Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arsinée Khanjian
7.1
Code Unknown (2000)
ဒီတစ်ခါတော့ ပြင်သစ်လမ်းမကြီးပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ဇာတ်လမ်းတွေကိုစုပေါင်းပြီး ရိုက်ပြထားတဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျွန်ဆိုတဲ့လူဖြူကောင်လေးတစ်ယောက်ကလမ်းဘေးမှာ မာရီယာ လို့ခေါ်တဲ့ပိုက်ဆံတောင်းတဲ့အမျိုးသမီးကိုရိုင်းပြတဲ့အပြုအမူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကို အာမန်ဒူက ဝင်ဖြေရှင်းပေးခဲ့ပေမယ့်သူကလူမည်းတစ်ယောက်ဖြစ်နေတော့ပတ်ဝန်းကျင်က သူ့ကိုပဲအပြစ်တင်ခဲ့ပါတယ်။နောက်ဆုံး ရဲတွေရောက်လာပြီးနောက် ဂျွန်၊ အာမန်ဒူ နဲ့မာရီယာတို့ကို ရဲစခန်းခေါ်သွားခဲ့ပါတယ်။ လူဖြူလူမည်းခွဲခြားမှုတွေ ၊ ဆင်းရဲချမ်းသာမမျှတမှုတွေနဲ့နေထိုင်မှုပုံစံကွဲပြားခြားနားမှုတွေကိုအသားပေးရိုက်ပြထားတာမို့ ရဲစခန်းရောက်ပြီးနောက်ပိုင်းသူတို့သုံးယောက်ရဲ့ အနေအထားကဘယ်လိုဆက်ဖြစ်မလဲဆိုတာဆက်ကြည့်လိုက်ပါဦးနော်.... File size… 2.7 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie
Code Unknown (2000)
6.4
{18+}Where the Truth Lies (2005)
IMDb Rating/(6.4)ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က စာအုပ်ရေးဖို့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ လျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့ Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်)(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။) File size…(1.4 GB)/(666 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Soe Thiri Swe
movie
{18+}Where the Truth Lies (2005)
7
[18+] Exotica (1994)
Exotica (1994)~ IMDb - 7/10, Rotten Tomatoes - 95% ~Exotica ဟာ ၁၉၉၀ ခုနှစ်များဆီက မရေရာမသေချာ အိပ်မက်ဆန်ဆန် ပုံစံမျိုးပြသပြီး Psychological Thriller ဇာတ်ကားတွေကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖော်ချွတ်ကလပ်တစ်ခုဖြစ်တဲ့ Exotica မှာဆုံကြတဲ့ လမ်းပျောက်နေတဲ့ ဒဏ်ရာရနေတဲ့ ဝိညာဉ်တစ်စုရဲ့ ဇာတ်လမ်းလေးပါ။ ဝမ်းနည်းစရာပြည့်နေတဲ့ အတိတ်နဲ့ လူတစ်ယောက်၊ သူနဲ့ ထူးဆန်းတဲ့ ဆက်ဆံရေးတစ်ခုရှိနေတဲ့ အကမယ်လေး၊ အကမယ်လေးကို စွဲလန်းနေတဲ့ ဒီဂျေနဲ့ ရှားပါးငှက်ဥတွေကို မှောင်ခိုကူးနေတဲ့ သူတစ်ယောက်... သူတို့ရဲ့ ဆက်နွယ်မှုတွေ နာကျင်မှုတွေ ခံစားချက်တွေကို ကူးလူးခံစားမိစေမှာပါ။ သူတို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ပုစ္ဆာတစ်ခုလို ဖန်တီးတင်ပြထားပါတယ်။ အရမ်းကို နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ခံစားချက်တွေကို ရောထွေး ယှက်နွယ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ရုပ်ရှင်ဆု ၁၆ ...
movie
[18+] Exotica (1994)
1994
6.7
The Captive(2014)
The Captive(2014)****************Ryan Reynolds ပါဝင်ထားတဲ့ 2014ခုနှစ်က mystery, thrillerကားလေးကို တင်ဆက်ပေးပါရစေ။ မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ ငွေးရေးကြေးရေးသိပ်အဆင်မပြေပေမဲ့ သမီးဖြစ်သူကရေခဲပြင်စကိတ်အားကစားမှာ ဆုတွေရပြီး အိုလံပစ်ပွဲတွေပါဝင်ပြိုင်ဖို့လျာထားခံရသူဆိုတော့ ဂုဏ်ယူရတဲ့မိဘတွေပေါ့။သမီးဖြစ်သူ လေ့ကျင့်ရေးပြီးလို့ အိမ်ပြန်ခေါ်လာတဲ့လမ်းမှာပဲ ညစာဝင်ဝယ်ချိန်သမီးဖြစ်သူပျောက်သွားပါတယ်။ သမီးပျောက်သွားလို့ မက်သရူးလည်း သူ့ကိုယ်သူအပြစ်တင်မိန်မဖြစ်သူကလည်း ဖြေဆည်မရနဲ့ လင်မယားနှစ်ယောက်ဟာ သိပ်အဆင်မပြေကြတော့ပါဘူး။ဒီလိုနဲ့ သမီးလေးပျောက်သွားတာ ၈နှစ်ကြာပြီးချိန်မှာ သူတို့သမီး အသက်ရှင်နေသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဒီတော့ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေဟာ ပျောက်သွားတဲ့သမီးလေးကိုပြန်တွေ့အောင် လိုက်ရှာပါတော့တယ်။ သူတို့တွေ ကလေးကို ပြန်ရှာတွေ့ပါ့မလား၊ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲ၊ သမီးဖြစ်သူကရော ဘာတွေဖြစ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ File Size :(1.8GB)(544 MB) and (190 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Captive(2014)
6.5
[18+] Fat Girl (2001)
IMDb Rating (6.5) / Rotten Tomatoes (73%)အာနာရစ်စ် ဟာ ဆယ့်နှစ်နှစ်အရွယ်မိန်းမငယ်တစ်ယောက်၊ ကမ္ဘာကြီးကို သူ့ပုခုံးပေါ်ထမ်းတင်ထားရသလိုစိတ်ဖိစီးနေသူပါ။ အစားမက်တဲ့ ဝတုတ်မလေးသူ့မှာ ဆယ့်ငါးနှစ်အရွယ်အစ်မတစ်ယောက်ရှိပြီး အဲ့ဒီအစ်မဟာရက်ရက်စက်စက်လှလွန်းတဲ့သူဖြစ်တယ်။ သိစိတ်ကချစ်မက်ပေမယ့် မသိစိတ်ကပြိုင်ဘက်လိုသဘောထားတဲ့ အစ်မဖြစ်သူကို ချစ်တဲ့စိတ်နဲ့မုန်းတဲ့စိတ်ကြား လွန်ဆွဲနေတတ်ပါတယ်။ သူတို့ ထွက်နေတဲ့ အပန်းဖြေခရီးမှာ သူ့အစ်မထက် အသက်ကြီးအတွေ့အကြုံရှိပုံရတဲ့လူငယ်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစခဲ့ချိန်မှာတော့ သူ့အစ်မ သွားလေရာတစ်ကောက်ကောက်လိုက်ရတဲ့ အာနာရစ်စ်တစ်ယောက် အဆိုးအကောင်း အကျိုးအကြောင်း မခွဲခြားတတ်သေးတဲ့ ကလေးသာသာအရွယ်နဲ့ မမြင်အပ်တာတွေ မကြားဝံ့စရာတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။ ငယ်ရွယ်သူတွေရဲ့အချစ်ကို ချစ်စရာကြည်နူးစရာဇာတ်လမ်းလေးတွေအဖြစ်ယူဆကြပေမယ့် အရွယ်မတိုင်ခင် လိင်မှုကိစ္စအတွေ့အကြုံတွေကတော့ များသောအားဖြင့် မုသားတွေ အပေါ်အခြေခံတည်ဆောက်ထားလေ့ရှိပြီး နာကျင်စရာတွေဖြစ်သွားတတ်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ လိုချင်တာရဖို့ ဘာမဆိုပြောဖို့အသင့်ရှိနေသလို ရင်ဖိုလှိုက်မောနေတဲ့ အတွေ့အကြုံသစ်မှာ လက်ပစ်ကူးဖို့အသင့်ရှိနေတဲ့ အပျိုဖြန်းလေးတစ်ယောက်ဟာလဲ ယုံလိုက်ဖို့ ဝန်မလေးပါဘူး။ မိန်းကလေး သဘာ၀ စပ်စုချင်တဲ့ စိတ်ကလေးကလဲ ပါသေးတယ် မဟုတ်လား? “Fat Girl” ဟာ ၁၅နှစ်အရွယ် အပျိုဖြန်းမိန်းမလှလေးနဲ့ သူ့ညီမ ၁၂အရွယ် ခပ်ဖိုင့်ဖိုင့်ကောင်မလေးတို့ရဲ့ ပထမဆုံးလိင်မှုကိစ္စအတွေ့အကြုံအကြောင်းကို ရက်ရက်စက်စက်နဲ့ လက်တွေ့နဲ့အနီးစပ်ဆုံးချဉ်းကပ်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဓိကဇာတ်ကောင်ဟာ အသက် ၁၂ အရွယ်မိန်းကလေးဖြစ်သလို တကယ်တမ်း သူ့နေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီးဟာလဲဇာတ်ကားရိုက်ကူးစဉ်က၁၃ နှစ်ပဲရှိခဲ့သေးတာပါ။ ဒီပြင်သစ်ဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေအကြိုက်တွေ့ခဲ့ကြပေမယ့် ဝေဖန်မှုတွေကြမ်းကြမ်းတမ်းတမ်းကြုံခဲ့ရသလို တစ်ချို့နေရာတွေမှာ ...
movie
[18+] Fat Girl (2001)