Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aravind Akash
6.9
Guruvayoor Ambalanadayil (2024)
Guruvayoor Ambalanadayil (2024) "ရည်းစားဟောင်း"IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ …အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.15GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Guruvayoor Ambalanadayil (2024)
2024
8.4
Jigarthanda DoubleX (2023)
Jigarthanda DoubleX (2023) IMDb-8.4/10တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size....2.57GB / 1.74GB Quality…1080p WEB DL /720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Jigarthanda DoubleX (2023)
2023
5.9
Tamilarasan (2023)
Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie
Tamilarasan (2023)
2023
5.9
Massu Engira Maasilamani (2015)
Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Massu Engira Maasilamani (2015)
2015
9.1
Maanaadu (2021)
Maanaadu Synopsis===============================Time-loop ဆိုတဲ့အချိန်ကျော့သံသရာကို Edge of Tomorrow,Happy Death Day 1& 2, A Day တို့လို ဟောလိဝုဒ်ဗားရှင်း၊ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာတွေရှိသလို ဒီတစ်ခေါက်မှာတော့ Tamil Time-loopဇာတ်လမ်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb user၁သောင်းခွဲရဲ့ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbusterအဆင့်လို့ ပြောလို့ရအောင် ရုံဝင်ငွေများစွာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ကားပါဒူဘိုင်းမှာအလုပ်လုပ်နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာဆောင်ကနေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်ပေါ်မှာ သူနဲ့.မင်္ဂလာဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့တွေ့ဆုံခဲ့ပါတယ်၊ထိုမှတဆင့် မင်္ဂလာပွဲကိုရောက်၊ သတို့သမီးကို ဖြတ်ခုတ်အပြီးထွက်ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုးပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊ ဒါပေမဲ့ ရဲတွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုကို ကြံနေကြတာပါ၊ ဒါကတော့ ၁၂ကြိမ်မြောက်အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့အစီအစဉ်ပါနဂိုစီစဉ်ထားတဲ့ လုပ်ကြံရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီးသေသွားလို့ အဗ္ဗဒူကိုခြိမ်းခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊အဗ္ဗဒူအနေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့ပေမယ့် အခင်းဖြစ်တဲ့နေရာမှာပဲသေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါပေမဲ့ တကယ်မသေခဲ့ဘဲဆီသာနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ ...
movie
Maanaadu (2021)
2021
7.7
Kasada Tabara (2021)
Kasada Thapara (2021)အခုတစ်ခေါက် CM ပရိသတ်တွေကို တင်ဆက်ပေးမဲ့ဇာတ်ကားကတော့ Kasada Tharapa လို့ အမည်ရတဲ့ အိန္ဒိယ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဒီကားလေးကတော့ အများနဲ့မတူ တစ်မူ ထူးခြားပါတယ် ဇာတ်ကားနာမည်ဖြစ်တဲ့ "Kasada Thapara"ဆိုတဲ့ စကားလုံးလေးကအစ ထူးခြားနေတာမျိုးပေါ့.....တမီးလ် ဘာသာအရဆိုရင် Kasada Tharapa ဆိုတာက "အက္ခရာတွေရဲ့ပုံပြင်"လို့ အဓိပ္ပာယ်ရပါတယ် ဒီမှာ ထင်မိမှာပေါ့အက္ခရာတွေက ဘာများ ထူးခြားနေလို့လဲ..... အဲ့ဒီမေးခွန်းအတွက် အဖြေလာပါပြီCrossword ဆိုတဲ့ ပဟေဠိကို လူတိုင်းဆော့ကြဖူးမယ်ထင်ပါတယ် ပေးထားတဲ့ အဓိပ္ပာယ်နဲ့စာလုံးလေးတွေအတန်းလိုက်ဖြည့်ရတယ် ပြီးရင် ဖြည့်ထားတဲ့ အကွက်လေးထဲကအက္ခရာတစ်လုံးချင်းဆီ ပေါင်းပြီး စာလုံးအသစ်လေးတွေ ရလာတယ် မဟုတ်လားဒီရုပ်ရှင်လေးမှာလည်း ဒီလိုပါပဲ လူခြောက်ယောက်ရဲ့ အဖြစ်အပျက် ကိုယ်စီကို သရုပ်ဖော်ထားမယ် အဲ့ဒီလူခြောက်ယောက်ရဲ့အဖြစ်အပျက်တွေ ဆက်စပ်ဖော်ထုတ်ရင်း နောက်ဆုံး အဖြေကို ရအောင် ရှာဖွေရမှာပဲ ဖြစ်ပါတယ်ဒါပေမဲ့ ဒီလိုရှာဖွေဖို့ကလည်း အခက်အခဲအများကြီးကို ဖြတ်ကျော်ရဦးမှာပါ ...
movie
Kasada Tabara (2021)
2021
7.7
Kaala (2018)
ဇာတ်ကားကောင်း ကြိုက်သူတွေ အတွက်"Kaala" ဆိုတဲ့ ဇာတ်ကားကောင်း၊ဘော်ဒါတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။Reviewတွေလည်း ဖတ်ဖူးကြမှာပါ။ဇာတ်လမ်းအညွှန်း....Kaala ဆိုတာ "Daravi"ဆိုတဲ့ ဆင်းရဲသား ရပ်ကွက်ရဲ့ခေါင်းဆောင်အဖြစ် တင်စားကြတဲ့ "Karrikaalan "ရဲ့ နာမည်တစ်ခုပေါ့။သူဟာ ဒီရပ်ကွက်မှာ ဩဇာညောင်းသူ၊ ဖခင်ဖန်တီးခဲ့တဲ့ မြေကို ဆက်လက်ထိန်းသိမ်း ထားသူပေါ့။Kaala အဖေ ကို သတ်ခဲ့တဲ့ Harri Dada ဆိုတဲ့ ဝန်ကြီး ကလည်း ဒီမြေကို အစိုးရစီမံကိန်းလို့ လိမ်လည်ပြီး အပိုင်စီးချင်နေတယ်။ဆင်းရဲသားတွေကို တိုက်ခန်းတွေပေးမယ် ဘာညာပေါ့။ဒီအကြောင်းတွေကို မသိတဲ့ Zarrina ဆိုတဲ့ မဒမ်ကလည်းဒီစီမံကိန်းကို လူထုအကျိုးပြုအဖြစ် NGO ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်။Zarrenaဆိုတာ အာဖရိက,က လာတာဆိုပေမဲ့သူဟာ ဒါရဗီဇာတိ၊ ဒါရဗီမှာ ရာဇဝင်ကြွေးတွေတောင် ရှိသေး၊ ပြီးတော့မှ နိုင်ငံခြား ထွက်သွားတာ။Harri Dada ရဲ့ အကြံတွေ(နောက်ကွယ်က ကြိုးကိုင်မှု)ကို သိနေတဲ့ Kaala ကတော့ ဒီစီမံကိန်းကို ...
movie
Kaala (2018)
2018