Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arjun Radhakrishnan
7.9
Ullozhukku (2024)
Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ)IMDb - 7.9/10ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 660MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Ullozhukku (2024)
2024
8.1
Kannur Squad (2023)
Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie
Kannur Squad (2023)
2023
5.8
Dear Friend (2022)
Dear Friend (2022)ဒီတစ်ခေါက်မှာတော့ Malayalam language thriller အမျိုးအစား ဇာတ်ကားဖြစ်တဲ့ Dear Friend ဆိုတဲ့ Indian ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ။ သူငယ်ချင်းတွေကြားထားတဲ့ခံစားချက် အချစ် ပျော်ရွှင်မှုတွေ၊ သွားအတူ လာအတူ စားအတူ ဖြတ်သန်းကြတာတွေကို များစွာများစွာ ခံစားကြည့်ရှုရမှာပါ။ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်တဆင့်တက်တဲ့ သူငယ်ချင်းအချစ်တွေလည်း ပါဝင်မလားဆိုတာပါ ရင်ခုန်ရဦးမှာပါ။ဒါပေမယ့် ထူးခြားတာကတော့ Thriller ဇာတ်လမ်းအမျိုးအစား ဖြစ်နေတာပါပဲ။ရှည်ရှည်ဝေးဝေးညွှန်းရင် အရသာပျက်မှာစိုးလို့ သူငယ်ချင်းတစ်သိုက်ကြား ဘယ်လို ရင်တုန်ခြောက်ခြားဖွယ်အကြောင်းအရာတွေ ဖြစ်လာမလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်ရှုကြဖို့ပဲ တိုက်တွန်းလိုက်ပါရစေနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 906MB | 504MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle ...
movie
Dear Friend (2022)
2022
7.9
Pada (2022)
Pada (2022)IMDb Rating 7.9ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။ ၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို "Ayyankali Pada"တွေလို သူတိုကိုယ်သူတို ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။ ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ "ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ"တဲ့။ ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊ သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။ ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့ အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် ...
movie
Pada (2022)
2022
7.2
Jhund (2022)
Jhund (2022)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မင်းသားကြီး အမီတာဘချမ်းရဲ့ကားသစ်လေး ထွက်ရှိလာခဲ့ပါပြီ။၉၀ ခုနှစ်တွေကတည်းက အိန္ဒိယရုပ်ရှင်ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်လာတဲ့မင်းသားကြီး အမီတာဘချမ်းကတော့ အသက် ၇၉ နှစ်ရှိပြီဆိုပေမဲ့ ငယ်တုန်းကလို လန်းမြဲလန်းဆဲပါပဲ။လက်ရှိအထိ အိန္ဒိယရုံတင်ကားတွေရဲ့သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသူတွေထဲကတစ်ယောက်လို့သတ်မှတ်ခံထားရတာပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ရင့်ကျက်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကားလေးကတော့ NGO slum soccer ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Vijay Barse ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ ငွေကြေးမတတ်နိုင်တဲ့အလျောက် ပညာရေးကလည်း နိမ့်ကျနေတတ်ပါတယ်။အိမ်တစ်အိမ်မှာရှိတဲ့ ကလေးတွေကပါ အလုပ်ထွက်လုပ်ရတော့ ပညာမသင်ရ၊ အားကစားလိုက်စားခွင့်မရတဲ့အပြင်ငွေကြေးကို အလွယ်ရဖို့ ခိုးဆိုးလုနှိုက်ပြီး ပြန်ရောင်းစားတာတွေအထိပါ လုပ်လာကြပါတယ်။အဲဒီကထက် တစ်ဆင့်တက်ပြီး ဈေးပေါတဲ့အရက်ဆေးလိပ်တွေနဲ့ မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်လာကြပြန်ပါတယ်။ ဒီလိုနဲ့ အငြိမ်းစား အားကစားဆရာတစ်ယောက်က အဲဒီလို ဆင်းရဲနွမ်းပါးတဲ့အရပ်ထဲမှာရှိတဲ့စာမတတ်တဲ့ လူကြီးတွေကို စာသင်ပေးဖို့ ရောက်လာရင်းနဲ့ လူငယ်တွေ၊ကလေးတွေ ဖြစ်ပျက်နေတဲ့အခြေအနေကို မျက်မြင်ကြုံတွေ့လိုက်ရပါတော့တယ်။ကလေးတွေရဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စေတနာ၊ မိမိကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရပ်နဲ့ဒီဆင်းရဲတွင်းထဲက ဒီကလေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ဆင်ခြင်ဉာဏ်တို့ ပေါင်းစပ်ပြီး ...
movie
Jhund (2022)
2022