Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arlene Tai
7.0
Rush Hour (1998)
ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်......ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ......မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်....အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ.....သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်......တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်.......တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့........တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ.......ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်......အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်.......တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်......ပေါက်ကရတွေလျှောက်ပြောပြီး ...
movie
Rush Hour (1998)
1998
8.0
Big Fish (2003)
IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie
Big Fish (2003)
2003