Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arliss Howard
8.3
Full Metal Jacket (1987)
Full metal Jacket ( 1987 )IMDb Rating (8.3) / Rotten Tomatoes (90%)အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ...
movie
Full Metal Jacket (1987)
7.1
Concussion (2015)
2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကို စိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန် ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက် သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။ IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။File size… 1.6 GB / ...
movie
Concussion (2015)
7.4
The Killer (2023)
The Killer (2023)ပစ်မှတ်ကိုမလွဲဖူးတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ပထမဆုံးလွဲသွားတဲ့အခါ ဘာဖြစ်လာလဲ။ဒီရုပ်ရှင်ကိုတော့ Seven, Zodiac တို့လို အနုပညာမြောက်ကားတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ဒေးဗစ်ဖင်ချာက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ကြေးစားနေရာမှာတော့ X-men ထဲက မက်ဂနီတိုမင်းသား မိုက်ကယ် ဖက်စ်ဘန်ဒါက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် ပြင်သစ်ရုပ်ပြဝတ္ထုတစ်အုပ်ကို ကိုးကားပြီး Seven ရဲ့ ဇာတ်ညွှန်းဆရာ Andrew Kevin Walker ကပဲ ရေးသားပေးထားတာပါ။ဇာတ်လမ်းအကျဉ်းဘဝမှာ ကိုယ်ရေးကိုယ်တာခံစားချက်ဘာမှမပါဘဲ၊ နိုင်ငံတွေ ဘာသာတွေ ယုံကြည်ချက်တွေမထားဘဲ၊ ငွေအတွက်သက်သက် ကြေးစားလူသတ်သမားလုပ်နေတဲ့သူ။ မအောင်မြင်တဲ့အလုပ်မရှိခဲ့တဲ့သူတစ်ယောက်ဟာ တစ်နေ့မှာ ပစ်မှတ်ကိုလွဲချော်သွားခဲ့တယ်။ ဒီလောကမှာ နောက်ဆက်တွဲပြဿနာတွေတက်လာရင် သဲလွန်စတွေကို ရှင်းလင်းကြတာ သဘာဝပဲမို့ သူ့ကိုလည်း အလုပ်အပ်တဲ့သူက သတ်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ မသေသွားတဲ့အခါမှာတော့ သူကလည်း သူ့ကိုသတ်မဲ့လူတွေကို တစ်ဆင့်ပြီးတစ်ဆင့်လိုက်ရှာပြီး ဇစ်မြစ်ဆီကို ရောက်အောင်သွားရပါတော့တယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းသလိုပါပဲ။ အဓိကက တွေးစရာလေးတွေနဲ့ ဒိုင်ယာလော့ အလှအပလေးတွေနဲ့ တန်ဆာဆင်ပြီး မဲပြာပုဆိုးဇာတ်လမ်းတစ်ခုကနေ အနုပညာလက်ရာတစ်ခုကို ထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
The Killer (2023)
2023
7.2
Natural Born Killers(1994)
Natural Born Killers(1994)====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်းတွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ်ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့်နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲအဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ်သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကိုထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသားRobert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Natural Born Killers(1994)
6.5
Birth (2004)
Birth (2004)***************Db 6.2 / Rotten Tomatoes 39%မင်းသမီးကြီး Nicole Kidman ရဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို အပြည့်အဝခံစားရမယ့်ဇာတ်ကားလေးတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Nicole ရဲ့ ဆံပင်တိုတို မိန်းမအရမ်းမဆန်ဘဲ ရင့်ကျက်တည်ကြည်တဲ့အလှကဇာတ်ကားကြည့်နေရင်း လှလိုက်တာ လှလိုက်တာလို့ရေရွတ်မိလောက်အောင်ပါပဲဇာတ်လမ်းလေးကတော့ ခင်ပွန်းသေးဆုံးပြီး နှစ်အနည်းငယ်အကြာမှာဇနီးဖြစ်သူဟာ နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီနောက် ဇနီးဖြစ်သူရဲ့မိခင်ပါတီကို အသက်တစ်ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက် ရောက်လာပြီး သူဟာ သေဆုံးသွားတဲ့ခင်ပွန်းဖြစ်ကြောင်းသူ့မိန်းမကို ဒုတိယအိမ်ထောင်မပြုဖို့အကြောင်း ပြောပါတော့တယ် ဆိုတော့ဒီကောင်လေးဟာ တကယ်ပဲ လူဝင်စားလေးလား ဇနီးဖြစ်သူကရောသားအရွယ်ဒီကောင်လေးဟာ ခင်ပွန်းပြန်ဝင်စားတာလို့ ယုံကြည်သွားမှာလားတကယ်ယုံကြည်သွားရင်ရော သူတို့ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Drama / Mystery ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.Drama / Mysteryလို့သတ်မှတ်ထားပေမယ့် အိုင့်အတွက်တော့Romance မှ Romanceစစ်စစ်ပါ🤧 ပြီးတော့ ဒီဇာတ်ကားက ဇာတ်လမ်းသရုပ်ဆောင် ဘာတစ်ခုမျှ အပြစ်ပြောစရာမရှိ ကြည့်လို့တကယ်ကောင်းရဲ့သားနဲ့ underrated ဖြစ်ခဲ့လို့ တကယ်နှမြောမိပါတယ်ကဲ ဒီဇာတ်ကားက တကယ်ပဲ underrated ...
movie
Birth (2004)
7.4
Mank (2020)
Mank (2020)============IMDb Rating - 7.4/10#Unicodeမနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ဇာတ်အိမ်ရော ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်တော့ Grey Oldmanရော David နဲ့ ...
movie
Mank (2020)
2020
7.6
Moneyball(2011)
Moneyball(2011) IMDb....7.6,,,,Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ်သူရတဲ့လစာဟာတခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမယ့် သူဟာ အသင်းကိုအကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီးလမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့့်အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့အခက်အခဲတွေ အားကစားသမားတွေရဲ့ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို အားကစားလောကရဲ့ အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်းအတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်.. .IMDbနဲ့ Rottenကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Tinnilar Lwin ...
movie
Moneyball(2011)
2011
6.5
The Lost World: Jurassic Park (1997)
The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။ ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။ ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။ လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည် ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။ အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။ လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။ ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။ လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင် ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။ ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည် မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊ အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊ ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့် ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။File Size ...
movie
1997
7.1
The Time Traveler’s Wife (2009)
အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။ File Size : (950 ...
movie
The Time Traveler’s Wife (2009)
2009