Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arielle Kebbel
Summer Camp (2024)
ဒီဇာတ်လမ်လေးကတော့ သူငယ်ချင်းတွေကြားထဲကချစ်ခြင်းမေတ္တာတွေရယ် သူငယ်ချင်းတွေကြားဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေကို ရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ အဓိကဇာတ်ဆောင်တွေဖြစ်လာမဲ့ သူတွေဖြစ်တဲ့ ဂျင်နီရယ် မယ်ရီရယ်နဲ့ နိုရာဆိုတဲ့မိန်းကလေးတစ်ခုဟာ နွေရာသီကမ့်တစ်ခုရောက်ရှိလာကြပါတယ် ဒီလိုနဲ့ခင်မင်သွားကြပြီး တော်တော်ကိုရင်းနှီးပြီး တစ်ယယောက်နဲ့တစ်ယောက်အရေးပါတဲ့လူတွေလူ မိသားစုတွေလိုကိုရင်းနှီးသွားကြတာပါ တစ်နှစ်ပြီးတစ်နှစ်ကမ့်ကိုတူတူလာကြတယ် ကောလိပ်တက်ရင်ပါတူတူတစ်မြို့တည်းတက်ကြမယ်ဆိုပြီးကတိတွေပေးခဲ့ကြပါတယ်ဒီလိုနဲ့အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီးတဲ့အခါမှာတော့ သူတို့ရဲ့ကတိတွေကတကယ်ဖြစ်မလာခဲ့ပါဘူး။ ဂျင်နီက စာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့ပြန်တွေ့ရဖို့ကို ဘာမဆိုပြန်လုပ်မဲ့သူပါ။ ဒါပေမဲ့ မယ်ရီနဲ့ နိုရာတို့ကတော့ သူတို့ဘဝနဲ့သူ တော်တော်ကိုမအားပဲဖြစ်နေကြတာပါ။ မယ်ရီက နာစ့်မတစ်ယောက်ဖြစ်လာပြီး သူ့မိသားစုလေးနဲ့နေထိုင်နေပြီးတော့ နိုရာကသူ့ခင်ပွန်းဆုံးပြီးထဲက အလုပ်ကိုပဲဖိလုပ်ပြီး သူ့အချိန်တွေကိုအလုပ်မှာပဲကုန်ခံပါတယ်။တနေ့မှာတော့ ဂျင်နီက သူတို့အရင်လို့ ကမ့်ထွက်ကြမယ်လို့ စည်းရုံးလာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းတွေက ဘဝပေးဒဏ်တွေနဲ့ မိသားစုပြဿနာတွေကြောင့်ပါ မတွေ့ဘဲနေခဲ့ကြပါတယ် ဒီလိုနဲ့တားမရတော့တဲ့ဂျင်နီဟာ သူ့သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းရဖို့ အစီစဉ်တစ်ခုကိုစဆွဲပါတော့တယ် အဲဒါကတော့ သူတို့ငယ်ငယ်တုန်းကလို ကမ့်လေးတစ်ခုလုပ်ပြီး ပြန်ဆုံကြမလို့ပါ ဒီလိုနဲ့သူငယ်ချင်းသုံးယောင်ပြန်ဆုံမိပြီး သူတို့ဝေးကွာနေကြတုန်းကကိစ္စတွေ အခုဖြစ်ပျက်နေတဲ့ဘဝအခြေနေတွေ အကုန်ကိုဆွေးနွေးကြရင်း ပြဿနာတွေကိုဖြေရှင်းကြပါတော့တယ် သူငယ်ချင်းတွေကြားအခက်မသင့် နားလည်မှုလွဲတာတွေကိုလည်းဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာ ဟာသနှောပြီး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.7 ...
movie
Summer Camp (2024)
6.3
The Uninvited (2009)
The Uninvited (2009) ================= IMDb - 6.3/10ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး ...
movie
The Uninvited (2009)
7.1
Forever Strong (2008)
အားကစားရုပ်ရှင် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းက ဟိုက်လန်းရပ်ဂ်ဘီ အထက်တန်းကျောင်းအသင်းရဲ့အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်ကောင်တွေပြောသလိုဆို အမေရိကန်ဖွတ်ဘောဆိုတာ ဦးထုတ်တွေ အကာတွေထည့်ပြီး ကလေးတွေပဲကစားတာမျိုး ရပ်ဂ်ဘီကမှ တကယ့်ယောကျ်ားတွေကစားတဲ့ အားကစားတဲ့။ဇာတ်လမ်းအကျဉ်းကတော့ရစ်ခ်ဆိုတဲ့ ကောင်လေးက သောက်စားပျော်ပါးပြီး ဘာကိုမှအလေးမထားတဲ့ ဆယ်ကျော်သက် ရပ်ဂ်ဘီအားကစားသမားတစ်ယောက်ပေါ့။ အဖေဖြစ်သူနည်းပြနဲ့ မျက်နှာချင်းဆိုင်လို့မရဘဲ ကိုယ်မှန်တယ်ထင်တာလုပ်နေကြတဲ့သူတွေ။ ဒီလိုနဲ့တစ်ရက် ရပ်ဂ်ဘီပွဲတစ်ခုမှာရှုံးပြီး ပါတီကအပြန် ကားမှောက်ရာမှာ အတူလိုက်စီးတဲ့ ချစ်သူဒဏ်ရာအကြီးအကျယ်ရပြီး ရစ်ခ်တစ်ယောက် လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ဒီမှာပဲ စခန်းရဲ့အုပ်ချုပ်ရေးမှူးက သူ့ကို ဟိုက်လန်းရပ်ဂ်ဘီအသင်းဆီ ပါဝင်စေဖို့စည်းရုံးခဲ့ပါတယ်။ သူမရဘူးတဲ့ နည်းပြရဲ့ ဆုံးမမှုတွေ အသင်းထဲက ညီအစ်ကိုစိတ်ဓာတ်တွေကို ရပြီးတဲ့နောက်မှာတော့ ရစ်ခ်တစ်ယောက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အားကစားရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပါပဲ ရင်ထဲမှာ တစ်ခုခုတော့ကျန်နေစေခဲ့မှာမို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB) Quality….Blu-Ray 720p Format…mp4 Duration….01:52:00 Genre...Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Forever Strong (2008)
After Everything (2023)
After Everything (2023) ========= Romance ,Drama''အချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ်... အချစ်ဆိုတာ ကြင်နာမှုနဲ့ စိတ်ရှည်သည်းခံမှု '' တဲ့ ဟာဒင်ကပြောတယ်...ပြန်မလာနိုင်တော့တဲ့ လူတစ်ယောက်ကို ဘယ်လောက်အကြာကြီးစောင့်ခဲ့ဖူးလဲ.. ဘယ်လောက်ပဲ အတူရှိမယ်ကတိတွေအထပ်ထပ်ပေးခဲ့ခဲ့ ... လူနှစ်ယောက် ကံမပါလာရင် ဝေးကွာရစမြဲပဲမဟုတ်လား... အတူရှိဖို့ ကံပါလာရင် ဘယ်လောက်ပဲ ဆက်ဆံရေးတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ အတူရှိသွားမှာပဲAfter ဇာတ်လမ်းတွဲဆိုတာ ဟာဒင်နဲ့ တက်စ်ဆာရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ Fifty Shades နဲ့ 365 DNIရုပ်ရှင်တွေလို ရမက်ကြမ်းကြမ်းနဲ့ အချစ်ဇာတ်လမ်းတွေ မဟုတ်ဘူး... လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို Romance အဆန်ဆုံးနည်းလမ်းနဲ့ ယဉ်ယဉ်လေးပုံဖော်ထားခဲ့တာ အခုဆို နောက်ဆုံးဆိုတဲ့ မှတ်တိုင်ကိုရောက်လာခဲ့ပြီ... ဟာဒင်နဲ့တက်စ်ရဲ့ ခံစားချက်တွေ အသည်းကွဲဖူးတဲ့ လူငယ်တိုင်း ခံစားပေးလို့ရတယ်.. ဒါကြောင့်ပဲ ဒီဇာတ်လမ်းဟာ Romance genre မှာ နေရာတစ်ခုရနေတာဖြစ်တယ်ဇာတ်လမ်းအကြောင်းပြောရရင်... စိတ်ပိုင်းဖြတ်ပြီး move one လုပ်သွားတဲ့ တက်စ်ဆာဆိုတဲ့ကောင်မလေးကို မမေ့နိုင်သေးတဲ့ ဟာဒင်ရဲ့အကြောင်း.. အရင်လို စိတ်ထင်တိုင်းဝုန်းဒိုင်းကြဲပေါက်ကွဲတတ်တဲ့အချိန်တွေကျော်လွန်ပြီး ရင့်ကျက်တဲ့ လူငယ်စာရေးတစ်ယောက်ဖြစ်လာပြီ... သူ့ခံစားချက်တွေကို အမြဲတမ်း သူ့စာအုပ်တွေထဲမှာပဲ ချရေးရင်း တက်စ်ကို ...
movie
After Everything (2023)
2023
4K HEVC
4.3
After Ever Happy (2022)
After Ever Happy (2022) ================== After ရုပ်ရှင် Franchise ကတော့ After, After We Collided , After We Fell တို့အပြီးမှာ နောက်ဆုံးထွက်လာတဲ့ After Ever Happy ဆိုတဲ့ ၄ ကားမြောက်ရုပ်ရှင်နဲ့ အဆုံးသတ်သွားပါပြီ....ဟာဒင်စေကာ့ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးရဲ့ ဘ၀ထဲကို ၀င်လာတဲ့ တက်စ်ဆာဟာ နှစ်ယောက်အတူတူ လူငယ်ဘ၀ကို အခက်အခဲ အတားဆီး အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်းနဲ့ တည်ငြိမ်တဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ် ။ ဒါပေမယ့် ဟာဒင်ကို တစ်သက်လုံးဖုံးကွယ်လာခဲ့တဲ့ မိဘတွေနောက်ကွယ်က အမှန်တရားကိုသိသွားပြီးနောက်မှာ ... ဟာဒင် တက်စ်တာတို့ရဲ့ ဆက်ဆံရေးဟာလည်း အရင်ကထက် ပိုခက်ခဲတဲ့အခြေအနေကိုရောက်လာပါတယ်.... နှစ်ယောက်သားနေရာတွေပြောင်းကာ တစ်ရောက်တစ်နေရာစီ လမ်းခွဲခဲ့ကြပေမယ့် အချစ်စစ်တို့မှန်ရင် ကံကြမ္မာက ပျော်စရာအဆုံးသတ်ကို ယူလာပေးမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရင်း After ရုပ်ရှင်တွဲတွေကို နှုတ်ဆက်ရပါတော့မယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်)Genre..... ...
movie
After Ever Happy (2022)
5.1
After We Fell (2021)
2019 မှာ အရမ်းအောင်မြင်ခဲ့တဲ့ After ဇာတ်ကားကတော့ 2020 မှာတော့ After we collided ဆိုတဲ့ ဒုတိယကားနဲ့ ဆက်လက်အောင်မြင်ခဲ့ပြန်ပါတယ် အခု 2021 မှာလည်း After we fell ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါပြီ ဒီတစ်ခါမှာတော့ ဟာဒင်နဲ့ တက်ဆာ ဘွဲ့ရခါနီး အချိန်ဆိုတော့ ဘဝရည်မှန်းချက်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပါလာပါပြီအရင်ကတည်းက ရည်မှန်းချက်ကြီးတဲ့ တက်ဆာတစ်ယောက် သူအမြဲသွားချင်ခဲ့တဲ့ စီရာတယ်မှာ job offer ကောင်းကောင်းရလာပါတယ်သူက ဟာဒင်နဲ့အတူ စီရာတယ်ကို သွားချင်ပေမဲ့ ဟာဒင်ကတော့ ဘွဲ့ရပြီးတာနဲ့ နှစ်ယောက်အတူ လန်ဒန်ကို သွားကြဖို့ ရည်ရွယ်ထားခဲ့တာပါဒီလို စိတ်ကူးအိပ်မက်တွေ မတူညီမှု ကြုံလာရတဲ့အခါ တက်ဆာတစ်ယောက် ဘယ်လိုဆုံးဖြတ်မှာလဲဟာဒင်ကရော သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုက်လိုက်လျောလျော ခွင့်ပြုပေးပါ့မလား Relationship တွေမှာ ကြုံလေ့ရှိတဲ့ ဒီလိုအခက်အခဲတွေကို နှစ်ယောက်သား ဘယ်လို ညှိနှိုင်းဖြေရှင်းသွားကြမလဲဆိုတာကို ...
movie
After We Fell (2021)
5.4
Aquamarine (2006)
Aquamarine (2006) ==============ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ...
movie
Aquamarine (2006)
2006
6.5
Think Like a Man (2012)
2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(780 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Think Like a Man (2012)
5
The Grudge 2 (2006)
The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie
The Grudge 2 (2006)
2006
5.6
Be Cool (2005)
ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie
Be Cool (2005)
4.4
[18+] Fifty Shades Freed (2018)
Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ ...
movie
[18+] Fifty Shades Freed (2018)
2018
4K HEVC
5.1
American Pie 4: Band Camp (2005)
American Pie 4: Band Camp (2005) IMDb - 5.1/10_____Rotten - 17% နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(4)ဇာတ်ကားပါ။ American Pie အစကမင်းသားတွေ မပါတော့ဘဲ စတစ်ဖလာက မင်းသားဖြစ်သွားပြီး မူရင်း စတစ်ဖလာရဲ့ ညီအကြောင်းကို ပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်။ စတစ်ဖလာ ဆိုတာ မျိုးနဲ့ ရိုးနဲ့ သောင်းကျန်းသူတွေဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။ File size...(903 MB) Quality...Unrated HDTV Rip 720p Format...mp4 Duration....01:34:10 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
American Pie 4: Band Camp (2005)
2005
5.8
John Tucker Must Die(2006)
ကျောင်းရဲ့အထင်ကရ ဘစ်စကတ်ဘော ကပ္ပတိန်ခေါင်းဆောင်နာမည်က John Tucker....အရပ်က ၆ပေ၀န်းကျင် ရူပါခပ်ဖြောင့်ဖြောင့် ...တစ်ချက်လောက်စိုက်ကြည့်ပြီး ပြုံးရင်းပြောလိုက်တဲ့ စကားလုံးတွေကြောင့် မာနတွေမြေခသွားတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေး....ဥာဏ်ကလည်း ခပ်များများ. ချမ်းသာတဲ့မိသားစု အသိုင်းအ၀န်းက လာတဲ့သူ... ပြောရရင် John က သူ့မှာရှိတဲ့အားသာချက်တွေ အကုန်အသုံးချပြီး မိန်းကလေးတွေကိုတွဲနေတဲ့သူ.....ခုလောလောဆယ်သူ လက်ရှိတစ်ပြိုင်နက် တွဲနေတာ ကောင်မလေး ၃ ယောက်....အဲ့ဒီ ၃ယောက်လုံး အချင်းချင်းမသိနိုင်အောင်လည်း သူကထိန်းထားနိုင်တယ်.... သို့ပေမဲ့ ....တစ်နေ့တော့ သူတွဲနေ့တဲ့ကောင်မလေး ၃ယောက်က John Tucker လူရှုတ်လူပွေတစ်ဦးဖြစ်တဲ့အကြောင်း ကိုသိသွားတယ်.....၀က်သားဒုတ်ထိုး၊ယိုးဒယား သင်္ဘောသီးထောင်း၊ရှောက်သီးသုတ် ဒီသရေစာတွေသာ ဝေစားမယ် အချစ်ကိုတော့ ဝေမစားချင်ကြဘူး ပြောရရင် အချစ်ကြီးတော့အမျက်ကြီးတယ်ပေါ့ဗျာ ဒီတော့ မိန်းကလေး ၃ယောက်ဟာ ခပ်ရိုးရိုးကောင်မလေးတစ်ယောက်နဲ့ပေါင်းပြီး John Tucker ကို ပြန်လက်စား ချေဖို့ စီစဉ်ကြတော့တယ်...ခပ်ရိုးရိုးကောင်မလေးကိုအသုံးချပြီးတော့ John အသည်းကိုကွဲအောင် လုပ်ကြတယ်...သူတို့က အသေးစိတ်အစီအစဉ်တွေဆွဲတယ် အချင်းချင်းတိုင်ပင်တယ် ကိုင်းပြိတ်သတ်ကြီး John Tucker တစ်ယောက် ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး...... John Tucker Must Die ဆိုတဲ့ ဒီကားလေးဟာ ...
movie
2006