Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ariei Umefune
5.9
Lumberjack the Monster (2024)
Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie
Lumberjack the Monster (2024)
2024
6.6
Kumiko, the Treasure Hunter (2014)
IMDb - 6.6/10 Director - David Zellnerဒီဇာတ်ကားလေးကတော့ ခုမီကို ဆိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက် ရတနာတွေကို လိုက်လံရှာဖွေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးမှာ စီးမြောပြီး စိတ်ကူးယဉ်တတ်တဲ့သူများ အကြိုက်တွေ့စေမယ့်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ခုမီကို ဟာ ရတနာရှာဖွေခြင်းကို စွဲလမ်းနေတဲ့သူတစ်ဉီးပါ။ သူကစိတ်ကူးယဉ်ဇာတ်ကားထဲက ရတနာမြေပုံကိုရရှိပြီး အဲဒီရတနာတွေကို ရှာဖွေချင်နေပါတယ်။ အမြဲတမ်း တမှိုင်မှိုင်တတွေတွေနဲ့ လက်တွေ့ဘ၀ကို ဘာတစ်ခုမှစိတ်မပါ၊ အလုပ်ကသူဌေးနဲ့လည်း အဆင်မပြေဖြစ်ပြီး ရတနာတွေရှာဖို့ပဲစိတ်အားထက်သန်နေတဲ့ ခုမီကို တစ်ယောက် တစ်နေ့ကျတော့ ရတနာတွေရှာဖို့မြေပုံထဲကအတိုင်း US ကပြည်နယ်တွေဘက်ကိုထွက်လာပါတော့တယ်။ အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တဲ့အပြင် နဂိုကတည်းကမှ ထုံပေပေနဲ့ ခုမီကို တစ်ယောက် သူယုံကြည်ရာ ရတနာတွေကို တဇောက်ကန်းရှာဖွေပုံကို စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။သရုပ်ဆောင် Rinko Kikuchi ဟာလည်း Main character ဖြစ်တဲ့ ခုမိကို နေရာမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့အပြင် တိတ်ဆိတ်သော၊ အစွဲအလမ်းကြီးသော၊ စိတ်အားငယ်သော၊ ...
movie
Kumiko, the Treasure Hunter (2014)
7.0
Asako I & II(2018)
Asako I & II(2018)IMDb......7.0(unicode)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ မြင်မြင်ချင်းပဲ ချစ်မိသွားကြတယ်။ဘတ်ခုဆိုတဲ့ကောင်လေးဟာ လူထူးဆန်းကောင်လေးတစ်ယောက်ပါ.. ဘာလို့ဆို သူဟာ ဘယ်သူ့မှ မ ပြောဘဲ ပျောက်ချင်ရာပျောက်နေတတ်တဲ့သူ.... တစ်ခါတစ်လေ အိမ်ကနေ မပြောမဆိုနဲ့ထွက်သွားရင်း တစ်လ ကိုးသီတင်းလောက် ပျောက်ချင်ပျောက်နေတတ်သည်။ အိမ်သားများအတွက် မထူးဆန်းတော့။ ဒီလိုနဲ့ ၆ လလောက်ကြာတော့ ဘတ်ခုတစ်ယောက် ပျောက်ချင်းမလှ ပျောက်ပြီး ပြန်ပေါ်မလာတော့။အာဆာကိုဆိုတဲ့ကောင်မလေးအတွက်တော့ ကြေကွဲခြင်းတွေ ထွေးပိုက်ပြီး ကျန်ခဲ့ရတာပေါ့.... ၂ နှစ်လောက်ကြာပြီးနောက် အာဆာကို တစ်ယောက် အံအားသင့်စရာတစ်ခုနဲ့ကြုံရတယ်...ပျောက်သွားတဲ့ ချစ်သူနဲ့တစ်ထေရောထဲတူတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ရသလို သူပျောက်ပြီလို့ ထင်တဲ့ ချစ်သူကလည်း ပြန်ရောက်လာတဲ့နောက်မှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲ ခံစားကြည့်ကြပါ...ဒီကားက အချစ်ရိုမန့်ကားလေးဖြစ်သလို မင်းသားရော မင်းသမီးရော ချောမောလှပကြပါတယ်...တကယ့်ကို ရင်ခုန်စိတ်ကြည်နူးရတဲ့ကားလေးပါ.ပြီးတော့ ဒီဇာတ်ကားဟာ 2019 ခုနှစ်အတွက် Asian Film Awards မှာ ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၄)ဆုနဲ့ ဆန်ကာတင်(၁၀)ဆုလည်းစာရင်း ဝင်ခဲ့တယ်.....ခံစားကြည့်ကြပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်.....(zawgyi)အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင် ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ ...
movie
Asako I & II(2018)