်း ရစ်ချက်နောက်ကိုတကောက်ကောက်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်လေးကတည်းကတယောကိုပဲ ထိုးလာခဲ့ပြီး သူလျိုလုပ်ဖို့နေနေသာသာ ကားတောင်မမောင်းတတ်တဲ့ ရစ်ချက်တစ်ယောက် အလကားနေရင်း စီအိုင်အေ ဒုတိယညွှန်ကြားရေးမှူးရဲ့ လူတွေလိုက်တာကိုခံရရင်း ဘယ်လိုအလွဲတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ကြတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 ...
movie

The Man with One Red Shoe (1985)

The Sandlot (1993)
The Sandlot (1993) Imdb 7.8/10 rottentomatoes 65% ၁၉၉၃ ခုနှစ်ကထွက်ရှိထားတဲ့ The Sandlot ဟာဆိုရင်  ရပ်ကွက်လေးတစ်ခုကိုပြောင်းလာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူရဲ့ အဲ့က သူငယ်ချင်းတွေနဲ့အတူ ဘေ့စ်ဘောဆော့လေရှိတဲ့ ကွင်းပြင်လွတ်ကြီးထဲကသူတို့လေးတွေရဲ့ ပျော်စရာကောင်းလှတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဘေ့စ်ဘောရဲ့ သဘောသဘာဝတွေလည်းပါဝင်သလို ကလေးတွေရဲ့ ကိုယ့်အားကိုယ် ကိုးပြီးကြိုးစားကြတာလေးကိုပြထားပါသေးတယ်။ ဒီ ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေကတော့ Scotty Smalls, Benny Rodriguez, Yeah-Yeah, Squints, Hamilton,စတဲ့ ကလေးတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Slice of Life, Comedy, Drama, Sport အမျိုးအစားဖြစ်တဲ့အပြင် ကြည့်သူတိုင်းကို ရင်ထဲနွေးသွားအောင်ပြုလုပ်ပေးနိုင်တဲ့ဇာတ်ကားမလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။File size…(1.7 GB)/(1.5 GB)/(776 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Sandlot (1993)

A Cinderella Story(2004) 5.9
A Cinderella Story(2004) A Cindrella Story(2004)===============မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH  / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

A Cinderella Story(2004)

The Replacements(2000) 7.0
The Replacements(2000) The Replacements(2000) အညွှန်း****************************John Wick ဇာတ်ကားတွေရဲ့ စတား မင်းသားကြီး Keanu Reevesခေါင်းဆောင်ပါတဲ့ american football ကားပါ.... ဇာတ်လမ်းကတော့ ဝါရှင်တန်ဘောလုံးအသင်းက ကစားသမားတွေကပိုက်ဆံပိုလိုချင်လို့ ပိုင်ရှင်တွေကိုငွေပိုတောင်းပြီး ဆန္ဒပြတာပါ... ပိုင်ရှင်က မကျေနပ်ရင်ထွက်ဆိုပြီး တစ်သင်းလုံးကို အစားထိုးကစားသမားတွေငှားလိုက်ပါတယ် သူတို့နဲ့အတူ Coach အသစ်တစ်ယောက်ရောပဲ....Keanu က ခေါင်းဆောင်ကစားသမားအနေနဲ့အရွေးခံရပါတယ်.....သူတို့အသင်းက ၄ပွဲပဲ ကစားရမယ် ၃ပွဲနိုင်မှ ထိပ်ထဲပါမှာပါ....အသင်းစဖွဲ့ပြီးချိန်တစ်ပတ်တောင်အချိန်မရတဲ့အခါဘယ်လိုဆော့ကြမလဲ ဘယ်လို ရုန်းကန်ကြမလဲဆိုတာကိုတော့.....  File Size :(4.89GB) (1.72GB) and (492MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:58:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae
movie

The Replacements(2000)