Channel Myanmar

Arnold Voysey

Battle Over Britain (2023)
Battle Over Britain (2023)  ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ဂျူလိုင်ကနေအောက်တိုဘာအတွင်းမှာဖြစ်ခဲ့တဲ့ဗြိတိသျှတော်ဝင်လေတပ်တော် (RAF- BritishRoyal Airforce) နဲ့ နာဇီဂျာမနီတို့ရဲ့အင်အားကြီးလေတပ်ကြီး Luftwaffe တို့ကြားက လေကြောင်းတိုက်ပွဲတွေကိုအခြေပြုထားတဲ့စစ်ကားကောင်းတစ်ကောင်းပဲ ဖြစ်ပါတယ်..အဲဒီခေတ်အခါက နာဇီတို့အင်အားကြီးတယ်ဆိုတာကျွန်တော်တို့လို ဒုတိယကမ္ဘာစစ်ပြီးမှမွေးလာတဲ့သူတွေတင်မဟုတ်ပါဘူး အဲဒီတုန်းကရင်ဆိုင်ခဲ့ကြရတဲ့ မဟာမိတ်များကလည်း ဒီနာဇီတွေဟာ သူတို့ထက် လက်နက်အင်အားအဆမတန်သာလွန်တယ် ဥရောပတိုက်တစ်ခုလုံးကိုအမှုန့်ချေနိုင်တဲ့အထိ စစ်အင်အားကြီးမားတာကိုသိကြပါတယ်..လေတပ်မှာလည်းဒီလိုပါပဲ လေးဆတစ်ဆလောက်အင်အားနည်းပါးလှတဲ့ ဗြိတိသျှတော်ဝင်လေတပ်တွေဟာ ဂျာမန်တွေကိုအပြင်းအထန်ခုခံခဲ့ရပါတယ်ဒီနေရာမှာ ဇာတ်လမ်းမကြည့်ခင်သမိုင်းအကျဉ်းပြောပြရရင်ဒီနာဇီတွေရဲ့စစ်ဆင်ရေးဟာ သူတို့ရဲ့ဗြိတိသျှကျွန်းဆွယ်ကိုကျူးကျော်မဲ့ operation Sealion မစခင် အရေးပါတဲ့ဆိပ်ကမ်းတွေ စစ်ရေးပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်နောက်ပိုင်းမှာ နိုင်ငံရေးအဆောက်အအုံတွေ အရပ်သားဧရိယာတွေကိုပါပစ်မှတ်ထားခံလာရပြီး ဗြိတိသျှတော်ဝင်လေတပ်ကိုလည်း လေကြောင်းမှာအသာစီးရဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ် ဒီအတွက်ဗြိတိသျှတွေဖက်ကနေSpitfire and Hurricane တို့လိုလေယာဉ်တွေနဲ့အပြင်းအထန်ခုခံခဲ့ပါတယ် (ဒီဇာတ်ကားထဲမှာတော့ Spitfire တွေပဲပါ)ကျန်တဲ့သမိုင်းကိုတော့ spoilဖြစ်မှာစိုးလို့မပြောတော့ပါဘူးထိုစဉ်အချိန်အခါက ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေလေသူရဲကောင်းတွေရဲ့ ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကိုဒီဇာတ်ကားမှာ တဝကြီးကြည့်ရှူခံစားရမှာပါ.... File size…991MB / 464MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. War Subtitle….Myanmar Subtitle (Hard ...
movie

Battle Over Britain (2023)