Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ariadna Gil
5.6
Just One Time (2021)
Just One Time [2021] (IMDb 5.7/10)Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ... ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်... ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့ သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်... ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းက သူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်... ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်... စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ... ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့... ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့ လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်... ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ... အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက် သူ့အပေါ်ကျရောက်လာတဲ့ ...
movie
Just One Time (2021)
2021
6.2
Rescue Under Fire (2017)
Original Title: Zona Hotsilအာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ MEDEVAC လို့ခေါ်တဲ့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကိုအဓိက အခြေပြုထားတာပါ။MEDEVAC ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကိုကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန်မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေကကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ်ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။တစ်ဖက်မှာလည်း စခန်းမှာက MEDEVAC ယာဉ် ၂ စီးပဲ ရှိတဲ့အတွက်ဒီပျက်ကျတဲ့တစ်စီးကို မရရအောင် သယ်ထုတ်မယ်ဆိုပြီးမဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ MEDEVAC တပ်ဖွဲ့ရယ်စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကိုရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ဖြတ်သန်းရမလဲ ကယ်ဆယ်ရေးအချိန်မှီလာမလားဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား စသဖြင့်ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စပိန်ဖြစ်ရပ်မှန် စစ်ကားလေးပဲဖြစ်ပါတယ်။IMDB မှာလည်း 6.2 ရရှိထားပါတယ်။ File ...
movie
Rescue Under Fire (2017)
8.2
Pan’s Labyrinth (2006)
ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie
Pan’s Labyrinth (2006)
2006
5.7
The House Among the Cactuses/ La Casa Entre Los Cactus (2022)
september 2022 က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင်ဇတ်ကားဖြစ်ပြီး IMDb rating 5.7/10 ရှိပါတယ်၊ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Carlota Gonzalez-Adrio ဟာ best new director နဲ့ best new film ဆု ၂ဆု အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်၊ ဇာတ်ကားရဲ့နာမည်က ရှားစောင်းပင်တွေကြားက အိမ်...တဲ့ နာမည်ကိုကြည့်လိုက်တာနဲ့တင် ပူပြင်းခြောက်သွေ့နေတဲ့ ပတ်ဝန်းကျင်၊ လူသူအရောက်အပေါက်နည်းတဲ့နေရာက အိမ်တစ်လုံးကို မြင်ယောင်မိမှာပါ၊ အဲ့ဒီအိမ်မှာနေတဲ့ လင်မယားမှာ သမီး ၅ယောက်ရှိတယ်၊ genre က drama, thriller ဆိုတော့ အပေါ်ကမိသားစုနေတဲ့အိမ်လေးမှာ သည်းထိတ်ရင်ဖိုစရာအဖြစ်အပျက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဇာတ်ကားပြီးတဲ့အထိ စိတ်ဝင်တစားနဲ့ဆက်ကြည့်ဖြစ်သွားအောင် ရိုးရိုးလေးပဲ ဆွဲဆောင်သွားပါလိမ့်မယ်၊ ကြည့်ပြီးသွားတဲ့အခါ လူတွေကို အပြင်ပိုင်းအမြင်နဲ့ပဲကြည့်ပြီး လွယ်လွယ်မယုံတတ်ဖို့ကိုလည်း တွေးမိသွားစေလိမ့်မယ်ထင်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး File size…(1.2 GB)/(688 MB) Quality….Webrip 1080p ...
movie
The House Among the Cactuses/ La Casa Entre Los Cactus (2022)